ဆီးနှင်းပြိုက်ကျ တောင်မြင့်စည်းစုတ်ခတ်သံကြိုး

ဆီးနှင်းပြိုက်ကျ ပြင်ဆင်ရန်

(ဆီးနှင်းပြိုက်ကျ-ချမ်းဆောင်း။ ညံ့ပျောင်းပျောင်း။ ဝတ်နံ့ငယ်လေ လှောင်းလှောင်း။ နံ့ပန်းပေါင်း။ ။)၂ (စက်လျောင်း စက်လျောင်း ဘုံသာခွင်။ မှေးမှိတ်ပျော်မရွှင်။ ။)၂ (စိတ်မှာပင်။ ထိပ်ချာတင်။ ရိပ်ခါမြင်မိ။ လိပ်ပြာမင်း။ ထူးထွေများဘိခြင်း။ ။)၂ (ရင်တွင်း ရင်တွင်း ပူလှတယ်။ ထင်စားယောင်မိတယ်။ ။)၂ (ညက်ပြာသွယ်။ စက်ရာဝယ်။ ဖက်ကာလှယ်လို့ လျောင်းလဲ။ လျောင်းလဲ။ စက်ပါသော် ပျော်သေးဘဲ။ ။)၂ (သံဝါကျော်။ ကြံခါမျှော်။ လျှောက်ခွင့်ဆုပန်သော်။ ။)၂ (ရှင်တော်မွေတော်ကိုယ်တော်ပေါင်စု။ မြတ်စွာအင်းခရုငယ်နှင့်လေး။ ။)၂ (သုံးလူ့ သုံးလူ့ ထွတ်ချာမှန်။ ကူကြီးမြတ်ဘုန်းလျှံ။)၂ ။ (ညက်စံညက်စံ ညက်စံပြာဝင်း။ သစ္စာမတည်ယွင်းသည်နှင့်)၂ ( ထန်ပြင်း ခြောက်ရောင်ခြည်လေတည့်မှ။ လျှံလင်းမြတ်မှန်တည်။ ။)၂ တောင်မြင့် တောင်ဖျား။ ကန်သာအိုင်နား။ ရေယာဉ် သီတာခြားပါလို့။ ဘုရားမြတ်ဘုန်းလူ လေတည့်မှ ဘုရားမြတ်ဘုန်းလူ။

  • တချို့မူ၌ "လျှံလင်းတောက်လောင်ကြည်" ဟူ၍လည်းရှိသည်။

ကျေးဇူးတင်ပါသည် ပြင်ဆင်ရန်

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/