ဆူဇန် ကလာ့တ်တန်

ဂျာမန် သန်းကြွယ်သူဌေး

ဆူဇန် ကလာ့တ်တန် (ဆူဇန် ဟာနာ အာဆူလာ ကွမ့်တ်ကို ဂျာမနီ ဘတ်ဟမ်းဘတ်မြို့၌ ၁၉၆၂ ဧပရယ်လ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့သည်) သည် Herbert နှင့် Johanna Quandt တို့၏ သမီးဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင်တော့ သူမသည် ဂျာမနီတွင် အချမ်းသာဆုံးမိန်းမဖြစ်လာခဲ့ပြီး ကမ္ဘာတွင်တော့ ၃၅ ယောက်မြောက်အချမ်းသာဆုံးဖြစ်လာသည်။

Susanne Klatten
မွေးဖွားSusanne Hanna Ursula Quandt
(1962-04-28) ဧပြီ ၂၈၊ ၁၉၆၂ (အသက် ၆၁)
Bad Homburg, Germany
ဌာနေBad Homburg
နိုင်ငံသားGermany
ပညာရေးIMD-Lausanne (MBA)
ကျော်ကြားမှုအရင်းခံholdings in Altana and BMW
ကြွယ်ဝမှုDecrease US$18,5 billion (June 2015)
အိမ်ထောင်ဖက်(များ)Jan Klatten (လက်ထပ် 1990)
သားသမီး
မိဘ(များ)Herbert Quandt (1910–1982)
Johanna Quandt (1926–2015)
ဆွေမျိုးသားချင်းStefan Quandt (brother; b. 1966)

ပညာရေး ပြင်ဆင်ရန်

Business Finance ဒီဂရီကို ရရှိပြီးနောက် Susanne Klatten သည် ၁၉၈၁ မှ ၁၉၈၃ ခုနှစ်ထိ ဖရန့်ဖတ်မြို့ရှိ Young & Rubicam အမည်ရှိ ကြော်ငြာအေဂျင်စီတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။ ဘာကင်ဟမ်တက္ကသိုလ်တွင် ဈေးကွက်ရှာဖွေရေးနှင့် စီမံခန့်ခွဲမှုပညာရပ်ကိုသင်ကြားခဲ့ပြီး MBA ဘွဲ့ကို လော့ဆန်းရှိ IMD မှရရှိခဲ့သည်။ စီမံခန့်ခွဲမှုအတိုင်ပင်ခံ Mckinsey နှင့် Reuschel ဘဏ်၏ရုံးခွဲဖြစ်သော လန်ဒန်မြို့ရှိ Dresdner ဘဏ်မှ နောက်ထပ်လုပ်ငန်းအတွေ့အကြုံများကို ရရှိခဲ့သည်။ တခါတရံတွင် သူမ၏ကြွယ်ဝချမ်းသာမှုသည် သူမအတွက်ပြဿနာဖြစ်ရသည်။ အလုပ်လုပ်သောအခါ နာမည်ကို Susanne Kant ဟု အမည်ပြောင်းရလေ့ရှိသည်။ ၁၉၇၈ တွင် သူမကို ရဲအရာရှိများက ပြန်ပေးဆွဲခံရမည့်ဘေးမှ ကာကွယ်ခဲ့ရသည်။

ရင်းနှီးမြှုပ်နှံမှုများ ပြင်ဆင်ရန်

ဆေးဝါးနှင့်ဓာတုပစ္စည်းထုတ်လုပ်သူ Altana နှင့်အတူ ရင်းနှီးမြှုပ်နှံငွေ ၅၀.၁ ရာခိုင်နှုန်းကို သူမဖခင်ထံမှ အမွေဆက်ခံရရှိခဲ့သည်။ Altana ၏အကြံပေးချက်များကို ရယူကာ ဂျာမနီထိပ်တန်းကုမ္ပဏီ ၃၀ ၏ DAX စာရင်းဝင်နှင့် ကမ္ဘာအဆင့်မီကော်ပိုရေးရှင်းဖြစ်စေရန် အသွင်ပြောင်းခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် Altana သည် ဓာတုပစ္စည်းလုပ်ငန်းကို ချန်ထား၍ ဆေးဝါးထုတ်လုပ်ရေး အပိုင်းကို Nycomed ထံသို့ ၄.၅ ဘီလီယံပေါင်ဖြင့် ရောင်းချခဲ့သည်။ ထိုရောင်းရငွေများသည် အမြတ်အဖြစ် အစုရှယ်ယာဝင်များကို ခွဲဝေပေးခဲ့သည်။

