ဆိုးလ်အသံလွှင့်စနစ်

တောင်ကိုရီးယားနိုင်ငံ၏ ရုပ်မြင်သံကြားနှင့်အသံလွှင့်(ရေဒီယို)ကွန်ယက်

ဆိုးလ်အသံလွှင့်စနစ် (ကိုရီးယား: 에스비에스; Eseubieseu / အင်္ဂလိပ်: Seoul Broadcasting System သို့မဟုတ် SBS) ၁၉၉၀ ခုနှစ်တွင် တည်ထောင်ခဲ့သော တောင်ကိုရီးယား ရေဒီယိုနှင့် ရုပ်မြင်သံကြား ကွန်ရက်တစ်ခုဖြစ်သည်။ စတင်တည်ထောင်ချိန်၌ SBS သည် MBC ပြီးလျှင် တောင်ကိုရီးယားတွင် ဒုတိယပိုင် ရုပ်သံလွှင့်ဌာနဖြစ်သည်။ ၎င်းသည် လက်ရှိတွင် နိုင်ငံအတွင်း အကြီးဆုံး ရုပ်မြင်သံကြားနှင့် ရေဒီယို အသံလွှင့်ကွန်ရက် လေးခုအနက်မှ တစ်ခုဖြစ်သည်။ SBS သည် ဆိုးလ်တွင် ရုံးချုပ်ရှိပြီး ကျယ်ပြန့်သော ဒေသဆိုင်ရာကွန်ရက်တစ်ခုရှိသည်။ ၎င်း၏ အထင်ကရ ရုပ်မြင်သံကြားဌာနသည် ဒစ်ဂျစ်တယ်နှင့် ကေဘယ်လ်အတွက် ချန်နယ် 6 ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်