ဆိုဒီယံ မီးလုံးများကို ၁၉၃၂ တွင် ဟော်လန်နိုင်ငံ ရှိ Philips ကုမ္ပဏီ မှ စီးပွားဖြစ်စတင်ရောင်းချခဲ့သည်။ ဆိုဒီယံ မီးလုံးများတွင် LPS (Low Pressure Sodium) နှင့် HPS (High Pressure) ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထားသည်။ ထိုမီးလုံးများသည် မီးလုံးအတွင်းရှိ ဆိုဒီယံသတ္တုကို အပူပေးအငွေ့ပျံစေပြီး လျှပ်စစ်ဓာတ်ဖြတ်စီးစေခြင်းဖြင့် အလင်းရောင်ကို ထုတ်လွှတ်ပေးသည်။ အများအားဖြင့် ထိုမီးလုံးများကို လမ်းမီးများအနေဖြင့် တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။

အစပိုင်းတွင် ဆိုဒီယံ LPS မီးလုံးများကို စတင်တီထွင်အသုံးပြုခဲ့ကြသည်။ သာမန် မီးလုံးများသည် မျက်စိဖြင့်မမြင်နိုင်သော ရောင်စဉ်တန်းကို အခြားတစ်ဖက်တွင် UV အနေဖြင့် အလင်းထုတ်လွှတ် ကြသဖြင့် စွမ်းအင် ဆုံးရှုံးမှုများသည်။ ဆိုဒီယံမီးလုံးများသည် ၎င်းအသုံးပြုသည့် လျှပ်စီးပမာဏကို ပြည့်ဝစွာအသုံးပြုပြီး အလင်းထုတ်ပေးသောကြောင့် အသုံးပြုရာတွင် စွမ်းအင်ဆုံးရှုံးမှုနည်းစေသည်။

အားသာချက်များ

ပြင်ဆင်ရန်
  • ကြီးမားကျယ်ပြန့်သော နေရာများတွင် လင်းအားကောင်းမွန်စွာပေးနိုင်ခြင်း
  • မီးလုံးလင်းရန် စတင်သည့်အချိန်သည် ငါးမိနစ်မှ ဆယ်မိနစ်ခန့် အထိ ကြာနိုင်သော်လည်း မီးမှိတ်ပြီးပြန်ထွန်းပါက ချက်ချင်း ပြန်လင်းနိုင်ခြင်း

ဆိုးကျိုးများ

ပြင်ဆင်ရန်
  • အခြားမီးလုံးများကဲ့သို့ အရောင်ရောနှောရာတွင် အဆင်မပြေနိုင်ခြင်း
  • ဆိုဒီယံသည် လေဖြင့် မီးလောင်နိုင်ခြင်း

LPS(Low Pressure Sodium) မီးလုံးများအလုပ်လုပ်ပုံ

ပြင်ဆင်ရန်
 
A low-pressure sodium streetlamp at full power

LPS မီးလုံးများကိုစတင်ထွန်းညှိချိန်တွင် ၎င်းမီးလုံးအတွင်းရှိ နီယွန်ဓာတ်ငွေ့ကြောင့် အနီရောင်ဖြင့် စတင်လင်းသည်။ နီယွန်ဓာတ်ငွေ့ သည် အပူချိန်အနိမ့်တွင်လည်း လျှပ်ကူးနိုင်သောကြောင့်ဖြစ်သည်။ အပူချိန်များလာပါက ဆိုဒီယံသည် အငွေ့ပျံ၍ မီးလုံးသည် အဝါရောင် အလင်းကို ထုတ်လွှတ်ပေးသည်။

