ဆေးပေးပညာနှင့်ခွဲစိတ်ပညာ

ဆေးပေးပညာနှင့် ခွဲစိတ်ပညာ

ပြင်ဆင်ရန်

ဆေးပညာသည် အလွန်အရေးကြီးသော ပညာတစ်ရပ်ဖြစ် သည်။ ချမ်းသာသုခနှင့် စိတ်ပျော်ရွှင်မှုရအောင် ဆေးပညာရပ် ကထူးကဲစွာ စွမ်းဆောင်ပေးနိုင်ပေသည်။ ဆေးပညာသည် ရောဂါဝေဒနာများကို ကာကွယ်ရန်သော်လည်းကောင်း၊ ကုစားရန်သော် ၎င်း၊ သက်သာစေရန်သော်လည်းကောင်း ပြုလုပ်ပေးနိုင်သော ပညာရပ် ဖြစ်လေသည်။

ဆေးကုသနည်း အမျိုးမျိုး

ပြင်ဆင်ရန်

အချို့ရောဂါတို့ကို ကုသရာတွင် လူနာကိုဆေးတိုက်၍ ကုသကြရ၏။ ထိုဆေးများသည် ကိုယ်ခန္ဓာတွင်းရှိ မူလဆဲများ ကို မပျက်စီးစေဘဲ၊ လူနာ၏ ကိုယ်ခန္ဓာမှ ရောဂါပိုးများကိုသာ သုတ်သင်ရှင်းလင်းပေးသည်။ ကျွန်ုပ်တို့သည် ငှက်ဖျားရောဂါ ဖြစ်သောအခါ ကွီနိုင်ကိုစားသုံးကြ၏။ ကွီနိုင်သည် ငှက်ဖျား ရောဂါပိုးများကို သုတ်သင်ရှင်းလင်းပေးနိုင်သဖြင့် ငှက်ဖျား ရောဂါအတွက် ဆေးဖြစ်သည်။


ဒစ်ဖသီးရီးယား ဆုံဆို့နာကဲ့သို့ ရောဂါများတွင် ရောဂါပိုးများ ကြောင့်ဖြစ်သော အဆိပ်ကိုပြယ်စေရန် အန်တီတော့ဆင် အဆိပ် ဖြေဆေးကို အသုံးပြုကြသည်။


အချို့ ရောဂါများသည် ကိုယ်ခန္ဓာတွင် ဓာတ်ပစ္စည်းတစ်ခုခုချို့တဲ့သောကြောင့်ဖြစ်ရသဖြင့် ထိုလိုသော ဓာတ်ပစ္စည်းများကို လူနာအား စားသုံးစေ၍ ရောဂါကို ကုစားကြရသည်။ ဤနည်းဖြင့်ကုသရာ ၌ အသုံးပြုသောဆေးများမှာ ယခုအခါ တစ်ဖြည်းဖြည်းတိုး တက်များပြားလာရကား နောင်အခါ အလွန်ကျေးဇူးများဖွယ်ရာအကြောင်းရှိပေသည်။ အချို့ရောဂါ များသည် သင့်တော်သောအစာကို မစားရသောကြောင့် ဖြစ်တတ်၍၊ ထိုရောဂါများကို ကုသရာတွင် အစာကိုတော်သင ့်အောင်ပြောင်းပေးရုံဖြင့် ရောဂါဝေဒနာပျောက်ကင်းသွားနိုင်ပေသည်။ ထိုရောဂါများကိုကုသရာတွင် ဗိတာမင်ဓာတ်တို့သည် ကောင်းသောအထောက်အပံ့များဖြစ်လေသည်။


