ဆိုက်ကား
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
ဆိုက်ကား (သို့) ဆိုက်ကားပုံစံရှိယာဉ် (အင်္ဂလိပ်: cycle rickshaw or trishaw) သည် ဒေသတွင်း အသေးစား ပို့ဆောင်ရေး ယာဉ်ငယ်တစ်မျိုးဖြစ်သည်။ စက်ဘီး (သို့) စက်ဘီးပုံစံရှိယာဉ်ကို နံဘေးမှ (သို့) နောက်မှ ခရီးသည် လိုက်ပါနိုင်ရန် ဘီးတစ်ဘီးပါသော ဘေးတွဲ (သို့) ဘီးနှစ်ဘီးပါသော နောက်တွဲတစ်ခုကို ကပ်လျက်တပ်ဆင်ထားသည်။ [၁]မြန်မာနိုင်ငံတွင် ဘေးတွဲဖြင့်သာ ပြုလုပ်မောင်းနှင့်ကြသော (စက်ဘီး)ယာဉ်ကို ဆိုက်ကားအဖြစ် ပုံမှန်အားဖြင့် ခေါ်ဝေါ်ကြသည်။ နိုင်ငံတကာတွင် ထိုကဲ့သို့ ပုံစံရှိသော ယာဉ်မျိုးကို အမည်အများအပြားဖြင့် ခေါ်ဝေါ်ကြသည်။
ရှေးယခင်က လူဖြင့်ဆွဲသော လန်ခြားများနှင့်ကွာခြား၍ ဘီးသုံးဘီးပုံစံရှိ ယာဉ်များသည် လူ၏အားကို အသုံးပြုမောင်းနှင်၍ ရွေ့လျားစေသည်။ အခြားသုံးဘီးယာဉ်ပုံစံတစ်ခုမှာ စက်တပ်ယာဉ်ပုံစံဖြစ်သည်။
ခရီးသည်တင်ရန် ရည်ရွယ်ပြုလုပ်ထားသော သုံးဘီးပါစက်ဘီး (tricycle) တစ်မျိုးလည်းရှိ၍ ငှားရမ်းသုံးစွဲကြသည်များလည်း ရှိသည်။
အကျဉ်းဖော်ပြချက်
ပြင်ဆင်ရန်ဆိုက်ကား (သို့) ထိုပုံစံရှိသောယာဉ်ကို ၁၈၈၀ပြည့်နှစ်များတွင် ပထမဆုံးစတင်ပြုလုပ်ခဲ့ကြကာ ၁၉၂၉ တွင် စင်္ကာပူ၌ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြသည်။ ခြောက်နှစ်ခန့်အကြာတွင် လူဆွဲ လန်ခြားများထက် အရေအတွက်များပြားလာခဲ့သည်။ ၁၉၅၀ခန့်တွင် ဆိုက်ကားပုံစံယာဉ်များကို တောင်အာရှ၊ အရှေ့တောင်အာရှတခွင်တွင် တွေ့မြင်နိုင်ခဲ့သည်။ ၁၉၈၀ နှောင်းပိုင်းကာလများတွင်ကမ္ဘာတဝှမ်းလုံး၌ ဆိုက်ကားအရေအတွက် လေးသန်းခန့်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။[၂]
ဤယာဉ်မျိုးကို ပုံမှန်အားဖြင့် မောင်နှင်းသူ၏ ခြေထောက်အသုံးပြု၍ ခြေမောင်းတံများကို လည်ပတ်စေ၍ မောင်းနှင်သည်။ အချို့သောယာဉ်များတွင် စက်တပ်ဆင်၍လည်း လူသက်သာစေရန် မောင်းနှင်ကြသည်။[၃][၄][၅]
ဤပုံစံရှိယာဉ်သည် များသောအားဖြင့် ဘီးသုံးဘီးဖြင့် ဖြစ်သော်လည်း လေးဘီးရှိသော ယာဉ်ပုံစံ (quadracycle) လည်းရှိသည်။ စက်ဘီးအချို့ကို နောက်တွဲယာဉ်အသေးတစ်ခုတပ်ဆင်ကာ မောင်းနှင်သောယာဉ်ကို bicycle trailer ဟူ၍ခေါ်ဝေါ်ကာ ဆိုက်ကားပုံစံရှိယာဉ်အမျိုးအစားတစ်ခုအဖြစ် သတ်မှတ်ကြသည်။[၆] အချို့သော ဆိုက်ကားပုံစံယာဉ်များ၌ လျှပ်စစ် (သို့) ဓာတ်ငွေ့သုံးမော်တာများလည်း တပ်ဆင်အသုံးပြုကြသည်။[၆][၇]
ခရီးသည်တင်သည့်ပုံစံ
