ဆူလီ

တောင်ကိုရီးယား အဆိုတော် နှင့် မော်ဒယ်

ချွိုင် ဂျင်ရီ (၁၉၉၄-၂၀၁၉) သည် သရုပ်ဆောင်အမည် ဆောလီအဖြစ် လူသိများသော ကိုရီးယား တေးရေး တေးဆို သရုပ်ဆောင်နှင့် ကိုယ်ဟန်ပြမယ် ဖြစ်သည်။ ၂၀၀၅ခုနှစ်တွင် SBS ရုပ်သံဇာတ်လမ်းတွဲတခုဖြစ်‌သော Ballad of Seodong (2005) ၌ Young Princess Seonhwa of Silla အဖြစ်ပါဝင်ကာ ကလေးသရုပ်ဆောင်အဖြစ် လူသိများလာခဲ့ပြီး အနုပညာခရီး စသည်။

၂၀၀၉ ခုနှစ်တွင် f(x) အမည်ရှိ တောင်ကိုးရီးယား မိန်းကလေးအဆိုအဖွဲ့ ၌ အဖွဲ့ဝင်အဖြစ် ပွဲထွက်လာခဲ့သည်။ ၂၀၁၄ ခုတွင် အခြားအဖွဲ့ဝင်များနှင့် အဆင်မပြေဖြစ်လာ၍ ၂၀၁၅ အစောပိုင်းတွင် အဖွဲ့မှ ထွက်သည်။ သရုပ်ဆောင်နှင့် ကိုယ်ဟန်ပြခြင်းကို အာရုံစိုက် လုပ်သည်။ ၂၀၁၈ ခုတွင် သီချင်းပြန်ဆိုပြီး တကိုယ်တော်တေးစီးရီး မှင်စာ ကို ၂၀၁၉ ခု၊ ဇွန်လတွင် ဖြန့်သည်။

၂၀၁၉ ခု၊ အောက်တိုဘာလ ၁၄ ရက် ညနေ ၃ နာရီ ၂၀ ခန့်တွင် ဆောင်းနမ်မြို့၊ ဆူဂျောင်းနယ်မြေရှိ နေအိမ်တွင် သေဆုံးနေကြောင်း သူ့မန်နေဂျာက တွေ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. "Sulli Found Dead at a House, Police Confirms", SBS News. Oct 14, 2019.