ဆိုးဖက်ဂျ်
ဆိုးဖက်ဂျ် (solfège- UK: /ˈsɒlfɛdʒ/၊[၁] US: /sɒlˈfɛʒ/၊ ပြင်သစ်: [sɔlfɛʒ]) သို့မဟုတ် ဆိုဖက်ဂျီယို (solfeggio /sɒlˈfɛdʒioʊ/၊ အီတလီ: [solˈfeddʒo]) ဆိုသည်မှာ ဂီတနုတ်များကို သင်ကြားပေးသောနည်းလမ်းတစ်မျိုးဖြစ်သည်။ ဆို-ဖာ (sol-fa၊ solfa၊ solfeo) ဟူ၍လည်းခေါ်ဆိုကြသည်။ ဆိုးဖက်ဂျ်သည် solmization ခေါ် ဂီတနုတ်များကိုအသံထွက်ဖြင့် မှတ်သားခြင်းနည်းလမ်းတစ်မျိုးဖြစ်သည်။
ဂီတစကေး (music scale) ၌ရှိကြသောနုတ်များကိုမှတ်သားနိုင်ရန်အတွက် နုတ်တစ်ခုစီကိုအသံထွက်များဖြင့် အမည်ပေးထားသည်။ အင်္ဂလိပ်စကားပြောနိုင်ငံများ၏ မှတ်သားမှုမှာ "ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ တီ" (do၊ re၊ mi၊ fa၊ so(l)၊ la၊ si (သို့မဟုတ် ti)) ဟူ၍ဖြစ်သည်။[၂]
ဝေါဟာရရင်းမြစ်
ပြင်ဆင်ရန်ဆိုးဖက်ဂျ်ဟူသောဝေါဟာရသည် ထို "ဒို၊ ရေ၊ မီ" ဟူသောအခေါ်အဝေါ်များမှ "ဆို" နှင့် "ဖာ" မှယူထားခြင်းဖြစ်သည်။[၃][၄]
အခေါ်အဝေါ်ဖြစ်ပေါ်လာပုံ
ပြင်ဆင်ရန်၁၁ ရာစုခန့် အီတလီနိုင်ငံတွင် ဂီတသီအိုရီပညာရှင်ဖြစ်သူ ဂွီဒို မိုနာကိုသည် ဂီတနုတ်များကိုလွယ်လွယ်ကူကူမှတ်သားနိုင်ရန် နည်းလမ်းတစ်မျိုကို တီထွင်ခဲ့လေသည်။ လက်တင်သီချင်း "Ut queant laxis" ဟူသောသီချင်း၏စာသားမှ ပထမဆုံးအသံထွက်များကိုယူခဲ့ရာ "အု(တ်)-ရေ-မီ-ဖာ-ဆို-လာ" (Ut-Re-Mi-Fa-Sol-La) ဟူ၍ ရရှိလာခဲ့သည်။[၅][၆]
Ut queant laxīs resonāre fībrīs
Mīra gestōrum famulī tuōrum,
Solve pollūtī labiī reātum,
Sancte Iōhannēs.
၁၆၀၀ ခုနှစ်ဝန်းကျင်တွင် ဂီတဗေဒပညာရှင်ဖြစ်သော ဂျိုဗာနီ ဘာတီစတာ ဒိုနီ (Giovanni Battista Doni) သည် သူ၏အမည်ကိုအခြေခံ၍ "အု(တ်)" မှ "ဒို" (Do) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ခုနှစ်ခုမြောက်နုတ်ဖြစ်သော "စီ" (Si) ကိုလည်း ထည့်သွင်းခဲ့ပြီး "Sanctus Iohannes" မှ အစအက္ခရာများကို ယူထားခြင်းဖြစ်သည်။[၆] အင်္ဂလိပ်လူမျိုး ဂီတဆရာမဖြစ်သော ဆာရာ ဂလိုဗာ (Sarah Golver) ကမူ နုတ်များသည်မတူညီသောအက္ခရာများနှင့် စသင့်သည်ဟုဆိုခဲ့၍ "စီ" မှ "တီ" (Ti) သို့ပြောင်းလဲခဲ့ရာ အင်္ဂလိပ်စကားပြောကြသောလူတို့သည် "စီ" အစား "တီ" ဟုသီဆိုကြလေသည်။
အမျိုးအစားများ
ပြင်ဆင်ရန်ဆိုးဖက်ဂ်ျစနစ်ကို ယခုတိုင်အသုံးပြုလျက်ရှိသည်။ ဒိုကိုအသေမထားခြင်း (Moveable do) နှင့် ဒိုကိုအသေထားခြင်း (Fixed do) ဟူ၍ နှစ်မျိုးရှိသည်။[၇]
အသေမထားထားသောဒို
