ဆွေးနွေးချက်:ဂျပန်နိုင်ငံ

Latest comment: ပြီးခဲ့သည့် ၁ နှစ် by Htanaungg in topic Nihon

Nihon ပြင်ဆင်ရန်

@Chan Sung-Min: 本 ဆိုတာ အစုအပုံလို့ ဘယ်ရင်းမြစ်ကနေ တွေ့လာပါသလဲ။ 本 ဆိုတာ N5 level မှာဆို စာအုပ်ကို ပြောတာပါ။ နောက် ပုလင်းတို့ ဘူးတို့လို ပိန်ရှည်ရှည်အရာတွေကို ရေတွက်တဲ့အခါ မျိုးပြပစ္စည်းအနေနဲ့ ဆောင်ရွက်ပါတယ်။ လက်ရှိမျက်မှောက်ဆိုတဲ့ အဓိပ္ပာယ်လဲရှိပါတယ် (ဥပမာ 本日 (Honjitsu) ဒီကနေ့)။ ဒါပေမဲ့ 日本 (Nihon) ရဲ့ 本 က အဲဒီအဓိပ္ပာယ်တွေ မဟုတ်ဘဲနဲ့၊ 元 (Moto) မူလရင်းမြစ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးထားတာပါ။ ဒါကြောင့်မို့ နိဟွန်းဆိုတာ Origin of Sun, နေထွက်ရာနေရာ ဆိုတဲ့ အဓိပ္ပာယ်ပါ။ enwiki ဘက်မှာလဲ အဲဒီအဓိပ္ပာယ်ကို ဖော်ပြထားပါတယ်။ ကိုယ့်အယူအဆကို လျှောက်ဖြည့်တာတွေ ရှောင်ပါ။ ~ ထနောင်း (🔔📝) ၀၅:၃၇၊ ၃၁ မေ ၂၀၂၂ (UTC)အကြောင်းပြန်ရန်

စာမျက်နှာ "ဂျပန်နိုင်ငံ" သို့ ပြန်သွားရန်။