ပြင်ဆင်ရန်မောင်းသူ၊ ခရီးသည်တင်သည့် အနေအထားမှာ အမျိုးမျိုးရှိ၏။ ယေဘူယျအားဖြင့် အချို့နိုင်ငံများတွင် မောင်းသူသည် ခရီးသည်များ၏ အရှေ့တွင်ထိုင်၍ မောင်းနှင်သည်။ အချို့သောပုံစံများ၌ မောင်းသူက အနောက်ပိုင်းမှ မောင်းနှင်သည်လည်းရှိသည်။ [၂][၆]မြန်မာနိုင်ငံတွင် အသုံးပြုသော ပုံစံမှာဘေးတွဲဖြစ်သောကြောင့် မောင်းသူသည် ခရီးတင်ခုံ၏ ဘေးတွင်ထိုင်၍ မောင်းနှင်သည်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်စသော အာရှတိုင်းပြည်များတွင် ခရီးသည်တင်ခုံသည် မောင်းသူ၏ နောက်တွင်တည်ရှိသည်။ ဖိလစ်ပိုင်၌ မြန်မာနိုင်ငံကဲ့သို့ ဘေးတွဲ (side car)ပုံစံဖြစ်သည်။ ထိုနည်းတူစွာ စင်္ကာပူရှိ ဆိုက်ကားသည်လည်း မြန်မာတို့ကဲ့သို့ပင်ဖြစ်သည်။[၂]
မြန်မာနိုင်ငံနှင့် ဆိုက်ကား
ပြင်ဆင်ရန်ခေတ်အခြေအနေ
ပြင်ဆင်ရန်၁၃၀၀ ပြည့် အရေးတော်ပုံ အမျိုးသားလွတ်လပ်ရေး အုံကြွလှုပ်ရှားမှုကြီး မန္တလေးမြို့၌ ဖြစ်ပွားသောအခါ မြို့တွင်း၌သွားလာရန် မြင်းတပ်ရထားလုံးနှင့် ဓာတ်ရထားနှစ်မျိုးသာရှိခဲ့သည်။ ရန်ကုန်မြို့တွင် လန်ခြားအသုံးပြု၍ သွားလာကြသည်။ ထိုအရေးတော်ပုံ၌ အမျိုးသားစီးပွားရေးသည် မြန်မာအမျိုးသားများ၏ လက်ထဲ၌သာ ရှိရမည် ဆိုသော မူတစ်ခု ပေါ်လာပြီး သွေးစုပ်ခြယ်လှယ်နေသည့် နိုင်ငံခြားသားပိုင် လုပ်ငန်းတွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခုကို မြန်မာအမျိုးသားများက ဖွင့်ခဲ့ကြသည်။ ယင်းကာလတွင် စက်အားမပါ ၊ လောင်စာဆီမလို ၊ လူအားဖြင့်လှုပ်ရှားမောင်းနှင်သော ဆိုက်ကားယာဉ်ငယ်တစ်မျိုး ပေါ်လာခဲ့သည်။ ဆိုက်ကားသည် စက်ဘီးကိုအခြေခံထား၍ ပေါ်ပေါက်လာခဲ့သည်။ ထိုခေတ်ကာလများ၌ အကောင်းဆုံးစက်ဘီး ရလေး (Raleigh bicycle) စပါယ်ရှယ်သည် တစ်စီး (၁၂၅) ကျပ်သာ တန်ဖိုးရှိ၏။ ဟာကြူလီတံဆိပ် စက်ဘီး၏တန်ဖိုးမှာ ၅၀ကျပ် မှ ၇၀ကျပ်အထိဖြစ်သည်။
ဆိုက်ကားဖြစ်လာခြင်း
ပြင်ဆင်ရန်(၁၉၃၈)တွင် စက်ဘီးအဟောင်းတစ်စီးကို ညောင်ပင်ဈေးက ကားဘော်ဒီဆရာ ဆရာညိုက ဆိုက်ကား(side car)ဆိုသော ဘေးတွဲ တပ်ဆင်ခဲ့သည်။ တပ်ဆင်ခမှာ ဈေးနှုန်းမများသောကြောင့် ငွေကျပ် (၁၀၀-၁၅၀)ဝန်းကျင်ခန့်ဖြင့် ဆိုက်ကားတစ်စီး ရရှိနိုင်ခဲ့သည်။ ထိုငွေပမဏသည် မြန်မာများတတ်နိုင်သော အရင်းအနှီးမျိုးဖြစ်သဖြင့် ဆိုက်ကားအစီးရေ (၁,၀၀၀) ခန့် နေ့ချင်းညချင်း မန္တလေး၌ ပေါ်ပေါက်လာခဲ့သည်။ အားသာသည့်အချက်မှာ (၂)ပြားပေးစီးရသော ဓာတ်ရထားသည် နေရာကြိုကြားကို မရောက်နိုင်သောကြောင့် တန်ဖိုးအတူတူပေးရသော ဆိုက်ကားသည် နေရာစုံကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည်။
မန္တလေးမြို့နှင့် ဆိုက်ကား
ပြင်ဆင်ရန်မန္တလေးတွင် လမ်းများသည် အတက်အဆင်း ၊ အနိမ့်အမြင့် အလွန်နည်းသည်။ မြို့ကို အကွက်ချထားပြီး လမ်းများဖောက်ခြင်း ၊ အကွက်များ၏ အလယ်တွင် ဝင်းများဖြင့် ဖွဲ့စည်းထားသည်။ ဝင်းထဲတွင် အရာရှိကြီးများ နေထိုင်ကြ၏။ မန္တလေးမြို့၏လမ်းများကို အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် တည့်တည့်တန်းတန်းရှိစေရန် တမင်ဖော်၍တည်ဆောက်ထားခြင်း၊ တစ်ပြ နှင့် တစ်ပြ အကွာအဝေးညီများတူညီကြ၍ ဝင်းကြို ဝင်းကြားများလည်း ပေါများသည်။
