ဆိုနာတာ မည်သော‌သီချင်းတစ်မျိုးအကြောင်း အတွက် ဆိုနာတာ ကို ကြည့်ပါ။

ဆိုနာတာပုံစံ သို့မဟုတ် ပထမမုဗ်မန့်ပုံစံ (အင်္ဂလိပ်: Sonata formSonata-Allegro form သို့မဟုတ် First movement form) ဆိုသည်မှာ ဆိုနာတာဟူသောသီချင်းကိုရေးသားရာ၌ အသုံးပြုရေးသားသော ပုံစံတစ်မျိုးဖြစ်သည်။ ထိုပုံစံတွင် ပြသခြင်း၊ ဖွံ့ဖြိုးခြင်း၊ ပြန်လာခြင်း ဟူသောအဓိကအပိုင်းသုံးရပ်ပါဝင်သည်။[]

ဆိုနာတာ၏ အရိုးရှင်းဆုံးပုံကြမ်း[]
ဆိုနာတာပုံစံ (နောက်ထပ်သာဓက)[]
ဆိုနာတာပုံစံ (အကျယ်ချဲ့ထားခြင်း)[]

ဆိုနာတာပုံစံကို အများအားဖြင့် ဆိုနာတာများ၏ ပထမဆုံးမုဗ်မန့်တွင် အသုံးပြုရေးသားလေ့ရှိသည်။ တစ်ခါတစ်ရံတွင် အခြားမုဗ်မန့်များ အထူးသဖြင့် နောက်ဆုံးမုဗ်မန့်တွင် ထည့်သွင်းရေးသားနိုင်သည်။ ထိုပုံစံတွင် အပိုင်းသုံးပိုင်းရှိသည်ဟုဆိုသော်လည်း ပြောင်းလဲရေးသားနိုင်သည်။[] ဆိုနာတာပုံစံသည် အသုံးများလှသောကြောင့် ဆင်ဖိုနီများ၊ ကွန်ချာတို (concerto) စသော သံစုံတီးဝိုင်းကြီးသီချင်းများ၏ ပထမဆုံးမုဗ်မန့်ကို "ဆိုနာတာ" ဟူ၍ပင် အမည်တပ်ရေးသားခဲ့ကြသည်။[]

ပုံစံအကျဉ်းရှင်းပြချက်

ပြင်ဆင်ရန်

ဆိုနာတာမုဗ်မန့်၏အပိုင်းများသည် ဂီတတေးသံကိုမွမ်းမံနိုင်စွမ်းရှိကြသည်။

  • အချို့သောဆိုနာတာများတွင် မိတ်ဆက်ခြင်း (Introduction) ဟူသောအပိုင်းတိုကလေးပါရှိတတ်သည်။ ထိုအပိုင်းသည် အဓိကမုဗ်မန့်ထက် အနည်းငယ်နှေးပါသည်။
  • ပြသခြင်း (Exposition) ဟူသောအပိုင်းသည် အဓိကပါဝင်ရမည့်အပိုင်းဖြစ်သည်။ ထိုအပိုင်းတွင် မုဗ်မန့်တစ်ခုတွင် အဓိကအသုံးချမည့် ပင်မတေးသံကိုပြသသည်။ ထိုအပိုင်းတွင် ကိုဒက်တာ (Codetta) ခေါ် အပိတ်ကလေးဖြင့် အဆုံးသတ်နိုင်သည်။ အဆုံးမသတ်လိုပါက ကူးပြောင်းခြင်း (Transition) အပိုင်းဖြင့် နောက်အပိုင်းကိုချိတ်ဆက်ရမည်။
  • ပြသခြင်းအပိုင်းပြီးသောအခါ ဖွံ့ဖြိုးခြင်းအပိုင်း (Development) ကလိုက်သည်။ ထိုအပိုင်းတွင် အသုံးပြုထားသော ပင်မတေးသံကို မွမ်းမံ‌ပြောင်းလဲ၍‌ရေးသားရသည်။
  • ပြန်လာခြင်း (Recapitulation) သည်အမည်အတိုင်းပင် အသုံးပြုထားသောပင်မတေးသံသည် ပြန်လာလေသည်။ ပြန်လာခြင်းအပိုင်း ပြီးမြောက်စေရန်အတွက် ဖွံ့ဖြိုးခြင်းအပိုင်းမှတေးသံကို တစ်ပိုင်းလုံးသော်လည်းကောင်း တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း ပင်မကီး (Home key) ဖြင့်ပြန်လည်၍ရေးသားရသည်။
  • တစ်ခါတစ်ရံတွင် ပြန်လာခြင်းအပိုင်း၏ အနောက်၌ ကိုဒါခေါ် ပိတ်ခြင်း (Coda) အပိုင်းဖြင့် မုဗ်မန့်ကိုပြီးဆုံးစေသည်။

