ဆီဗီးယားဘော်စတိန်း
ဆီဗီးယားဘော်စတိန်းသည် အမေရိကန်စာရေးဆရာ[၁]၊ စိတ်ရောဂါကုထုံးဆရာနှင့် [၂]ဗုဒ္ဓဘာသာတရားပြဆရာ ဖြစ်သည်။[၃]
ဘော်စတိန်းသည် ဒိပမားနှင့်[၄] လေ့လာသင်ယူခဲ့ပြီး ကယ်လီးဖိုးနီးယားပြည်နယ်၊ Woodacre တွင်လည်း စပရစ်ရော့တရားစင်တာကို ပူးတွဲတည်ထောင်ခဲ့သည်။ မက်ဆာချူးဆက်ပြည်နယ်၊ ဘာရီရှိ ဝိပဿနာတရားအဖွဲ့ (Insight Mediation Society) တွင် အကြီးတန်းတရားပြဆရာဖြစ်သည်။[၅]
အတ္ထုပ္ပတ္တိ
ပြင်ဆင်ရန်ဘော်စတိန်း၏ အဖိုးအဖွားလေးဦးစလုံးသည် အရှေ့ဥရောပမှ ပြောင်းရွှေ့လာခဲ့ကြသည့် ဂျူးလူမျိုးများ ဖြစ်ကြသည်။[၂] ဘော်စတိန်းသည် နယူးယောက်မြို့၊ ဘရွတ်လင်တွင် ကြီးပြင်းခဲ့ကာ ဘားနဒ်ကောလိပ်တွင် ပညာသင်ယူခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့ပြီး ၁၉၆၇ ခုနှစ်တွင် ကယ်လီဖိုးနီးယားဘာကီလီတက္ကသိုလ်မှ လူမှုရေးလုပ်ငန်းဖြင့် မဟာဘွဲ့ဒီဂရီကို ရရှိခဲ့သည်။[၂][၂]
ဘော်စတိန်းသည် စာအုပ်များစွာ ရေးသားခဲ့သူ တစ်ဦးဖြစ်သည်။ သူမ၏ စာပေလက်ရာများတွင် It's Easier Than You Think: The Buddhist Way to Happiness,[၆] That's Funny, You Don't Look Buddhist,[၇] Don't Just Do Something, Sit There[၈] and How to Be Sick: A Buddhist-Inspired Guide for the Chronically Ill and Their Caregivers with Toni Bernhard.[၉]စသည့်စာအုပ်များ ပါဝင်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Fleet၊ Josh (September 28, 2011)။ Is The Jew Still In The Lotus?။ Huffington Post။ November 2, 2018 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ About Sylvia Boorstein။ November 2, 2018 တွင် ပြန်စစ်ပြီး။
- ↑ Sylvia Boorstein။ Insight Meditation Community of Washington (IMCW)။ November 2, 2018 တွင် ပြန်စစ်ပြီး။
- ↑ What Dipa Ma taught Sylvia Boorstein about the mind of equanimity။ Lion's Roar (March 1, 2018)။ 27 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 2, 2018 တွင် ပြန်စစ်ပြီး။
- ↑ History of Spirit Rock။ Spirit Rock Meditation Center။ 22 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 2, 2018 တွင် ပြန်စစ်ပြီး။
- ↑ Cochran၊ Tracy (Spring 1996)။ It's Easier Than You Think: The Buddhist Way to Happiness။ Tricycle: The Buddhist Review။ November 2, 2018 တွင် ပြန်စစ်ပြီး။
- ↑ Marks, Richard G. (Spring 1999). "Review: Jewish-Buddhist Meetings". Shofar 17 (3): 93–98. Purdue University Press.
- ↑ Meade Sperry၊ Rod (August 25, 2009)။ Sylvia Boorstein on the meaning of "Don't Just Do Something, Sit There"။ Lion's Roar။ November 2, 2018 တွင် ပြန်စစ်ပြီး။
- ↑ Learning To Live A Full Life With Chronic Illness။ NPR (January 31, 2011)။ November 2, 2018 တွင် ပြန်စစ်ပြီး။