ဆေးဆိုးပန်းရိုက်ခြင်း

ပုံနှိပ်ပညာ

ဆေးဆိုးပန်းရိုက်ခြင်း (အင်္ဂလိပ်: Silk-screen printing) ဆိုသည်မှာ ပိုးဇာမျက်နှာပြင်ပုံနှိပ် နည်းပညာတစ်ခု ဖြစ်သည်။ ပိုးဇာဘောင် ပုံနှိပ်ခြင်းဟုလည်းခေါ်ပါသည်။ ပုံနှိပ်ခြင်းနည်းများထဲမှ ပိုးဇာခေါ် နိုင်လွန်စကာ စ ပိတ်ပါးစများ ၊(အင်္ဂလိပ်: Squeegee) ဘိပြားခေါ် စကေဘာ ပြားများ အသုံးပြုကာ ပလက်စတစ်၊သစ်သား၊ အင်္ကျီ၊ ဖန်ခွက် စသည့် လူအသုံးဆောင်ပစ္စည်းများပေါ်တွင် လိုချင်သည့် ဒီဇိုင်းအား ပုံနှိပ်ခြင်း ဖြစ်သည်။

နည်းလမ်း ပြင်ဆင်ရန်

 
ဆေးဆိုးပန်းရိုက်ခြင်း
 
A.ရိုက်ဆေး B.စကေဘာ ဘိပြား C.ဒီဇိုင်းပုံ D.ဘောင်ကူးဆေး E.ဆေးရိုက်ဘောင် F.ပုံနှိပ်ထားသော ဒီဇိုင်းပုံ

သစ်သား ဖြင့် ပြုလုပ်ထားသော လေးထောင့်ဘောင် အလွတ်ပေါ်တွင် အပေါက်ငယ်များ ပါဝင်သည့် နိုင်လွန်ပိတ်ပါးစဖြင့် တင်းအောင် ကျပ်ထားသော ဆေးရိုက်ဘောင်တစ်ခုကို အလိုရှိသော အတိုင်းအတာကို ပြုလုပ်ထားရသည်။ ၎င်းဘောင်ပေါ်တွင် အလိုရှိသော ရုပ်ပုံအား (ဘောင်ကူးခြင်း) ပုံဖော်ပြီး အပေါ်မှ ဆိုးဆေးကို ဘိပြား အသုံးပြု၍ ဖိချခြင်းဖြင့် ပုံနှိပ်လိုသည့် အရာပေါ်သို့ ပုံထင်စေခြင်းဖြစ်သည်။ ဆေးရိုက် ‌ဘောင်တွင် ပုံဖော်ခြင်း (ဘောင်ကူးခြင်း) ဆိုသည်မှာ ဆေးရိုက်ဘောင်ပေါ်၌ ပုံဖော်ဆေး (သို့) ဆိုးဆေး ယိုမဆင်းနိုင်သည့် အရာများကို သုံးပြီး ကာထားခြင်း၊ ဖွင့်ပေးခြင်းဖြစ်သည်။ ဆေး မထင်စေသော နေရာများကို ကာထားခြင်း၊ ဆေးထင်စေခြင်သောနေရာများကို ဖွင့်ထားခြင်းအားဖြင့် ဆိုးဆေးများမှာ ပုံဖော် ဖွင့်ထားသည့်အတိုင်း ဘောင်မျက်နှာပြင် အပေါက်ပါ နိုင်လွန်စပေါ်မှ ဖြတ်သန်းပြီးပုံရိပ် ထင်လာခြင်းဖြစ်သည်။

ဆက်စပ်ပစ္စည်း ပြင်ဆင်ရန်

ဆေးရိုက်ဘောင် ပြင်ဆင်ရန်

ဆေးရိုက်ဘောင်တွင် ဘောင် နှင့် ပိုးဇာ နှစ်ပိုင်း ပါဝင်သည်။ ဘောင် - ဘောင်အား အများအားဖြင့် သစ်သား ဖြင့် ပြုလုပ်ပြီး လုပ်ငန်းလိုအပ်ချက်အရ သစ်သားဘောင်၊ အလူမီနီယံဘောင်၊ စတီးဘောင် ဟူ၍ ဆိုဒ်အမျိုးမျိုး ရှိသည်။ ဘောင်မျက်နာပြင် အပြန့်သာ ပြုလုပ်သော်လည်း လိုအပ် ချက်အရ မျက်နာပြင် အခုံး ဘောင်များ လေးထောင့်မဟုတ်သော အဝိုင်း ဘောင်များလည်းရှိသည်။ အဓိကရည်ရွည်ချက်မှာ ဘောင်တွင် တပ်ဆင်မည့် ပိုးဇာမျက်နာပြင် တင်းအောင် ဘောင်မျက်နာပြင် ခိုင်ခံပြီးပေါ့ပါးမှု ရှိစေရန်ုဖြစ်သည်။ ပိုးဇာ - ဘောင်မျက်နှာပြင်တွင် တပ်ဆင်မည့်ပိုးဇာမှာ ပါးလွာသော နိုင်လွန်သားဖြင့် ပြုလုပ်ထားပြီး ရိုက်ဆေးများ ဖြတ်သန်စီးဆင်နိုင်ရန် အပေါက်ငယ်များပါဝင်သည်။ ပိုးဇာ မျက်နာပြင် တစ်လက်မ အတွင်း ပါဝင်သော အပေါက် အရည်တွက် ပေါ်မူတည်ပြီး mesh 100 ၊mesh၁၂၀ ၊mesh၃၀၀ ဟု ထုတ်လုပ်သည်။ ပိုးဇာမျက်နှာပြင်ရှိ အပေါက်ငယ်များ အစိပ် ၊အကျဲ အနည်းအများ သည် ပုံနှိပ်မှုအပေါ် သက်ရောက်မှုရှိသည့်အတွက် ပုံနှိပ်မည့် အရာ၏ ဒီဇိုင်း၊ အရည်အသွေးနှင့် သုံးစွဲမည့် ပုံနှိပ်ဆေးပေါ်မူတည်ပြီး ပိုဇား အမျိုးစား ကို ရွေးချယ် အသုံးပြုရသည်၊ ခိုင်ခံသော ဘောင်ပေါ်တွင် ပိုးဇာ နိုင်လွန်စကို တင်းအောင် သံဖြင်၎င်း ကော်ဖြင့်၎င်း အသုံးပြု ဘောင်ကျပ်ပြီးလျင် ဆေးရိုက်ဘောင်တစ်ခု ရရှိပါမည်။ ပိုးဇာမျက်နာပြင်တင်းအားသည် ပုံနှိပ်အရည်အသွေးပေါ် သက်ရောက်မှုရှိသည့်အတွက် မလျော့ အောင် ဂရုစိုက် ဘောင်ကျပ်ရပါမည်၊

ဘိပြား (ခ) စကေဘာ ပြင်ဆင်ရန်

ရိုက်ဆေးအားဖိအားဖြင့် ဆေးရိုက်ဘောင်မှ စီးထွက် ပုံရိပ်ပေါ်စေရန် ဘိပြားကို သုံးပြု ပုံနှိပ်ရသည်။ ဘိပြားဆိုသည်မှာ သစ်သားပြားပေါ်တွင် ရောဘာပြားတပ်ဆင်ထားခြင်းဖြစ်သည် ။ ရိုက်ဆေးဖိရသော ရောဘာ၏ မျက်နာပြင်သည် (အေ)ပုံစံ နှင့် (ယူ)ပုံစံ နှစ်မျိုးရှိပြီး အသုံးပြုဆေးပေါမူတည်ရွေးချယ်ရသည်၊