ဆွေးနွေးချက်:မြန်မာ့ ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု

ကမ္ဘာ့ ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု ပြင်ဆင်ရန်

The first recorded aircraft hijack took place on February 21, 1931, in Arequipa, Peru. The world's first fatal hijacking occurred on 28 October 1939. [၁] --ဖြိုးWP (ဆွေးနွေးရန်) ၀၃:၅၀၊ ၂၇ မတ်​ ၂၀၁၄ (UTC)

  • လေယာဉ်ပျံပြန်ပေးဆွဲမှုများကို ခေတ်အဆက်ဆက် ကမ္ဘာ့နုိင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သော်လည်း ၁၉၅၄-ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော လေယာဉ်အပုိင်စီးမှုကို ကမ္ဘာ့ပထမဆုံး လေယာဉ်ပျံပြန်ပေးဆွဲမှုအဖြစ် သတ်မှတ်ရမည်ဟု ဆိုနိုင်ပါသည်။ မကာအို(Macau)မှ ဟောင်ကောင်သို့ ပျံသန်းသော လေယာဉ်ကုိ ၁၉၄၈-ခုနှစ်တွင် ပြန်ပေးဆွဲခဲ့သည်ဟု အဆုိရှိပါသည်။ ထိုဖြစ်စဉ်တွင် လေယာဉ်တစ်စင်းလုံး ပစိဖိတ်သမုဒ္ဒရာထဲကို ထိုးဆင်းပြီး ပျက်စီးသွားသဖြင့် လေယာဉ်ပေါ်တွင် ပါသူ ၂၅-ယောက်လုံး အသက်ဆုံးရှုံးသွားပါသည်။ လေယာဉ်စီး ခရီးသည်များထဲမှ ကိုရီးယားလူမျိုးသုံးဦးကို သံသယရှိခဲ့ပြီး သူတို့သုံးဦးက လေယာဉ်ကို လုပ်ကြံအပိုင်စီးခြင်း ဖြစ်နိုင်သည်ဟု တွက်ဆကြသည်။

သို့သော်လည်း လေယာဉ်အပုိင်စီးကြောင်း ခိုင်လုံသော သက်သေအထောက်အထား မရရှိခဲ့ပေ။ ယခုကဲ့သုိ့ လေယာဉ်ပျံသန်းမှု မှတ်တမ်း(Black Box)ကလည်း မပေါ်သေးသဖြင့် အထောက်အထား မရနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ၁၉၅၄-ခုနှစ်က လေယာဉ်ပျံပြန်ပေးဆွဲမှုသည် ကမ္ဘာပေါ်တွင် ပထမဆုံးအဖြစ် သတ်မှတ်နုိင်သည်ဟု ဆုိရခြင်းဖြစ်သည်။ [၁]

  1. စာရေးသူ ဦးလှသောင်းDip in B.Dh ၏ မြန်မာနိုင်ငံ၏ ကမ္ဘာ့ ပထမဆုံး လေယာဉ် ပြန်ပေးဆွဲမှုကြီး၊ စာ(၉-၁၀)
စာမျက်နှာ "မြန်မာ့ ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု" သို့ ပြန်သွားရန်။