အကျယ်ရှင်းပြချက်

ပြင်ဆင်ရန်

မိတ်ဆက်ခြင်း

ပြင်ဆင်ရန်

မိတ်ဆက်ခြင်း (Introduction) အပိုင်းကို အနည်းငယ်တိုတောင်းသောကြောင့် ထည့်သွင်းရန်မလိုပေ။ ဗုဗ်မန့်တစ်ခုတွင် အသုံးပြုမည့်တေးသံသည် သီးသန့်ရပ်တည်နိုင်စွမ်းမရှိသောအခါ မိတ်ဆက်ခြင်းအပိုင်းကို ထည့်သွင်းနိုင်သည် (သာဓက- ဟိုင်ဒင်၏ ဆင်ဖိုနီ အမှတ် ၁၀၃)။ အချို့သောသီချင်းများတွင်မူ မိတ်ဆက်ခြင်းအပိုင်းကို ပြန်လည်အသုံးပြုထားသည်။ ဘီသိုဗင်၏ "စန္ဒရားဆိုနာတာ အမှတ် ၈" တွင် မိတ်ဆက်ခြင်းအပိုင်းကို ဖွံ့ဖြိုးခြင်းအပိုင်းတွင် ပြန်လည်အသုံးပြုရေးသားထားသည်။

ပြသခြင်း

ပြင်ဆင်ရန်

ပြသခြင်းအပိုင်း (Exposition) သည် အမည်အတိုင်းပင် မုဗ်မန့်တစ်ခုတွင် အဓိကအသုံးပြုမည့် ပင်မတေးသံကလေးကို ပြသ,သကဲ့သို့ ရေးသားရမည်။ ထိုအပိုင်းကို အောက်ပါအတိုင်းထပ်မံခွဲခြားနိုင်သည်။

 
ဟိုင်ဒင်၏ ဆိုနာတာ (ကတ်တလောက်: Hob. XVI: G1, I) ဘား ၁ မှ ၁၂ မှ ပင်မတေးသံ Play .[]
  • ပထမတေးသံအုပ်စု (First subject group)- ထိုအပိုင်းငယ်သည် Tonic ကီးဖြင့်ရေးသားထားသော တေးသံများအားလုံးကို ရည်ညွှန်းသည်။
 
ဘား ၁၃-၁၆ တွင် ဒုတိယတေးသံသို့ ပြောင်းလဲလာသည်။  Play .
  • ကူးပြောင်းခြင်း (Transition)- ထိုအပိုင်းငယ်သည် ပ‌ထမတေးသံမှ ဒုတိယတေးသံသို့ ကီးပြောင်းလဲပေးခြင်းဖြင့် ချိတ်ဆက်ပေးပါသည်။
 
ဒုတိယတေးသံနှင့် ထိုတေးသံ၏အဆုံး (ဘား ၁၇-၂၈) Play 
  • ဒုတိယတေးသံအုပ်စု (Second Subject group)- ထိုအပိုင်းငယ်သည် ပထမတေးသံအုပ်စုနှင့်မတူဘဲ ကီး၊ တေးသံအသွင်အပြင် စသောနေရာတို့တွင် ကွာခြားပါသည်။
  • ကိုဒက်တာ (Codetta)- ထိုအပိုင်းငယ်သည် ပြသခြင်းအပိုင်းပြီးဆုံးရန် ‌ပြုလုပ်သည်။ ကော့ဒ်များရေးသားခြင်းဖြင့် ထိုအပိုင်းကို ပိတ်ပေးနိုင်သည်။ တစ်ခါတစ်ရံတွင် ကိုဒက်တာအပိုင်းမပါဘဲရပ်နိုင်ပြီး နောက်အပိုင်းကိုကူးပြောင်းနိုင်သည်။

