ဆုပန်ထွာ သည် မြန်မာလူမျိုး အမျိုးသမီး သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ရဲနန္ဒသူ ဖြစ်သည်။ ကိုးကွယ်သည့်ဘာသာ မှာ ဗုဒ္ဓဘာသာ ဖြစ်သည်။

အဆိုတော်ဘဝ ပြင်ဆင်ရန်

အနုပညာ လောကတည်းကို စတင် မဝင်ရောက်ခင် ကတည်းက ဂီတဝါသနာကြီးမှုကြောင့် ဆိုနီကာရာအိုကေ သီချင်းပြိုင်ပွဲများနှင့် Mild Seven သီချင်းဆိုပြိုင်ပွဲများမှာ အသံစွမ်းပြသရင်း၊ သရုပ်ဆောင် သက်တမ်း(၁၁)နှစ် အတွင်းမှာ အောင်မြင်သော သရုပ်ဆောင် တစ်ယောက် ဖြစ်လာခဲ့ရတဲ့ သရုပ်ဆောင် ဆုပန်ထွာရဲ့ တစ်ကိုယ်တော် တေးစီးရီး မတည့်အတူနေ အတွက် စာနယ်ဇင်း မိတ်ဆက် အသိပေးပွဲကို နိုဝင်ဘာ (၈)ရက်၊ နေ့လယ် (၂)နာရီ အချိန်က ရန်ကုန်မြို့၊ City Star Hotel မှာ ကျင်းပပြုလုပ် သွားခဲ့ပါတယ်။ အဆိုတော် ဆုပန်ထွာ အတွက် Lazy Club မှ ကိုနိုင်ဇော်၊ မထရေစီ၊ ရတနာမြိုင်မှ ဦးချန်ဟိန်းနှင့် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ တေးသံရှင်ဂူဂူး၊ ဦးအောင်သျှံဝိုင်း(ကျိုက်မရော)တို့မှ အမှတ်တရစကားများ အသီးသီးပြော ကြားသွားခဲ့ကြသည်။

မတည့်အတူနေတေးစီးရီးအတွက် တေးရေး-ရွှေဂျော်ဂျော်၊ အငဲ၊ စိုးလင်း၊ ဇဝါ၊ စိုးသီဟ(ရောင်စဉ်လှိုင်း)၊ ဖိုးကာ၊ ဟဲလေး၊ ဆင်ပေါက်တို့မှ ရေးသားပေးထားပြီး Featuring အတွက် စန္ဒီမြင့်လွင်၊ ဂူဂူး၊ Jenny၊ အေသင်ချိုဆွေတို့မှ သီဆိုပေးကာ၊ Ever Glades အဖွဲ့မှ ဟာမိုနီ လိုက်ပေးထားသည်။

ကိုးကား ပြင်ဆင်ရန်