ဆေခန်ဖ(သိူဝ်ၶၢၼ်ႇၾႃႉ)သည် ရှမ်းရာဇဝင်တွင်ထင်ရှားခဲ့သောမင်းတစ်ပါးဖြစ်သည်။ ငယ်စဉ်က မိဖုရားတစ်ပါးဖြစ်သူ ဗမာလူမျိုးမစိန်၏ရန်ကြောင့်ထွက်ပြေးပုန်းအောင်းနေခဲ့ရပြီးတောထဲတွင်ကျားကလေးများနှင့်ဆော့ကစားခဲ့ရသည်။ အစ်မဖြစ်သူဘုရင်မနတ်ရွာစံချိန်တွင် မင်းဖြစ်လာခဲ့သည်။ ယခုတရုတ်နိုင်ငံရွှေလီမြို့ (မိူင်းမၢဝ်း)နေရာတွင် နေပြည်တော်စိုက်သည်။ နောက်ပို်င်းတွင် သိန္နီ(သႅၼ်ဝီ)သို့ပြောင်းရွှေ့ခဲ့သည်။ ယင်းလက်ထက်တွင် ရှမ်းပြည်သည် အကျယ်ဆုံးဖြစ်ခဲ့သည်။ မိုးကောင်း(မိူင်းၵွင်ႊ)၊ မိုးညှင်း(မိူင်းယၢင်း)၊ အာသံပြည်၊ မိုးနဲ(မိူင်းၼၢႆး)၊ ကျိုင်းတုံ(ၵဵင်းတုင်)၊ ကျိုင်းရုံး(ၵဵင်းႁုင်)၊ ဇင်းမယ်(လန်နာ)စသည့်ရှမ်းနယ်အားလုံးကိုသိမ်းသွင်းနိုင်ခဲ့သည်။ တရုတ်လက်အောက်ရောက်နေသော နန်ချောင်ပြည်(လၢၼ်ႉၸဝ်ႈ)မြို့တော်တာလီကိုလည်းပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။