LPS မီးလုံးများ၏ သမိုင်း

ပြင်ဆင်ရန်

၁၉၂၀ ခုနှစ်တွင် Arthur H. Compton သည် Westinghouse တွင် ပထမဆုံးသော ဖိအားနည်းဆိုဒီယံမီးလုံးကို တီထွင်ခဲ့သည်။ လုံးဝိုင်းသော ပုံစံရှိပြီး အစွန်းနှစ်ဖက်တွင် electrote နှစ်ခုစီပါရှိသည်။ ဆိုဒီယံ သတ္တုကို မီးလုံးအလယ်တွင် ထည့်ထားသည်။ ထို့နောက် ထိုသတ္တုကို အပူမြင့်တက်စေကာ အငွေ့ပျံလာပြီး အဝါရောင်အလင်းကို ထွက်ရှိစေသည်။ ထိုမီးလုံးကို လုံးဝန်းသော ပုံစံဖြင့်တည်ဆောက်ထားရခြင်းမှာ မီးပိတ်ပြီးနောက် မီးလုံးအေးလာသောအခါ ဆိုဒီယံအငွေ့များသည် အေးသောနေရာများတွင် အနည်ထိုင်ပြီးခဲနိုင်သည့်သတ္တိရှိသောကြောင့် ဖြစ်သည်။ ထို့ပြင် electrote အစွန်းများတွင်လည်း ဆိုဒီယံများကပ်သောကြောင့် နောက်ပိုင်းတွင် အပူချိန်နှင့် အငွေ့ပျံစေရန် အခက်အခဲများဖြစ်စေသည်။ အချို့ ဆိုဒီယံများသည် ဖန်သားပြင်ကိုပင် မဲမှောင်စေလေသည်။ LPS မီးလုံးများ၏ သမိုင်းကိုတစ်ခေတ်ဆန်းစေခဲ့သည့် Marcello Pirani သည် ၁၉၃၁ ခုနှစ် တွင် ဆိုဒီယံ၏ ဖျက်စီးမှုကိုခုခံနိုင်သော ဖန်တစ်မျိုးကို တီထွင်ခဲ့သည်။ မီးလုံးကို အပူပေးရန်အတွက် မီးဖိုကို အသုံးပြုခဲ့သည်။

နောက်ပိုင်းတိုးတက်ဖြစ်ထွန်းလာမှုများ

ပြင်ဆင်ရန်
  • အပြင်ဘက်လေဟာနယ်ဖြင့်နောက်တစ်ထပ် ထပ်မံ တည်ဆောက်ကာ မီးလုံးအသွင် ဆောင်ရွက်ပြီး အတွင်းပိုင်းသည် ယခင်မီးလုံးများအတိုင်းလုပ်ဆောင်သည်။
  • indium နှင့် tin ဒြပ်သတ္တုအရောကို အပြင်ဘက်ဘက် အကာ၏ အတွင်းပိုင်းတွင် သုတ်ထားခြင်းဖြင့် အလင်းပြန်အားကောင်းမွန်လာပြီး အပူကို ထိန်းသိမ်းထားနိုင်စွမ်းရှိလာခဲ့သည်။

HPS(High Pressure Sodium) မီးလုံးများ

ပြင်ဆင်ရန်
 
High-pressure sodium lamp Philips SON-T Master 600 W

HPS မီးလုံးများသည် LPS မီးလုံးများထက် အရောင်ရောစပ်အသုံးပြုရာတွင်သာလွန်သောကြောင့် အသုံးပြုမှုမြင့်တက်လာခဲ့သည်။ General Electric မှပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် ဈေးကွက်တွင် ရောင်းချခဲ့သည်။

အားသာချက်များ

ပြင်ဆင်ရန်
  • အကျိုးကျေးဇူးများ (watt အားများလေ ပိုလင်းနိုင်လေ)
  • LPS မီးလုံးများ fluorescent မီးချောင်းများထက် အရွယ်အစားသေးငယ်ခြင်း
  • မာကျူရီ အသုံးပြုမီးအလင်းရောင် အစား အသုံးပြုနိုင်ခြင်း
  • LPS မီးလုံးများထက် သက်တမ်းပို၍ ခံနိုင်ခြင်း

ဆိုးကျိုးများ

ပြင်ဆင်ရန်
  • ဟေလိုဂျင် အသုံးပြုမီးချောင်းများဖြင့် နှိုင်းယှဉ်ပါက အရောင်ရောစပ်ရာတွင် ကောင်းမွန်မှုမရှိခြင်း
  • ballast ဟုခေါ်သော ချုပ် များတပ်ဆင်အသုံးပြုရခြင်း(ချုံငုံစဉ်းစားပါက ၎င်းသည် HPS မီးလုံးများ၏ efficiency ကိုကျစေသည် ဟုဆိုနိုင်သည်။)

HPS(High Pressure Sodium) မီးလုံးများအလုပ်လုပ်ပုံ

ပြင်ဆင်ရန်

HPS မီးလုံးများတွင် ကျဉ်းမြောင်းပြီး အတွင်းပိုင်းတွင် လျှပ်ကူးနိုင်သော ပြွန်ချောင်းငယ် (arc tube) ပါရှိသည်။ ၎င်းပြွန်အတွင်းကို ဖိအားမြင့်စွာ ပြုလုပ်ထားသည်။ ထိုထဲတွင် ဆိုဒီယမ်(sodium)၊ မာကျူရီ(mercury)၊ ဇန်နွန်(xenon) gas တို့ကိုထည့်သွင်းထားသည်။ ပြွန်ချောင်းကို အလျူမီနီယံအောက်ဆိုဒ် ကြွေထည်ဖြင့် ပြုလုပ်ထားပြီး ဆိုဒီယံကြောင့် ပျက်စီးစေခြင်းကို ကာကွယ်သည်။

