ဆီယာ ကိတ် အစ်ဆိုဘယ်လ် ဖားလား (အင်္ဂလိပ်: Sia Kate Isobelle Furler; ၁၈ ဒီဇင်ဘာ ၁၉၇၅ ဖွား)[၂] သည် သြစတြေးလျနွယ်ဖွား အမျိုးသမီး အဆိုတော်တစ်ဦးဖြစ်ပြီး ဆီယာ (အင်္ဂလိပ်: Sia) ဟူသော ရိုးရိုးရှင်းရှင်းအမည်ပြောင်ဖြင့် လူသိများသည်။ သူမသည် အက်ဒလိတ်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သည်။ သူမသည် "Clap Your Hands" ၊ "Chandelier" ၊ "Cheap Thrills" ၊ "Unstoppable" ၊ Flo Rida နှင့်တွဲဖက်၍ "Wild Ones" ၊ ပြင်သစ် ဒီဂျေသမား David Guetta နှင့်တွဲဖက်၍ "Titanium" စသည့် သီချင်းများဖြင့် လူသိများသည်။ ၎င်းတို့ထဲမှ နောက်ဆုံးထွက်ရှိခဲ့သော သီချင်း သုံးပုဒ်သည် ကမ္ဘာတစ်ဝှမ်းလုံး၏ ထိပ်တန်းသီချင်းဆယ်ပုဒ်စာရင်းဝင်ခဲ့သည်။

ဆီယာ
၂၀၀၆ ခုနှစ်တွင် ရိုက်ကူးထားသော ဓာတ်ပုံ
ဇာတိ အမည်Sia
မွေးဖွားဆီယာ ကိတ် အစ်ဆိုဘယ်လ် ဖားလား
အင်္ဂလိပ်: Sia Kate Isobelle Furler)

(1975-12-18) ၁၈ ဒီဇင်ဘာ၊ ၁၉၇၅ (အသက် ၄၈)
အက်ဒလိတ်မြို့ဩစတြေးလျနိုင်ငံတောင်ပိုင်း
အလုပ်အကိုင်
  • အဆိုတော်
  • တေးရေးဆရာ
  • အသံ သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၅ – လက်ရှိ
အိမ်ထောင်ဖက်(များ)Erik Anders Lang (လက်ထပ် 2014; ကွာရှင်း 2016)
Dan Bernad (လက်ထပ် 2023)
သားသမီး
ရရှိသည့်ဆုများစာရင်းအပြည့်အစုံကြည့်ရန်
ဂီတခရီးလမ်း
ဂီတဟန်
တေးသံသွင်း ကုမ္ပဏီ
ဝက်ဘ်ဆိုက်siamusic.net
လက်မှတ်

မိသားစု ပြင်ဆင်ရန်

ဆီယာ သည် လိင်တူရော လိင်ကွဲပါ စိတ်ဝင်စားသူဖြစ်သည်။[၃] သူမသည် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် Erik Anders Lang နှင့် လက်ထပ်ခဲ့သည်။ ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် လမ်းခွဲကြောင်းကြေငြာခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဆီယာ သည် မွေးစားစောင့်ရှောက်မှုစနစ်မှ ကြီးပြင်းလာသည့် ယောက်ျားလေးနှစ်ဦးကို မွေးစားခဲ့ကြောင်း ထုတ်ဖော်ကြေငြာခဲ့သည်။[၄]

ကျန်းမာရေး ပြင်ဆင်ရန်

သူမသည် စိတ်နှစ်ခွဖြစ်တတ်သော စိတ်ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။[၅]

အလုပ်များ ပြင်ဆင်ရန်

ဆီယာ သည် ရီဟာနားUnapologetic ဟုအမည်ရသည့် ၂၀၁၂ ခုနှစ်ထွက် တေးအယ်လ်ဘမ်ထဲတွင် ပါဝင်သော "Diamonds" တေးသီချင်းကို ပူးတွဲရေးသားခဲ့သည်။[၆] သူမသည် Knowles နှင့် ထုတ်လုပ်သူ Ammo တို့နှင့်အတူ Beyoncé ၏ ပဉ္စမမြောက် တေးအယ်လ်ဘမ် Beyoncé (2013) ၏ ပထမဆုံးသီချင်း "Pretty Hurts" ကို ပူးတွဲရေးသားခဲ့သည်။

၂၀၁၈ ခုနှစ်ထွက် အန်နီမေးရှင်းရုပ်ရှင်ဖြစ်သော Peter Rabbit ရုပ်ရှင်ကားတွင် ဆီယာ သည် ဇာတ်ကောင် မစ္စ Tiggy-Winkle အဖြစ်် အသံနှင့်သရုပ်ဆောင်ခဲ့သည်။

သူမသည် ၂၀၂၁ ခုနှစ်တွင် သူမကိုယ်တိုင် တွဲဖက်ရေးသားပြီး စီစဉ်ရိုက်ကူးခဲ့သော ဂီတ ရုပ်ရှင်ကို ထုတ်ဝေခဲ့သည်။ သူမသည် ၎င်း၏ ဇာတ်ဝင်တေး ဆယ်ပုဒ်ကို ကိုယ်တိုင် ရေးခဲ့သည်။[၇]

အယ်လ်ဘမ်များ ပြင်ဆင်ရန်

  • Healing Is Difficult (2001)
  • Colour the Small One (2004)
  • Some People Have Real Problems (2008)
  • We Are Born (2010)
  • 1000 Forms of Fear (2014)
  • This Is Acting (2016)
  • Everyday Is Christmas (2017)
  • Music – Songs from and Inspired by the Motion Picture (2021)
  • Reasonable Woman (2024)

ကိုးကား ပြင်ဆင်ရန်

  1. Leahey၊ Andrew။ Sia Biography။ 11 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. Sia - Music Biography, Credits, Discography။ Allmusic.com။ 13 February 2013 တွင် ပြန်စစ်ပြီး။
  3. Sia Furler: The Same Same 25, the 25 Most Influential Gay and Lesbian Australianssamesame.com.au (2009)။ 24 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 September 2016 တွင် ပြန်စစ်ပြီး။
  4. Sia confirms she adopted two teenage sons that were 'aging out of the foster care system'USA TODAY။ 2020-06-27 တွင် ပြန်စစ်ပြီး။
  5. Sia says bipolar disorder is the result of smoking too much marijuana
  6. Si Performed Rihanna's 'Diamonds' and We Are LIVING For It!။ MTV.com။ 13 February 2013 တွင် ပြန်စစ်ပြီး။
  7. Shaffer၊ Claire (2020-05-20)။ Sia Premieres 'Together' From Her Upcoming Album and Film, 'Music' (in en-US)။ 2020-06-27 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ ပြင်ဆင်ရန်