ဆိုနာတာတီးခတ်ရာတွင် ထိုအပိုင်းကို နောက်ထပ်ပြန်ကျော့၍ တီးခတ်လေ့ရှိသည်။ ထိုသို့တီးခတ်ရာတွင် ထိုအပိုင်း၏နောက်ဆုံးဘားများတွင် အနည်းပြောင်းလဲမှုများရှိနိုင်သည်။

ဖွံ့ဖြိုးခြင်း

ပြင်ဆင်ရန်

ဖွံ့ဖြိုးခြင်းအပိုင်း (Development) သည် ဒုတိယအရေးကြီးသောအပိုင်းဖြစ်သည်။ ထိုအပိုင်းသည် ပြသခြင်းအပိုင်းတွင် ပြီးဆုံးသွားသောကီးဖြင့် ရေးသားသည်။ ထို့အပြင် မိမိကြိုက်နှစ်သက်သလို ရေးသားနိုင်သောကြောင့် ဖွံ့ဖြိုးခြင်းအပိုင်းကို ဂီတသဘောအရ တည်မြဲခြင်းမရှိဟု ဆိုကြသည်။ ဖွံဖြိုးခြင်းအပိုင်း၏အလျားသည် မိမိရေးသားနိုင်မှုအပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။ မိုးဇတ်၏ "Eine kleine Nachtmusik" သီချင်း၏ ပထမမုဗ်မန့်တွင် ဖွံ့ဖြိုးခြင်းအပိုင်းသည် ပြသခြင်းအပိုင်းထက် အနည်းငယ်တိုတောင်းပါသည်။ ဘီသိုဗင်၏ တတိယဆင်ဖိုနီ၏ ပထမမုဗ်မန့်တွင် ဖွံ့ဖြိုးခြင်းအပိုင်းကို ရှည်လျားစွာရေးသားထားသည်။ ကလက်ဆီကယ်ခေတ်နှောင်ပိုင်းတွင် ဖွံ့ဖြိုးခြင်းအပိုင်းတွင် နောက်ထပ်ပြသခြင်းအပိုင်းကို ထပ်မံထည့်သွင်းရေးသားလာကြသည်။[]

 
ဟိုင်ဒင်၏ ဆိုနာတာမှ ဖွံ့ဖြိုးခြင်းအပိုင်း (ဘား ၂၉-၅၃) Play .[]

ဖွံ့ဖြိုးခြင်းအပိုင်း၏ နောက်ဆုံး၌ ပြန်လည်ကူးပြောင်းခြင်း (Retransition) တည်ရှိသည်။ ထိုအပိုင်းငယ်သည် ပြန်လာခြင်းအပိုင်းကို ပြင်ဆင်ရေးသားရန်အတွက် ကီးကိုပြောင်းလဲပေးပါသည်။ တစ်ခါတစ်ရံတွင် ထိုအပိုင်းငယ်ကို ပြန်လာခြင်းအပိုင်းအသွင်ဆောင်၍လည်း ရေးသားနိုင်သည် (သာဓက- ဟိုင်ဒင်၏ String Quartet in G major၊ Op. 76 No. 1.)။

 
ပြန်လည်ကူးပြောင်းခြင်းအပိုင်း (ဘား ၅၄-၅၇)  Play .[]:140

ပြန်လာခြင်း

ပြင်ဆင်ရန်
 
ဟိုင်ဒင်၏ ဆိုနာတာမှ ပြန်လာခြင်းအပိုင်း (ဘား ၅၈-၈၀) Play .[]

