ဆွေးနွေးချက်:ကြယ်စုတန်း

Latest comment: ပြီးခဲ့သည့် ၂ နှစ် by Dr Lotus Black in topic အမည်

အမည် ပြင်ဆင်ရန်

Constellation ကို ရှိပြီးသား အသုံးတွင်ကျယ်ပြီးသား မြန်မာ စကားလုံးဖြစ်တဲ့ တာရာ (သို့) ကြယ်တာရာ လို့ပဲ သုံးရင် ကောင်းမယ်ထင်ပါတယ်။ ကြယ်စုတန်း ဆိုတဲ့ စကားလုံးက နားလည်နိုင်ပေမယ့် နက္ခတ္တဗေဒ / နက္ခတ္တသိပ္ပံ နယ်မှာ အသုံးမတွင်သေးတဲ့ အသစ်ပြန်ထွင်ထားတဲ့ စကားလုံးလို ဖြစ်နေပါတယ်။ မြန်မာစကားမှာ ကြယ်စုတန်းတွေအတွက် နက္ခတ် နဲ့ တာရာ ဆိုပြီး နှစ်မျိုး ရှိပါတယ်။ သဘောကတော့ အတူတူပါပဲ။ ဒါပေမယ့် နက္ခတ် ဆိုတာကို ဗေဒင်အသုံး နက္ခတ် ၂၇ လုံးအတွက်သာ သီးသန့်သုံးပြီး တာရာကတော့ အားလုံးနဲ့ အကျုံးဝင်ပါတယ် ။ ဒါကြောင့် Constellation ကို တာရာ (သို့) ကြယ်တာရာ လို့ ပြောင်းဖို့ အကြံပြုပါတယ်။ Yarzaryeni (ဆွေးနွေး) ၁၀:၅၅၊ ၂၃ ဒီဇင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

အခေါ်အဝေါ်အမည်မှန်က ကြယ်တာရာ ဆိုရင်လည်း ကန့်ကွက်ရန် မရှိပါ။ သို့သော် ကြယ်စုတန်းနဲ့ လင့်ခ်ချိတ်ထားတဲ့ စာမျက်နှာမှန်သမျှကိုလည်း ပြောင်းလဲရမယ်ထင်တယ်။ ဥပမာ လာစာသာ (ကြယ်စုတန်း)ဒရကို (ကြယ်စုတန်း)စီတပ် (ကြယ်စုတန်း) အစရှိသည်ဖြင့် ကြယ်စုတန်းနဲ့ပတ်သက်တဲ့ဆောင်းပါးအားလုံးနဲ့ သက်ဆိုင်ရာကဏ္ဍတွေကို‌ပေါ့။ နောက်ပြီး ကြယ်စုတန်းတခုမှာ ပါဝင်တဲ့ ကြယ်၊ ဂလက်ဆီအပါဝင် သက်ဆိုင်ရာဆောင်းပါးတွေမှာ နှစ်ဆင့်ပြန်ညွှန်းခြင်း ရှိ/မရှိ စစ်ဆေးသင့်ပါကြောင်း။ Dr Lotus Black (ဆွေးနွေး) ၁၅:၂၉၊ ၂၃ ဒီဇင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "ကြယ်စုတန်း" သို့ ပြန်သွားရန်။