ဆဲသည်နှင့် ဆန်ချေးနှင့် အဆမတန်
ဆဲသည်နှင့် ဆန်ချေးနှင့် အဆမတန် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ဆန်ချေးယူမိရာတွင် အဆဲခံရခြင်းက ချေးယူသည့်ဆန်နှင့်ပင် အဆမတန်သကဲ့သို့ အကူအညီ တောင်းခံမိရာတွင် အနှိမ်ခံရခြင်းက ရရှိသည့်အကူအညီနှင့် အဆမတန် ဖြစ်သည်။ [၁]
မူလရင်းမြစ်
ပြင်ဆင်ရန်- "ဆဲတာနှင့် ဆန်ချေးနှင့်မျှ အဆမတန်ဆိုတာကို ကိုယ်က လက်ဆောင်ပြန်ရတာက နှစ်ဆမက၊ ဧည့်သည်တွေအိမ်ကို လာလိုက်တာကလည်း ခဏခဏ။" [၁၂၇၈] တင်မြ၊ ပ။ ၁၆၁။
- "အိုဗျာ-မရွှေပုံ့နှယ် မကျန်းမမာ ဖြစ်နေတဲ့ ကြားထဲ သည်အတွက်တွေ တွေးမပူနေပါနဲ့။ ကျုပ်ကလည်း ဆဲတာနဲ့ ဆန်ချေးနဲ့ ချေဖို့ စိတ်မကူးပါဘူး။" [၁၃၁၅] ဤယမုန်။ ၃၀၈။