မီးလုံးများသည် ပုံစံအမျိုးမျိုးဖြင့် ရှိသော်လည်း မီးလင်းရန် အများဆုံးအသုံးပြုသည့် နည်းမှာ ဗို့အားမြင့် pulse အား arc tube အတွင်း ဖြတ်သန်းစေခြင်းနည်းဖြင့် ဖြစ်သည်။ ဗို့အားမြင့် pulse ထုတ်ပေးသည့် အရာကို ignitor ဟုလည်းခေါ်ဆိုကြသည်။ စဦးအခြေအနေတွင် ထိုဗို့အားမြင့် pulse သည် လျှပ်စီး(arc ကိုရည်ညွှန်းပါသည်)ကို ဇန်နွန်(xenon) gas အားဖြတ်စီးစေသောကြောင့် မိုးပြာရောင် အလင်းရရှိစေသည်။ ထို့နောက် လျှပ်ကူးမှုသည် မာကျူရီကို ပူစေပြီး အငွေ့ပျံစေကာ အပြာရောင်ကဲ့သို့ရှိသော အလင်းရောင်ကို ဖြစ်ပေါ်စေသည်။ နောက်ဆုံးတွင်မှ ဆိုဒီယံကို အငွေ့ပျံစေကာ အဝါရောင်အလင်းကို မြင်ရစေသည်။ ဆိုဒီယံကို အဖြူရောင်ရလိုက အခြားဒြပ်သတ္တုများ ရောနှောခြင်းဖြင့်ရရှိနိုင်သည်။ မာကျူရီသည် ဆိုဒီယံ၏ အဝါရောင် အလင်းတွင် အပြာရောင် ပါရှိရန်ဆောင်ရွက်ပေးသည်။ မီးလုံးထဲတွင် ကောင်းမွန်ပြီး တည်ငြိမ်သော လေဟာနယ်ရရှိစေရန် အောက်ဆီဂျင်နှင့် မလိုအပ်သော ဓာတ်ငွေ့များကို ကုန်စင်အောင် စုပ်ထုတ်ထားသည်။ ဆိုဒီယံကို arc tube ၏ အဆုံးအစွန်းဘက်တွင် သိုလှောင်သိမ်းစည်းထားသည်။

HPS မီးလုံးများ၏ သမိုင်း

ပြင်ဆင်ရန်

ဆိုဒီယံမီးလုံးများ တီထွင်သည့်သူများသည် ဆိုဒီယံမီးလုံးအတွင်း ဖိအားမြင့်လေလေ လျှပ်စစ်စီးကူးမှုကောင်းပြီး အကျိုးရှိသည်ကို တွေ့ရှိခဲ့ကြသည်။ သို့သော်လည်း မြင့်မားသော ဖိအား၊ အပူချိန်နှင့် ဆိုဒီယံ၏ side effect များကို ခံနိုင်သည့် အရာကို မရှာဖွေနိုင်ခဲ့ကြပေ။ ဆိုဒီယံ မီးလုံးများတီထွင်ပြီး ၃၅ နှစ် အကြာတွင် အတားအဆီးများကို ကျော်လွှားနိုင်သော ဖြစ်နိုင်ခြေရှိသော အတွေးတစ်ခုပေါ်ပေါက်ခဲ့သည်။ နယူးယောက်မြို့ ရှိ Schenectady အနီး General Electric သုသေသနဓာတ်ခွဲခန်းတွင် အလုပ်လုပ်သော သုသေတန ပညာရှင် Robert L.Coble သည် Lucalox ဟု အမည်ပေးထားသော ပစ္စည်းတစ်ခုကို တီထွင်ခဲ့သည်။ Lucalox သည် aluminum oxide ceramic ကို ခေါ်ဆိုခြင်းဖြစ်သည်။ သူ၏ ကြိုးစားအားထုတ်မှုသည် HPS မီးလုံးများ ပေါ်ပေါက်လာစေရန် အကူအညီများစွာ ပေးစွမ်းနိုင်ခဲ့သည်။ Lucalox ကို အသုံးပြု၍ Louden,Schmidt နှင့် Homonnay တို့သည် Ohio ရှိ Nela ပန်းခြံ(General Electric ကုမ္ပဏီပိုင် သုသေတနပြုလုပ်ရာပန်းခြံ)တွင် HPS မီးလုံးကို တီထွင်ခဲ့ကြသည်။ ၁၉၆၄ ခုနှစ် တွင် General Electric ကုမ္ပဏီမှ စီးပွားဖြစ် HPS မီးလုံးများကို ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့ကြသည်။ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း General Electric ကုမ္ပဏီမှ အင်ဂျင်နီယာများက မီးလုံး၏စွမ်းဆောင်ရည်ကောင်းမွန်ရန်နှင့် သက်တမ်းပိုကြာ စေရန် ပြုလုပ်ခဲ့ကြသည်။