Altana သည် စတော့ရှယ်ယာစာရင်းကို ထိန်းသိမ်းထားခဲ့ပြီး Susanne Klatten သည် လုပ်ငန်း၏အဓိက ရှယ်ယာပိုင်ရှင်ဖြစ်လာသည်။ ၂၀၀၉ ခုနှစ်တွင် သူမသည်ရှယ်ယာအားလုံးကို ဝယ်ယူလိုက်နိုင်ပြီး Altana နှင့်ပတ်သက်ခြင်း မရှိတော့ပေ။ သူမ၏ဖခင်သည် သူမအတွက် ၁၂.၅ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံငွေကို BMW တွင်ထားခဲ့သေးသည်။ ၁၉၉၇ ခုနှစ်တွင် သူမ၏အစ်ကို Stefan Quandt နှင့်အတူ BMW ၏ကြီးကြပ်အကြံပေးဘုတ်အဖွဲ့တွင် ခန့်ထားခံရသည်။ ၂၀၀၉ မတ်လ ၁၆ ရက်နေ့တွင် ဂျာမနီရှိ ဂရပ်ဖိုက်များထုတ်လုပ်သည့် SGL အဖွဲ့ကပြောသည်မှာ Susanne Klatten သည် SGL အဖွဲ့တွင် သူမ၏ရင်းနှီးမြှုပ်နှံငွေများကို ၈ ရာခိုင်နှုန်းမှ လုပ်ငန်း၏ လေးပုံတစ်ပုံထိ တိုးမြှင့်နိုင်ခဲ့သည်။

ပုဂ္ဂလိကဘဝ ပြင်ဆင်ရန်

Susanne သည် Regensburg ရှိ BMW တွင် အလုပ်သင်လုပ်နေစဉ် ထို BMW ၌ အင်ဂျင်နီယာတစ်ဦး ဖြစ်သော Jan Klatten နှင့် စတင်တွေ့ဆုံခဲ့သည်။ ထိုစဉ်အချိန်များက သူမကိုယ်သူမ Kant ဟုသာပြောလေ့ရှိပြီး Jan ကို သူမမည်သူဆိုတာကို တစ်ဦးနှင့်တစ်ဦး သေချာသည့်အချိန်ရောက်မှ ဖွင့်ပြောခဲ့သည်။ သူတို့နှစ်ဦးသည် ၁၉၉၀ ခုနှစ်အတွင်း Kitzbühel တွင် လက်ထပ်ခဲ့ကြပြီး Munich တွင် နေထိုင်သည်။ သူတို့နှစ်ယောက်တွင် သားသမီးသုံးယောက်ထွန်းကားခဲ့သည်။ သူမသည် ဂေါ့ဖ်ကစားခြင်းနှင့် ဩစတီးယားတွင် ရေခဲပြင်စကိတ်စီးရခြင်းကို နှစ်သက်သည်။ အခြားသော မိသားစုဝင်များကဲ့သို့ပင် Susanne တို့မိသားစုသည်လည်း တိတ်ဆိတ်အေးချမ်းစွာ ပင်နေထိုင်လေသည်။

၂၀၀၅ ခုနှစ်မှစ၍ သူမသည် Munich မြို့၏ နည်းပညာတက္ကသိုလ်ကောင်စီ၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့သည်။ ၂၀၀၇ ခုနှစ်တွင်တော့ သူမသည် Bayerischer Verdienstorden အဖြစ် ချီးမြှင့်ခံရသည်။ ထို့အပြင် သူမသည် ခရစ်ယာန်ဒီမိုကရက်တစ်အသင်း၏ အကောင်းဆုံးသော အလှူရှင်များထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။

မတော်တဆ ငွေညှစ်ခံရမှု ပြင်ဆင်ရန်

၂၀၀၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဥရောပသတင်းစာများက ဆူဇန် ကလာ့တ်တန် နှင့် ပတ်သက်ပြီး အဖမ်းခံရသော လူနှစ်ယောက်၏ မကောင်းသတင်းဇာတ်လမ်းများကို ရေးသားခဲ့ကြ သည်။ ၂၀၀၇ ခုနှစ်တွင် Susanne ကို အသက် ၄၄ နှစ်အရွယ် ဆွစ်အီတာလျံလူမျိုး Helg Sgarbi အမည်ရှိ လူတစ်ယောက်က ယူရို ၁၄ မီလီယံမပေးလျှင် ကိုယ်ရေးကိုယ်တာအတွင်းကိစ္စများကို ခိုးရိုက်ထားသည့်အခွေကို ရုပ်သံသို့ထုတ်လွှင့်မည်ဟု ခြိမ်းခြောက်ငွေညှစ်ခဲ့သည်။ ကလာ့တ်တန် သည် တုံ့ပြန်သည့်အနေဖြင့် ဂျာမန်ရဲအရာရှိများကို အကြောင်းကြားခဲ့သည်။