ပြင်ဆင်ရန်ထိုစနစ်ကို အမေရိကန်နိုင်ငံ၊ ဂျာမန်နိုင်ငံများနှင့် ဓနသဟာယနိုင်ငံများ တွင်အသုံးပြုကြသည်။
မေဂျာ
ပြင်ဆင်ရန်ထိုစနစ်တွင် မည်သည့်ကီးတွင်မဆို ပထမအသံကို "ဒို" ဟူ၍သီဆိုရသည်။ ထို့အပြင် နုတ်များအားလုံးကိုလည်းကိုယ်ပိုင်အမည်များ ပေးထားသည်။
မေဂျာစကေး ဒီဂရီ | အသံထွက် | ဒိုမှ အသံတစ်ဝက်တိုးခြင်းအကြိမ် | အင်္ဂလိပ်အသံထွက် |
---|---|---|---|
1 | ဒို (Do) | 0 | /doʊ/ |
Raised 1 | ဒီ (Di) | 1 | /diː/ |
Lowered 2 | ရာ (Ra) | 1 | /ɹɑː/ |
2 | ရေ (Re) | 2 | /ɹeɪ/ |
Raised 2 | ရီ (Ri) | 3 | /ɹiː/ |
Lowered 3 | မေ/ မာ (Me/ Ma) | 3 | /meɪ/ (/mɑː/) |
3 | မီ (Mi) | 4 | /miː/ |
4 | ဖာ (Fa) | 5 | /fɑː/ |
Raised 4 | ဖီ (Fi) | 6 | /fiː/ |
Lowered 5 | ဆေ (Se) | 6 | /seɪ/ |
5 | ဆို (Sol) | 7 | /soʊ/ |
Raised 5 | ဆီ (Si) | 8 | /siː/ |
Lowered 6 | လေ/ လို (Le/ Lo) | 8 | /leɪ/ (/loʊ/) |
6 | လာ (La) | 9 | /lɑː/ |
Raised 6 | လီ (Li) | 10 | /liː/ |
Lowered 7 | တေ/ တာ (Te/ Ta) | 10 | /teɪ/ (/tɑː/) |
7 | တီ (Ti) | 11 | /tiː/ |
မိုင်နာ
ပြင်ဆင်ရန်မိုင်နာကီးတွင်မူ "လာ၊ တီ၊ ဒို" ဟူသောအစီအစဉ်ဖြင့်လည်းကောင်း "ဒို၊ ရေ၊ မီ" ဟူသောအစဉ်ဖြင့်လည်းကောင်း ရေးသားနိုင်သည်။ C major မှ C minor သို့ပြောင်းလိုက်သောအခါ ဆင်တူကီးဖြစ်သော E-flat major သို့ပြောင်းသွားသည်။ သိုဖြစ်ရာ C သည် E-flat အတွက် "လာ" အသံဖြစ်နေပါသည်။
နက်ထရယ် မိုင်နာစကေး ဒီဂရီ | "လာ" မှ စခြင်း | "ဒို" မှ စခြင်း |
---|---|---|
Lowered 1 | လေ/ လို (Le/ Lo) | တီ (Ti) |
1 | လာ (La) | ဒို (Do) |
Raised 1 | လီ (Li) | ဒီ (Di) |
Lowered 2 | တေ/ တာ (Te/ Ta) | ရာ (Ra) |
2 | တီ (Ti) | ရေ (Re) |
3 | ဒို (Do) | မီ/ မာ (Me/ Ma) |
Raised 3 | ဒီ (Di) | မီ (Mi) |
Lowered 4 | ရာ (Ra) | မီ ( Mi ) |
4 | ရေ (Re) | ဖာ (Fa) |
Raised 4 | ရီ (Ri) | ဖီ (Fi) |
Lowered 5 | မေ/ မာ (Me/ Ma) | ဆေ (Se) |
5 | မီ (Mi) | ဆို (Sol) |
6 | ဖာ (Fa) | လေ/ လို (Le/ Lo) |
Raised 6 | ဖီ (Fi) | လာ (La) |
Lowered 7 | ဆေ (Se) | လာ (La) |
7 | ဆို (Sol) | တေ/ တာ (Te/ Ta) |
Raised 7 | ဆီ (Si) | တီ (Ti) |
အသေထားသောဒို
ပြင်ဆင်ရန်ထိုစနစ်တွင် စီမေဂျာ (C major) ကိုအခြေပြု၍ ဒိုရေမီဟူ၍ အစဉ်တပ်ပါသည်။ ထိုစနစ်ကို ရိုမန့်စ်ဘာသာစကားနှင့် ဆလက်ဗ်ဘာသာစကားပြောနိုင်ငံများတွင် တွင်ကျယ်စွာအသုံးပြုကြသည်။