ဗိလတ်တုတ်ကွေးဖားကဲ့သို့ ရောဂါမျိုးကို ကုသရာတွင် လူနာသည် အိပ်ရာမှမထဘဲ အနား ယူနေရသည်။ ဤသို့အနားယူနေခိုက် ကိုယ်ခန္ဓာသည်ချွတ်ယွင်း ချက်များကို အလိုအလျောက် ပြုပြင်ပေးလေသည်။ တစ်ခါ တစ်ရံ ဣရိယာပုတ်မျှတစ်မှုမရှိသဖြင့် အချို့ရောဂါများ စွဲကပ် တတ်သည်။ ထိုရောဂါမျိုးကို ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်းများ ပြုလုပ်ပေးရုံဖြင့် ပျောက်ကင်းစေနိုင်သည်။ 'စိတ်ထောင်းလျှင် ကိုယ်ကြေသည်'ဟူသော မြန်မာစကား ပုံအရ လူ၏ကိုယ်ခန္ဓာတွင် စိတ်ကြောင့်ဖြစ်ရသော ရောဂါများ လည်းရှိသည်။ ထိုရောဂါများမှာ စိတ်ပူပန်ခြင်း၊ နဗ်ကြောများ၌ ထိခိုက်ခြင်း၊ ထိတ်လန့်ခြင်း၊ ရောဂါမရှိဘဲ ရောဂါရှိသည်ဟု စိတ်၌စွဲမြဲစွာ ယုံကြည်ခြင်းစသည်တို့ကြောင့် ဖြစ်သည်။ ထို ရောဂါများကို ကုသရာတွင် ဆိုင်ကီအက်ထရီ ကုထုံးကုနည်းကို အသုံးပြုကြရ၏။


အဆစ်များကို နှိပ်နယ်ပေးခြင်း သို့မဟုတ် ကျင်လျင်စွာကိုင်တွယ်လှုပ်ရှားပေးခြင်း စသည်တို့သည် သွေး သို့မဟုတ် လင့် (သားနံရည်)ကို မှန်မှန် လှုပ်ရှားသွားလာစေသောကြောင့် အချို့ရောဂါများကို ပျောက်ကင်းစေနိုင်သည်။ တစ်ခါတစ်ရံ အချို့ရောဂါများကို ကုသရာတွင် အိပ်စရေးရောင်ခြည်ကို၎င်း၊ ရေဒီယမ်ကို၎င်း အသုံးပြုကြရသည်။


ခွဲစိတ်ကုသရာ၌ မေ့ဆေးသည် များစွာအထောက်အပံ့ပြုသဖြင့် ယခုအခါ ခွဲစိတ်ကုသခြင်း အတတ်ပညာသည် အံ့မခန်းအောင်တိုးတက် လျက်ရှိပေသည်။ ခွဲစိတ်ကုသနည်းတွင် ရောဂါဖြစ်နေသည့် ကိုယ်အင်္ဂါ အစိတ် အပိုင်းများကို ဖြတ်တောက်ဖယ်ရှားပစ်ခြင်း၊ သွေးကြောလေ ကြောတို့ကို ခွဲ၍ဆေးကြောပစ်ခြင်း၊ နေရာလွဲနေသော အစိတ် အပိုင်းများကို နေရာတကျဖြစ်အောင် ပြုပြင်ပေးခြင်းစသည်တို့ ပါဝင်လေသည်။

အနာရောဂါများစွာတို့၏ ဇာစ်မြစ်အကြောင်းကို လွန်ခဲ့ သည့် ၇၅ နှစ်ခန့်အတွင်းလောက်ကျမှ အသေအချာသိရှိခဲ့ကြ လေသည်။ ထိုသို့သိရှိခဲ့ကြသော ရောဂါများအနက် ရောဂါပိုး ကြောင့်ဖြစ်သည့်အနာ ရောဂါများသည် အထင်ရှားဆုံးဖြစ်၏။ ထိုရောဂါများသည် ကိုယ်ခန္ဓာတွင် ဗက်တီးရီးယားခေါ် အလွန် သေးငယ်သောအပင် သို့မဟုတ် သတ္တဝါများပေါက်ပွားလာ ခြင်းကြောင့်ဖြစ်သည်။ ဤအချက်ကို လူဝီ ပါးစတား အမည် ရှိသော ပြင်သစ်ဓာတုဗေဒပညာရှင်ကြီးက တွေ့ရှိခဲ့လေသည်။


