ဆိုင်ကလုန်းလိုင်လာ မုန်တိုင်းသည် အိန္ဒိယနိုင်ငံ ကမ်းရိုးတမ်းတလျောက်ရှိ ကုန်းပိုင်းဒေသတွင် ၁ နာရီလျင် ၁၄၀ ကီလိုမီတာ နှုန်းဖြင့် တိုက်ခတ်ခဲ့သည်။

Cyclonic Storm Laila (01B)
ပြင်းထန် ဆိုင်ကလုန်းမုန်တိုင်း (IMD စကေး)
အဆင့် ၁ (Saffir–Simpson scale)
မေ ၁၉ တွင် တွေ့ရသော ဆိုင်ကလုန်းလိုင်လာ
ဖြစ်ပေါ်ခြင်းမေ ၁၇၊ ၂၀၁၀
ကွယ်ပျောက်ခြင်းမေ ၂၁၊ ၂၀၁၀
အမြင့်ဆုံးလေတိုက်နှုန်း3-minute sustained: တစ်နာရီ ၁၀၀ ကီလိုမီတာနှုန်း (တစ်နာရီ ၆၅ မိုင်နှုန်း)
1-minute sustained: ၁၂၀ ကီလိုမီတာနှုန်း (တစ်နာရီ ၇၅ မိုင်နှုန်း)
အနိမ့်ဆုံး လေဖိအား၉၈၆ mbar (hPa)၊ ၂၉.၁၂ inHg
အသေအပျောက်စုစုပေါင်း ၆၅ ဦး
ပျက်စီးမှု$၁၁၇.၄၉ သန်း (၂၀၁၀ USD)
သက်ရောက်သည့် ဧရိယာသီရိလင်္ကာနိုင်ငံအိန္ဒိယနိုင်ငံ

ဆိုင်ကလုန်း လိုင်လာသည် ၂၀၁၀ ခုနစ် မေလ ၁၇ ရက်နေ့က ဘင်္ဂလားပင်လယ်တောင်ပိုင်း လေဖိအားနည်း ရပ်ဝန်းမှ စတင်ဖြစ်ပေါ်ခဲ့ပြီး ၁၈ ရက်နေ့တွင် မုန်းတိုင်းငယ်အဖြစ်သို့ အင်းအားကြီးထွားလာခဲ့ကာ “လိုင်လာ” ဟု အမည် တပ် နိုင်လောက်သည့် အားကောင်းသော အဝါရောင်အဆင့် ရောက်ရှိခဲ့သည်။

“မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်” များ ပါဝင်သည့် သတင်းစာများတွင်မူ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း လိုင်လာ Laila သည် အားကောင်းသည့်အဆင့် ရောက်နေသော်လည်း မြန်မာနိုင်ငံသို့ ဝင်မည် မဟုတ်ဟု ဖော်ပြထားသည်။

ဆိုင်ကလုန်းမုန်တိုင်းအမည် “Laila” သည် ပါကစ္စတန်နိုင်ငံက အကြံပြုထားသည့် အမည်ဖြစ်ပြီး ယခု မုန်တိုင်းပြီး နောက်တကြိမ် မုန်တိုင်းဖြစ်လျှင် သီရိလင်္ကာနိုင်ငံက အကြံပြုထားသော “Bandu” ဟု သတ်မှတ်မှာဖြစ်သည်။

ဘင်္ဂလားပင်လယ်အော် တောင်းပိုင်းမှ စခဲ့သည့် လိုင်လာ ‘Laila’ ဆိုင်ကလုန်း မုန်တိုင်းသည် မေ ၂၃ ရက် တွင် မြန်မာနိုင်ငံ စစ်တွေမြို့ဘက်သို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ပြောခဲ့သည်။