နုတ်အမည် | အခေါ်အဝေါ် | အသံထွက် | အသံနေရာအဆင့် | ||
---|---|---|---|---|---|
အင်္ဂလိပ် | ရိုမန့်စ် | အင်္ဂလိပ် | အီတလီ | ||
C♭ | Do♭ | ဒို (do) | /doʊ/ | /dɔ/ | 11 |
C | Do | 0 | |||
C♯ | Do♯ | 1 | |||
D♭ | Re♭ | ရေ (re) | /ɹeɪ/ | /rɛ/ | 1 |
D | Re | 2 | |||
D♯ | Re♯ | 3 | |||
E♭ | Mi♭ | မီ (mi) | /miː/ | /mi/ | 3 |
E | Mi | 4 | |||
E♯ | Mi♯ | 5 | |||
F♭ | Fa♭ | ဖာ (fa) | /fɑː/ | /fa/ | 4 |
F | Fa | 5 | |||
F♯ | Fa♯ | 6 | |||
G♭ | Sol♭ | ဆို (sol) | /soʊl/ | /sɔl/ | 6 |
G | Sol | 7 | |||
G♯ | Sol♯ | 8 | |||
A♭ | La♭ | လာ (la) | /lɑː/ | /la/ | 8 |
A | La | 9 | |||
A♯ | La♯ | 10 | |||
B♭ | Si♭ | ဆီ (si) | /siː/ | /si/ | 10 |
B | Si | 11 | |||
B♯ | Si♯ | 0 |
အခြားနည်းဖြင့်ပြသခြင်း
ပြင်ဆင်ရန်နယူတန်၏အရောင်များ
ပြင်ဆင်ရန်ရုပဗေဒပညာရှင် အိုင်ဆက် နယူတန်သည် ထိုခုနှစ်သံကို သက်တံ၏အရောင်များနှင့် နှိုင်းယှဉ်ခဲ့သည်။[၉]
အသံ | ဆိုးဖက်ဂ်ျ | အရောင် |
---|---|---|
C | ဒို | အနီ |
D | ရေ | လိမ္မော် |
E | မီ | အဝါ |
F | ဖာ | အစိမ်း |
G | ဆို | အပြာ |
A | လာ | မဲနယ် |
ခရမ်းပြာ | ||
B | တီ | ခရမ်း |
ခရမ်းနီ |
ကိုးကားချက်များ
ပြင်ဆင်ရန်- ↑ "Solfège". Lexico UK Dictionary. Oxford University Press.
- ↑ Oxford English Dictionary 2nd Ed. (1998)
- ↑ Solfeggio။ Merriam-Webster Online Dictionary။ Merriam-Webster Online။ 2010-02-27 တွင် ပြန်စစ်ပြီး။
- ↑ Solfège။ Merriam-Webster Online Dictionary။ Merriam-Webster Online။ 2010-02-27 တွင် ပြန်စစ်ပြီး။
- ↑ Davies, Norman (1997), Europe, pp. 271–272
- ↑ ၆.၀ ၆.၁ McNaught, W. G. (1893). "The History and Uses of the Sol-fa Syllables". Proceedings of the Musical Association 19: 35–51. London: Novello, Ewer and Co.. ISSN 0958-8442.
- ↑ Movable "Do" vs Fixed "Do" (in en-US) (2012-10-02)။ 2020-09-18 တွင် ပြန်စစ်ပြီး။
- ↑ Demorest၊ Steven M. (2001)။ Building Choral Excellence: Teaching Sight-Singing in the Choral Rehearsal။ New York: Oxford University Press။ p. 46။ ISBN 978-0-19-512462-0။
- ↑ Ashley P. Taylor (March 1, 2017). "Newton’s Color Theory, ca. 1665". The Scientist.