ဒစ်ဖသီးရီးယား ရောဂါ၊ တိုက်ဖွိုက်အူ ရောင်ဖျား၊ တီဗီရောဂါနှင့် အခြားကူးစက်သည့်ရောဂါများမှာ ရောဂါပိုးတို့ကြောင့် ဖြစ်လေသည်။

ဆေးကုသရာတွင် အနာမသိ ဆေးမရှိဟူသော စကား အတိုင်း ဆရာဝန်တို့၏ပထမဆုံး အရေးကြီးသောလုပ်ငန်းမှာ ရောဂါကိုသိရအောင်ရှာဖွေရန်ဖြစ်သည်။ ဤသို့သိရှိရန်အတွက် ဆရာဝန်သည် အနာရောဂါတို့၏ သဘောနှင့်လက္ခဏာများ ကိုသိရပေမည်။ ထိုသို့သိရှိရန် အနာတမီ၊ ဖီဇီဩလိုဂျီနှင့် ရောဂါဗေဒ (ပသော လိုဂျီ)တွင် များစွာကျွမ်းကျင်ရပေမည်။ ကာယဗေဒ (အနာတမီ)မှာ ကိုယ်ခန္ဓာဖွဲ့စည်းဆောက်တည်ပုံ အကြောင်းနှင့် စပ်လျဉ်းသော ပညာဖြစ်သည်။ ခန္ဓာကိစ္စဗေဒ (ဖီဇီဩလိုဂျီ)မှာ ကိုယ်ခန္ဓာမည်ကဲ့သို့ အလုပ်လုပ်ပုံအကြောင်း နှင့်စပ်လျဉ်းသော ပညာဖြစ်သည်။ ရောဂါဗေဒမှာ အနာရောဂါ ကြောင့် ကိုယ်ခန္ဓာတွင် ပြောင်းလဲမှုရှိပုံ၊ ကိုယ်ခန္ဓာတွင် ရောဂါ ဖိစီးနှိပ်စက်ပုံ အကြောင်းနှင့်စပ်လျဉ်းသော ပညာဖြစ်လေသည်။ ဤပညာရပ်များကို တတ်မြောက်သူသည် လူနာ၏ အကြောင်း ကို သိသောအခါ၊ မိမိနှစ်ရှည်လများ ဆည်းပူးခဲ့သော ဗဟု သုတဖြင့် ရောဂါ၏ဇစ်မြစ်ကို ရှာဖွေနိုင်သည်။ ထို့ကြောင့် ဆရာဝန်များသည် မိမိထံသို့ ဆေးကုသရန် ရောက်ရှိလာသော လူနာများအား ရှေးကခံစားခဲ့ရသည့် ရောဂါဝေဒနာများ အကြောင်းနှင့် လူနာ၏ အလေ့အထ၊ အလုပ်အကိုင်၊ နေထိုင် စားသောက်ပုံအခြေအနေတို့ကို မေးမြန်းလေသည်။ လူနာများ ကလည်း ရှေးကဖြစ်ပျက်ခဲ့သည့် ရောဂါများသည် ယခုလက်ရှိ ခံစားနေရသောရောဂါနှင့် မည်သို့မျှမသက် ဆိုင်ဟူ၍လည်းကောင်း၊ ဆရာဝန်သည် ရောဂါနှင့် မပတ်သက်သော အချက်အလက် များကို စပ်စပ်စုစု သိလိုသည်ဟူ၍လည်းကောင်း သဘောမထားဘဲ၊ မေးသမျှကို ခရေစေ့တွင်းကျ ဖြေကြားသင့်ပေသည်။ သို့မှသာ လျှင် ဆရာဝန်သည် အနာရောဂါကိုသိရှိလာသောအခါ ပျောက် ကင်းနိုင်သောရောဂါဖြစ်လျှင် ပျောက်ကင်းအောင် ဆေးဝါးတိုက် ကျွေးခြင်း၊ မပျောက်ကင်းနိုင်သော ရောဂါမျိုးဖြစ်လျှင်လည်း ဝေဒနာခံစားမှုနည်းနိုင်သမျှ နည်းအောင်ကုသပေးခြင်း စသည် တို့ကို ပြုလုပ်နိုင်ပေသည်။