ပြန်လာခြင်းအပိုင်း (Recapitulation) သည်ပြသခြင်းအပိုင်းကို ပြန်ကျော့ခြင်းပင်ဖြစ်သည်။ ပြသခြင်းအပိုင်းမှ အပိုင်းငယ်များအားလုံးကို ပြန်လည်ရေးသားရသည်။ ဒုတိယတေးသံအုပ်စုအပိုင်းငယ်ကိုမူ ပင်မကီး (Home key) ဖြင့်ပြန်လည်ရေးသားရသည်။ ထိုသို့ရေးသားခြင်းဖြင့် သီချင်း၏အရသာကို ထိန်းညှိပေးနိုင်သည်။ ပြန်လာခြင်းအပိုင်းကို ရေသားပြီးဆုံးစေခြင်းဖြင့် ဆိုနာတာမုဗ်မန့်ကို ပြည့်စုံပြီဟု သတ်မှတ်နိုင်သည်။

 
မိုးဇတ်၏ ဆိုနာတာ (ကတ်တလောက်: K. 309) မှ ကိုဒါအပိုင်း Play .[]:151

ကိုဒါ (Coda) ကို ကလက်ဆီကယ်ခေတ်ဂီတများတွင် မထည့်သွင်းကြသော်လည်း ၁၉ ရာစု တေးဂီတများတွင် အရေးပါသော အပိုင်းကဏ္ဍတစ်ခု ဖြစ်လာခဲ့သည်။ ကိုဒါသည် ပြန်လာခြင်းအပိုင်း၏ အနောက်၌ရှိပြီး မုဗ်မန့်ကိုချဲ့ထွင်နိုင်သောသဘောရှိသည်။

ပြောင်းလဲနိုင်မှုများ

ပြင်ဆင်ရန်

ပြသခြင်းအပိုင်းတွင်အခြားကီးများသို့ပြောင်းလဲခြင်း

ပြင်ဆင်ရန်

ပြသခြင်းအပိုင်းတွင် ဒုတိယတေးသံကိုရေးသားသောအခါတွင် Dominant key သို့ပြောင်းလဲရေးသားရသည်။ သို့သော် ဘီသိုဗင်၏ စန္ဒရားဆိုနာတာ အမှတ် ၂၉ ၏ ပထမမုဗ်မန့်တွင် B♭ major ၏ Dominant ကီးဖြစ်သော F major အစား G major ဖြင့်ပြောင်းလဲရေးသားသည်။ ရှိုပန်၏ စန္ဒရားဆိုနာတာအမှတ် ၁ တွင် ကီးကိုမပြောင်းလဲဘဲ C minor အတိုင်းသာထား၍ရေးသားထားသည်။

ချိုင်ကော့ဖ်စကီ (Tchaikovsky) ၏ ဆင်ဖိုနီ အမှတ် ၄ ၏ ပထမမုဗ်မန့်တွင် ပထမတေးသံအုပ်စုကို F minor မှ G# minor သို့လည်းကောင်း၊ ဒုတိယတေးသံအုပ်စုကို B major ဖြင့်လည်းကောင်း ပြောင်းလဲရေးသားခဲ့သည်။ ပြန်လာခြင်းအပိုင်းတွင်လည်း D minor ဖြင့်စ၍ F major သို့ပြောင်းလဲကာ နောက်ဆုံး၌ F minor သို့ပြန်လည်ပြောင်းလဲခဲ့သည်။

ပြသခြင်းအပိုင်းတွင်ကီးနှစ်ခုထက်ပိုခြင်း

ပြင်ဆင်ရန်

တေးရေးဆရာ ဖရန့်ဇ် ရှူးဘတ်သည် ပြသခြင်းအပိုင်းတွင်ပင် ကီးများကိုသုံးခုထက်ပို၍‌ ရေးသားခဲ့သည်။ သူ၏ "String Quartet No. 14 in D minor" ၏ပထမမုဗ်မန့်တွင် D minor၊ F major၊ နှင့် A minor ဟူ၍ကီးသုံးမျိုးဖြင့်ရေးသားထာပါသည်။[] ရှိုပန်၏ Piano Concerto No. 2 in F minor တွင်လည်း F minor၊ A♭ major နှင့် C minor တို့ဖြင့်ရေးသားထားသည်။

