ဆီးမိုက်လူမျိုး ပြင်ဆင်ရန်

ဆီးမိုက်လူမျိုးသည် အာရှအနောက်ပိုင်းနှင့် အာဖရိက အရှေ့ပိုင်းတွင် အများဆုံးနေထိုင်ကြသော လူမျိုးတစ်မျိုးဖြစ် သည်။ မူလက ဆီးမိုက်လူမျိုးတို့သည် မည်သည့်နိုင်ငံမှ စတင် ပေါက်ဖွားလာသည် ကိုကား မည်သူမျှ တပ်အပ်သေချာမသိကြ ချေ။ သို့သော် ခရစ်မပေါ်မီနှစ်ပေါင်း ၂ဝဝဝ ခန့်ကမူ၊ အဆိုပါ လူမျိုးများသည် ယခုအခါ အီရတ်ဟု ခေါ်သော မက်ဆိုပိုတေး မီးယားပြည်နယ်တွင် နေထိုင်ခဲ့ကြဘူး သည်ဟူသော အချက်ကို ကား သေချာစွာသိရှိရပေသည်၊ ထို သူတို့အထဲတွင် ယဟူဒီ လူမျိုးများသည် တောင်ဘက်သို့ တစ်ဖြည်းဖြည်း ရွှေ့ပြောင်းလာ ကြပြီးနောက် ပါလက်စတိုင်းပြည်တွင် အခြေစိုက်နေထိုင်ခဲ့ကြ လေသည်။


ဆီးမိုက်လူမျိုးဆက်ကို ခွဲခြားရာ၌ မည်သည့်လူမျိုးသည် ဆီးမိုက်အဆက်အနွယ်ဖြစ်၍၊ မည်သည့် လူမျိုးကား ဆီးမိုက် အနွယ်ဝင်မဟုတ်ဟုခွဲခြားရန် များစွာခဲယဉ်းခြင်း မရှိလှပေ။ ဘာသာစကားကို ဆီးမိုက် အဆက်အနွယ်ဟုတ်မဟုတ် ခွဲခြား သိရှိရန်သာလျှင်ခက်သည်။ ဆီးမိုက်အဆက်အနွယ်များထဲတွင် တောင်ပိုင်း လူမျိုး၊ မြောက်ပိုင်းလူမျိုးဟူ၍ နှစ်မျိုးရှိသည်။ တောင်ပိုင်းလူမျိုးများမှာ အာရပ်လူမျိုးဖြစ်၍၊ မြောက်ပိုင်း လူမျိုးများမှာ ယဟူဒီများဖြစ်ကြသည်။

ကမ္ဘာ့အဆင့်အတန်း တိုးတက်မှုတွင် ဆီးမိုက်လူမျိုးများ လည်း အရေးပါအရာရောက်သော အပိုင်းမှပါဝင်ခဲ့ပေသည်။ အထူးသဖြင့် ကုန်ကူးသန်းရောင်းဝယ်ရေးတွင် ဆီးမိုက်လူမျိုး တို့၏ ခြေရာလက်ရာများကို ထင်ရှားစွာ တွေ့ရှိကြရပေသည်။ ကမ္ဘာ့အက္ခရာစာလုံးကို ရှေးဦးစွာ တီထွင်ခဲ့ကြသော ဖီနီရှန် လူမျိုးများမှာ ဆီးမိုက် အဆက်အနွယ်များပင်ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)