အထက်တွင် ဖော်ပြခဲ့သော ကုထုံးကုနည်းတို့ကို ကျွန်ုပ် တို့သည် သိပ္ပံပညာ တိုးတက်ထွန်းကားလာမှုကြောင့် တွေ့ရှိခဲ့ ခြင်းဖြစ်ပေသည်။ ဤကုထုံး ကုနည်းများကို ဆေးအတတ်ပညာ တွင် တစိတ်တစ်ဒေသအားဖြင့် အကျုံးဝင်လျက်ရှိ၏။ စနစ် တကျသင်ကြား တတ်မြောက်လာကြသည့် ဆေးသမားဟူသရွေ့ တို့သည် ရောဂါသည်တစ်ဦးကို ကုသရာတွင် ကျေနပ်ဖွယ် ကောင်သောနည်းရှိလျှင် ထိုနည်းဖြင့် အမြဲတမ်းကုသလေ့ရှိကြ သည်။ ဥပမာအားဖြင့် ဆေးသမားတိုင်းသည် ဒစ်ဖသီးရီးယား ရောဂါကို အန်တီတော့ဆင် အဆိပ်ဖြေဆေး ထိုးပေး၍၎င်း၊ အရိုးကျိုးသွားသည်ကို အရိုးဆက်ပေး၍၎င်း၊ မျက်လုံးအပြင် မှန်ဖောက်ပြန်ခြင်းခေါ် မျက်စိရောဂါကို ဆလင်ဒါပုံမျက်မှန်တပ် ပေး၍၎င်း၊ ကုသပေးပေလိမ့်မည်။ ရောဂါ၏ ဇာစ်မြစ်နှင့် ရောဂါကုထုံးကို မသိသည့်ရောဂါမျိုးတွင်သာ ဆေးသမားတို့ သည် တစ်ဦးနှင့်တစ်ဦး အယူအဆချင်း ကွဲလွဲတတ်ကြလေ သည်။