"ကီးအမှား" ဖြင့်ပြန်လာခြင်း

ပြင်ဆင်ရန်

ပြန်လာခြင်းအပိုင်းတွင် ပြန်လည်ရေးသားသောတေးသံကို Tonic key ဖြင့်ပြန်လည်ရေးသားလေ့ရှိသော်လည်း မိုးဇတ်၏ စန္ဒရားဆိုနာတာ အမှတ် ၁၆ (K. 545) ၏ ပထမမုဗ်မန့်တွင် Tonic ဖြစ်သော C major အစား Subdominant ဖဖြစ်သော F major ဖြင့်ပြန်လည်ရေးသားထားသည်။ ကလက်ဆီကယ်ခေတ်ဂီတများတွင် Tonic အစား Subdominant ဖြင့်သာအစားထိုးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အခြားကီးများဖြင့် အစားထိုးရေးသားခဲ့လျှင် မူလ Tonic ကီးသို့ပြန်လည်ပြောင်းလဲရန် ခက်ခဲသည်ဟူ ယူဆခဲ့သောကြောင့်ဖြစ်သည်။ ၁၈၂၅ နောက်ပိုင်းတွင် ပြန်လာခြင်းအပိုင်းကို နှစ်သက်ရာကီးများဖြင့် ရေးသားနိုင်လာကြသည်။

ဆက်စပ်သောပုံစံများ

ပြင်ဆင်ရန်

ဆိုနာတာပုံစံသည် နှစ်ပိုင်းပုံစံ (Binary form) နှင့် သုံးပိုင်းပုံစံ (Ternary form) တို့ဖြင့်ဆက်နွယ်မှုရှိသည်။ ကီး‌ပြောင်းလဲပုံသဘောအရကြည့်ရှုလျှင် ဆိုနာတာသည် နှစ်ပိုင်းပုံစံကဲ့သို့ဖြစ်သည်။ ပထမအပိုင်းသည် Tonic key မှ Dominant key သို့ ပြောင်းသွားခြင်းနှင့် ဒုတိယအပိုင်းမှာ Dominant key မှ Tonic key သို့ပြန်ပြောင်းသွားခြင်းတို့ဖြစ်ကြသည်။ အပိုင်းခွဲခြင်းဖြင့်ကြည့်ရှုလျှင် ပြသခြင်း၊ ဖွံ့ဖြိုးခြင်း၊ ပြန်လာခြင်း ဟူသောအပိုင်းသုံးရပ်ရှိနေသောကြောင့် ဆိုနာတာသည် သုံးပိုင်းပုံစံကဲ့သို့ ဖြစ်နေပါသည်။

တေးရေးဆရာဖြစ်သူ ဒိုမေနီကို စကာလာ့တီသည် အပိုင်းနှစ်ပိုင်းပါရှိ‌သော ဆိုနာတာများကို ရေးသားခဲ့ရာ ထိုဆိုနာတာပုံစံအတွက် စံနမူနာကောင်းများဖြစ်လာခဲ့သည်။

ကိုးကားချက်များ

ပြင်ဆင်ရန်
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ Benward; Saker (2009)။ Music in Theory and Practice: Volume II (8th ed.)။ ISBN 978-0-07-310188-0
  2. White၊ John D. (1976)။ The Analysis of MusicISBN 0-13-033233-X
  3. Kostka၊ Stefan; Payne၊ Dorothy (1995)။ Tonal Harmony (3rd ed.)။ McGraw-Hill။ p. 346ISBN 0-07-300056-6
  4. Benjamin၊ Thomas; Horvit၊ Michael; Nelson၊ Robert (2003)။ Techniques and Materials of Music (7th ed.)။ Thomson Schirmer။ p. 289။ ISBN 0495500542
  5. Rosen၊ Charles (1988) [1980]။ Sonata Forms (revised ed.)။ New York: Norton။ p. 1
  6. Wingfield, Paul (2008). "Beyond 'Norms and Deformations': Towards a Theory of Sonata Form as Reception History". Music Analysis 27 (1): 137–177. doi:10.1111/j.1468-2249.2008.00283.x. ISSN 0262-5245. 
  7. Wolff၊ Christoph (1982)။ "Schubert's Der Tod und das Mädchen: analytical and explanatory notes on the song D. 531 and the quartet D. 810"။ in Eva Badura-Skoda; Peter Branscombe (eds.)။ Schubert Studies: Problems of Style and Chronology။ pp. 143–171။