ဆိုင်းရင်းမြို့ ၊ လစ်ဗျားနိုင်ငံ

ဆိုင်းရင်းမြို့ သည် ရှေးခေတ်ဂရိ နှင့် ရောမ မြို့တော်တစ်ခုဖြစ်ပြီး ယနေ့ခေတ် လစ်ဗျားနိုင်ငံ ရှာဟတ် အနီးတွင် တည်ရှိသည်။ ၎င်းသည် ဒေသအတွင်းရှိ ဂရိမြို့တော် ၅ ခုတွင် ရှေးအကျဆုံးနှင့် အရေးအပါဆုံးသော မြို့ဖြစ်သည်။ ထိုမြို့ကို အစွဲပြု၍ လစ်ဗျားအရှေ့ပိုင်းအား ဆိုင်းရင်နိုင်ကာ ဟု ခေါ်ဆိုခဲ့သည်မှာ ယနေ့ထက်တိုင် နာမည်တွင်ခဲ့သည်။ ရှေးခေတ် ဆိုင်းရင်းမြေအောက်ဂူသင်္ချိုင်း အနီးတွင် တည်ရှိသည်။

ဆိုင်းရင်း ရှေးဟောင်းသုတေသနနယ်မြေ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  လစ်ဗျား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း ii, iii, vi
ကိုးကား ၁၉၀
ဒေသ** အာရပ်နိုင်ငံများ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၂  (ဆဋ္ဌမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဆိုင်းရင်းမြို့သည် ဂျီဘဲလ် အက်ကဒါ ကုန်းမြင့် အတွင်းရှိ စိမ်းစိုသော တောင်ကြားတစ်ခုတွင် တည်ရှိသည်။ ထိုမြို့အား ကိုင်ရီ ရေပူစမ်းကို အစွဲပြု၍ အမည်မှည့်ခေါ်ခြင်း ဖြစ်ပြီး ဂရိတို့မှ အပိုလိုနတ်မင်းနှင့် သက်ဆိုင်သည့် မြင့်မြတ်သော နေရာ အဖြစ်သတ်မှတ်ကြသည်။ ဆိုကရေးတီး ၏ တပည့်တစ်ဦးဖြစ်သော အရစ္စတီးပတ်စ် ဘီစီ ၄ ရာစုတွင် တည်ထောင်ခဲ့သည့် ဆိုင်းရင်းနိတ် အတွေးအခေါ်ကျောင်း တည်ရှိရာ နေရာလည်း ဖြစ်သည်။ အာဖရိက၏ အေသင်မြို့ ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ [][][][]