ဆိုဖီယာ အန်ဒရူကိုဗစ်ခ်ျ

ယူကရိန်း ဘာသာပြန်စာရေးဆရာ

ဆိုဖီယာ ယူရီယစ်ဗနာ အန်ဒရူကိုဗစ်ခ်ျ (ယူကရိန်း: Софі́я Ю́ріївна Андрухо́вич, ၁၉၈၂၊ နိုဝင်ဘာ ၁၇ ဖွား) သည် ယူကရိန်းလူမျိုး ဘာသာပြန်စာရေးဆရာတစ်ဦးဖြစ်သည်။ ခင်ပွန်းဖြစ်သူ အန်ဒရီယာ ဗွန်ဒါရ်သည်လည်း စာရေးဆရာတစ်ဦးပင်ဖြစ်သည်။

ဆိုဖီယာ အန်ဒရူကိုဗစ်ခ်ျ
၂၀၁၅ ခုနှစ်က ဆိုဖီယာ အန်ဒရူကိုဗစ်ခ်ျ
မွေးဖွား (1982-11-17) ၁၇ နိုဝင်ဘာ၊ ၁၉၈၂ (အသက် ၄၁)
အီဗန်နို ဖရန်ကစ်ဗ်စ်၊ ယူကရိန်းနိုင်ငံ
အလုပ်အကိုင်ဘာသာပြန်စာရေးဆရာ

ဘဝနှင့် ဆောင်ရွက်ချက်များ ပြင်ဆင်ရန်

ဆိုဖီယာ အန်ဒရူကိုဗစ်ခ်ျကို ၁၉၈၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ယူကရိန်းနိုင်ငံ၊ အီဗန်နို ဖရန်ကစ်ဗ်စ်မြို့၌ မွေးဖွားသည်။ ဖခင်ဖြစ်သူမှာ စာရေးဆရာ ယူရီ အန်ဒရူကိုဗစ်ခ်ျဖြစ်သည်။ စာရေးဆရာ အန်ဒရီယာ ဗွန်ဒါရ်နှင့် လက်ထပ်ပြီး ၂၀၀၈ ခုနှစ် မတ်လ ၁၀ ရက်တွင် ဗာရ်ဗာရာဟူသော သမီးတစ်ယောက် မွေးဖွားသည်။

အန်ဒရူကိုဗစ်ခ်ျသည် လစဉ်ထုတ်စာစောင် Chetver ၏ လက်ထောက်တည်းဖြတ်သူဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် သူ၏ဝတ္ထု Felix Austria သည် ဘီဘီစီ ယူကရိန်း၏ ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံးစာအုပ်အဖြစ် ရွေးချယ်ခံရသည်။[၁] ၂၀၂၁ ခုနှစ် မတ်လတွင် အမျိုးသမီးအနုပညာရှင်ဆု (စာပေ) ရရှိခဲ့သည်။[၂]

ပြုစုထုတ်ဝေမှုများ ပြင်ဆင်ရန်

စကားပြေ ပြင်ဆင်ရန်

  • Літо Мілени (ကီးယက်၊ ၂၀၀၂)
  • Старі люди (အီဗန်နို ဖရန်ကစ်ဗ်စ်၊ ၂၀၀၃)
  • Жінки їхніх чоловіків (အီဗန်နို ဖရန်ကစ်ဗ်စ်၊ ၂၀၀၅)
  • Сьомга (ကီယက်၊ ၂၀၀၇)
  • Фелікс Австрія, English: Felix Austria (လဗစ်ဗ်၊ ၂၀၁၄).

ဘာသာပြန် ပြင်ဆင်ရန်

  • မနွဲလာ ဂရတ်ကိုစကာ၏ Європейка (ပိုလန်ဘာသာစကားမှ)
  • ဂျေကေရိုးလင်း၏ Гаррі Поттер і келих вогню (ဗစ်တော်ရ် မိုရိုဇိုဗ်နှင့်တွဲဖက်၍ အင်္ဂလိပ်ဘာသာစကားမှ)

ကိုးကား ပြင်ဆင်ရန်

References ပြင်ဆင်ရန်

  1. "BBC Ukrainian Book of the Year 2014 and Book of the Decade winners named"၊ The Financial၊ 13 December 2014။ 
  2. Winners of Women in Arts Award 2021 announced။ Ukrinform (15 March 2021)။ 16 May 2021 တွင် ပြန်စစ်ပြီး။