မန္တလေးမြို့၌ ထိုခေတ်က ဗြိတိသျှအစိုးရက ကျောက်လမ်းမိုင် ၆၀ ခင်းပေးထားသောကြောင့် ဓာတ်ရထားသွားနိုင်သောခရီးမှာ ၆ မိုင်သာလျှင် ရှိသည်။ ဆိုက်ကားသည်ကား မိုင် (၆၀) လုံးကို သွားနိုင်သည့်အပြင် လမ်းမရှိသော ဝင်းကြိုဝင်းကြားထဲ၌လည်း ဝင်ပြီး ပို့ဆောင်ပေးနိုင်သည်။ ဤသို့ဖြင့် မြို့သူမြို့သားများသည် ဆိုက်ကားသာလျှင် စီးခဲ့ကြ၏။
ထိုအချိန်ကာလများ၌ မန္တလေးမြို့သူ မြို့သားများမှာ အမျိုးသားလုပ်ငန်းတစ်ခုဖြစ်သော ဆိုက်ကားယာဉ်ငယ်ကို ဝိုင်း၍ အားပေးသောအခါ ဓာတ်ရထားလုပ်ငန်းကြီးသည် ခွက်ခွက်လန်အောင်ရှုံးသဖြင့် အလုပ်ရပ်နားသွားခဲ့ရလေသည်။ ၁၅၀ကျပ်တန် ၊ ၂၀၀ကျပ်တန် ဆိုက်ကားများဖြင့် မယှဉ်နိုင် ၊ မယှဉ်ဝံ့သောကြောင့် ဓာတ်ရထားကြီး ပိတ်သိမ်းခြင်းအား ကြားမိသောသူများသည် မယုံနိုင်စရာ အနေအထားဖြစ်ခဲ့သည်။[၈]
မန္တလေးမြို့တွင် ထင်ရှားသော ဆိုက်ကားဆရာတစ်ဦးရှိခဲ့သည်။သူ၏နာမည်ကဦးငွေဟုခေါ်သည်။ဆိုက်ကားဖြင့်ခရီးသည်များသွားချင်သည်နေရာကိုလဲပို့ဆောင်ရာတွင် ပူပြင်းလှသောရာသီဥတုတွင် အရိပ်ခိုစရာအရိပ်ရသစ်ပင်များနဲပါးသောကြောင့် မန္တဘေးမြို့တွင် သစ်ပင်များစွာကိုဆိုက်ကားနင်းရင်တဖက်တလမ်းကေန စိုက်ပျိူးခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Oxford English Dictionary : cycle rickshaw (or) bicycle rickshaw is a three-wheeled bicycle for public hire with a covered seat for passengers behind the driver
- ↑ ၂.၀ ၂.၁ ၂.၂ David Edgerton (2011)။ The Shock of the Old: Technology and Global History Since 1900။ Oxford University Press။ p. 46။ ISBN 978-0199832613။
- ↑ Keith၊ Barry (2010-01-11)။ "Solar Rickshaws Ready for Delhi"။ Wired Magazine။ 10 March 2010 တွင် ပြန်စစ်ပြီး။
- ↑ Sustainable Transportation Solution for Auto Rickshaws။ Illinois Institute of Technology (2009)။ 8 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2010 တွင် ပြန်စစ်ပြီး။
- ↑ "The Cycle Rickshaw's Electric Dreams"။ 14 August 2010 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ ၆.၂ Ed Sobey (2009)။ A Field Guide to Automotive Technology။ Chicago Review Press။ pp. 172။ ISBN 978-1556528125။
- ↑ Watson၊ Todd (31 July 2013)။ Electric vehicles become popular in the Philippines။ Inside Investor။ 9 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 August 2013 တွင် ပြန်စစ်ပြီး။
- ↑ လူထု ဒေါ်အမာ (Nov 1993)။ ရတနာပုံ မန္တလေး၊ မန္တလေး၊ကျွန်မတို့ မန္တလေး။ Mandalay: Ludu press & bookshop။