သတင်းစာတွင် ဖော်ပြကြသည်မှာ ကလာ့တ်တန် တို့သည် မာဖီးယားဂိုဏ်းသားများ၏ အန္တရာယ်ပေးခံနေရ သော Sgarbi ကို ခြိမ်းခြောက်ငွေ၏ထက်ဝက်ဖြစ်သော ယူရို ရ.၅ မီလီယံပေးခဲ့သည်ဟုဆိုသည်။ ထပ်မံရေးသားကြသည်မှာ Sgarbi သည် ကလာ့တ်တန် မိသားစုအား ၂၀၀၆ ခုနှစ်တွင် ဩစတီးယား Innsbruck ရှိ ဟိုတယ် Lanserhof တွင် စတင်ချဉ်းကပ်ခဲ့ပြီး Munich ရှိ မွန်တီကာလို အပန်းဖြေ ဟိုတယ်ကြီးများနှင့် အခြားဥရောပမြို့အများအပြားတွင်လည်း တွေ့ခဲ့သည်ဟုဆိုသေးသည်။ Sgarbi ကို ၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ဩစတီးယားရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး တရားခံကို ဂျာမနီသို့ လွှဲအပ်ခဲ့ရာ Sgarbi သည် လိမ်လည်မှုနှင့်ငွေညှစ်ခြောက်လှန့်မှုတို့ဖြင့် တရားစွဲခံရသည်။

၂၀၀၉ မတ်လ ၉ ရက်နေ့တွင် Sgarbi သည် သူ၏ပြစ်မှုများအတွက် ရုံးတော်တွင် အသနားခံစာတင်ခဲ့ သော်လည်း ရုံးတော်က သူ့အပေါ်တင်ထားသော စွပ်စွဲချက်များသည် မှန်ကန်သည်ဟု ဆုံးဖြတ်ချက် ချခဲ့သည်။ ပြစ်မှုအတွက် အသနားခံခြင်းကို ပယ်ချခံရမည်ဟု အားလုံးကကြိုတင်မှန်းမျှော်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ပြစ်ဒဏ်စီရင်ချက်ကို ထောင်ဒဏ်ကိုးလမှ ခြောက်လအထိ လျှော့ချပေးခဲ့သည်။ သူသည် Susanne Klatten ဆီက လက်ခံရရှိခဲ့သော ယူရို ၉ မီလီယံ၏ တည်နေရာကို ပြောပြခဲ့၍သာ ဤမျှစောစောလွတ်လာခြင်းဖြစ်သည်။ သူနှင့်အတူ ကြံရာပါဖြစ်သော Sgarbi နှင့် ဆူဇန် တို့ကို လျှို့ဝှက်ကင်မရာနှင့် ခိုးရိုက်ပေးသူ ဟိုတယ်ပိုင်ရှင် အီတလီနိုင်ငံသား ၆၃ နှစ်အရွယ် Ernano Barretta သည်လည်း အီတလီတွင် ထိန်းသိမ်း စောင့်ရှောက်ခံနေရသည်။

မိသားစုအတိတ် ပြင်ဆင်ရန်

ဂျာမန်ရုပ်သံလိုင်းတစ်ခုဖြစ်သော ARD ၏အစီအစဉ်တစ်ခုတွင် ဒုတိယကမ္ဘာစစ်အတွင်း Quandt မိသားစု၏ စီးပွားရေးလုပ်ငန်းအကြောင်းကို အသေးစိတ်ဖော်ပြခဲ့သည်။ Quandt မိသားစုအားလုံး၏ကိုယ်စား မိသားစုဝင်လေးယောက်ကပြောကြားသည်မှာ အာဏာရှင် ဟစ်တလာ၏ခေတ်အတွင်း သမိုင်းပညာရှင်များက မိသားစုလှုပ်ရှားမှုအကြောင်းကို စူးစမ်းစစ်ဆေးနိုင်ရန် သုတေသနပရောဂျက်များအတွက်ရန်ပုံငွေများ မတည်ပေးသွားမည်ဟု ဆိုခဲ့သည်။

အပိုဆောင်း ကြည့်ရှုစရာ ပြင်ဆင်ရန်