ဆေးပညာကို လူတို့လိုက်စားခဲ့ကြသည်မှာ ရှေးသမိုင်း မတင်မီ ခေတ်ကပင်ဖြစ်၏။ ရှေးအခါက လူရိုင်းတို့၏ အကြီး အကဲလုပ်သူများသည် ဆေးဆရာများပင် ဖြစ်ကြသည်။ ရှေးလူရိုင်းတို့၏ အယူအဆအားဖြင့် အနာရောဂါဟူသည် မကောင်းသော နတ်မိစ္ဆာတို့၏ ဖမ်းစားမှုကြောင့်ဖြစ်သည်ဟု ယူဆကြသည်။ ထို့ကြောင့် အနာရောဂါဖြစ်သောအခါ ပျောက် ကင်းချမ်းသာအောင်ဂါထာမန္တရားများကို ရွတ်ဖတ်သရဇ္ဈာယ် ခြင်း၊ နတ်များအား အမျိုးမျိုးပူဇော်ပသခြင်း၊ နတ်ပွဲကျင်းပ ခြင်းစသည်တို့ကို ပြုလုပ်လေ့ရှိကြသည်။ အနာရောဂါမှ ပျောက် ကင်းချမ်းသာရာရကြသော ရောဂါသည်များသည် နတ်များမ၍ ရောဂါပျောက်ကင်းသည်ဟု ယုံကြည်ပြီးလျှင် နတ်များကို ကိုး ကွယ်ပသကြလေသ်၊ ရှေးအီဂျစ်လူမျိုးနှင့် ဂရိလူမျိုးတို့သည် ရောဂါ ပျောက်ကင်းအောင် နတ်များကို ပုူဇော်ပသခဲ့ကြသည်။ 'ဆေးပညာ၏ ဖခင်'ဟု အမည်တွင်ခဲ့သော ဟစ်ပေါ့ ကရာတီဆိုသူသည် ဘီစီ ၄၆ဝ ကပေါ်ထွန်းခဲ့၏။ ထိုဆရာကြီး သည် အနာရောဂါနှင့် ရောဂါလက္ခဏာတို့မှာ ဆက်စပ်လျက်ရှိ သည်ကို တွေ့ရှိခဲ့သည်။ ထိုခေတ်က ရောဂါ၏ဇာစ်မြစ်ကို မည်သို့မျှ မသိခဲ့ကြချေ။ ထို့ကြောင့် ထိုခေတ်က ဆေးသမား အမည်ခံ ပုဂ္ဂိုလ်များတွင် ကုထုံးကုနည်း အမျိုးမျိုးပေါ်ပေါက် ခဲ့သည်မှာ အံ့ဩစရာမဟုတ်ချေ။ ဤသို့ကုထုံးကွဲလွဲမှုကို ရှေး ခေတ်မှ အလယ်ခေတ်၊ အလယ်ခေတ်မှ ယခုခေတ်သို့တိုင် အောင် တွေ့ရှိနိုင်လေသည်။ ကုထုံးအမျိုးမျိုးတွင် အယ်လိုပက် (ပဋိကုနည်း)၊ ဟိုမီယိုပက်(အနုကုနည်း)၊ ဩစတီယိုပက်နှင့် ကိုင်ရိုပရတ်တစ်ဟူသော ကုထုံးလေးမျိုးမှာ ထင်ရှားလေသည်။ အယ်လိုပက်ကုနည်းမှာ ရောဂါဖြစ်သည့်အခါ ဖြစ်ပေါ်သော လက္ခဏာနှင့် မတူသည့် လက္ခဏာကို ဆေးများဖြင့်ဖန်တီး၍ ကုယူသောနည်းဖြစ်သည်။ ဟိုမီယိုပက် ကုနည်းတွင် ရောဂါ၏ လက္ခဏာနှင့် ဆင်တူသောလက္ခဏာကို ဆေးများဖြင့်ဖန်တီး၍ ကုယူသော နည်းဖြစ်သည်။ ဩစတီယိုပက် ကုထုံးကို လိုက်နာ ကြသည့် ဆရာများက ရောဂါသည် အရိုးအနေအထား ပုံပျက်၍ ဖြစ်သည်ဟု ယူဆကြလေသည်။ ကိုင်ရိုပရက် တစ်ဆရာတို့၏ သဘောအရမူကား၊ ကျောရိုးဆစ် (ဗာတီဗရာ)များ နေရာပျက် ပြီးလျှင်၊ နဗ်ကြောများတွင် သာမန်ဖိနှိပ်အားထက် ပို၍များသွား စေသောကြောင့်ဖြစ်သည်ဟု ယူဆကြလေသည်။ ဆေးပညာမှာ အလွန်အဖိုးတန်သော ပညာရပ်တစ်ခုဖြစ် ရာ၊ တစ်စုံတစ်ယောက်သောသူသည် ဆေးဆရာဖြစ်လိုသည်ဟု ဆိုကြပါစို့။ အသက်မွေးဝမ်းကျောင်းအတွက်သက်သက် ဆေး ဆရာဘဝကို လိုလားသလော၊ သို့မဟုတ် လူသတ္တဝါတို့၏ အသက်ကို ကယ်ဆယ်စောင့်ရှောက်လိုသော အာသီသကြောင့် လောဟု မိမိကိုယ်ကိုမိမိ ဆန်းစစ်ကြည့်ဖို့လိုပေသည်။ လုပ်ငန်း ၏တန်ဖိုးကို လေးစားနှစ်ခြိုက်သောအားဖြင့်သာ ဆေးပညာကို လိုက်စားသင့်ပေသည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)