ဆိုက်ဘာတိုက်ခိုက်မှု

ကွန်ပျူတာစနစ်အား တိုက်ခိုက်မှု

ဆိုက်ဘာတိုက်ခိုက်မှု သည် နိုင်ငံများ၊ အမျိုးမျိုးသော အဖွဲ့အစည်းများ၊ အုပ်စုများ မှ ကွန်ပျူတာများ၏ သတင်းအချက်အလက်များ၊ စက်ပစ္စည်းများ၊ ကွန်ပျူတာ ကွန်ယက်များ၊ တစ်ကိုယ်ရေသုံးကွန်ပျူတာများ (personal computers) ကို ပစ်မှတ်ထားကာ စော်ကားတိုက်ခိုက်သော စစ်ပွဲတိုက်ခိုက်မှု ဖြစ်သည်။ ဆိုက်ဘာတိုက်ခိုက်မှုများကို အန္တရာယ်ရှိ၍ သိရှိနိုင်မှုမရှိသော အဖျက်လုပ်ဆောင်မှုများဖြင့် စတင်ပြုလုပ်ကြသည်။ ထိုလုပ်ဆောင်ချက်များသည် ပစ်မှတ်များအတွင်းသို့ ဝင်ရောက်ခြင်း၊ ခိုးယူခြင်း၊ ဖျက်ဆီးခြင်းများကို ဟက်ကင်း (hacking) ဖြင့် လုံခြုံမှုမရှိသောစနစ်အတွင်း၌ လုပ်ဆောင်သည်။ ဤကဲ့သို့သော လုပ်ဆောင်မှုများကို ဆိုက်ဘာတိုက်ပွဲများ ဟုခေါ်ဆိုကြသည်။ ဆိုက်ဘာတိုက်ခိုက်မှုများသည် spyware များကို ကွန်ပျူတာများအတွင်းသို့ ထည့်သွင်းကာ အချက်အလက်များကို ဖျက်ဆီးရန် ကြိုးပမ်းမှု ဖြစ်သည်။

ဗိုင်းရပ်(Virus) ပြင်ဆင်ရန်

ဗိုင်းရပ်သည် မိမိကိုယ်တိုင်ပုံတူပွားနိုင်သည့် ပရိုဂရမ်တစ်ခုဖြစ်သည်။ ထိုဗိုင်းရပ်ပရိုဂရမ်ကိုသည် အခြားသော ပရိုဂရမ်များ၊ ဖိုင်များတွင် တွဲကာ ပျံ့နှံ့ကြသည်။

Worms ပြင်ဆင်ရန်

Worm သည် ကိုယ်တိုင်ပုံတူကူးရန် အခြားသော ပရိုဂရမ်၊ ဖိုင်များ၏ အကူအညီကို မလိုအပ်ပေ။ Worm သည် ကွန်ရက်ပေါ်တွင် ပြန့်ပွားစေရန် protocols များကို အသုံးပြုကြသည်။