ဆွေးနွေးချက်:နဂရရာဇသီမာမြို့

မြို့အမည် ပြင်ဆင်ရန်

@Chan Sung-Min: ထိုင်းဘာသာစကားမှာ သီရိ (ပါဠိ: သိရီ) ကို Si လို့ရေးတယ်ဆိုတာ အထောက်အထားပြပါ။ သီရိလင်္ကာကို ဆီလန်ကာ (Si Lanka) လို့ မရေးပါ၊ ထိုင်းဝီကီမှာ ศรีลังกา​ (ဆရီ လန်င်ကာ) လို့ ရေးထားပါတယ်။ အသံထွက်ဖတ်ရင်တော့ ရ-သံကိုဖျောက်ပြီးတော့ ဆီလန်ကာ ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ရေးတဲ့အခါတော့ သိရီကို ဆရီလို့သာ ရေးပါတယ်။ အခု ဒီမြို့နာမည်မှာပါတဲ့ Sima ဆိုတာ သိမ်လို့အဓိပ္ပာယ်ရတဲ့ ပါဠိစကား သီမာကနေ လာတာပါ။ "ရာဇသီမာမြို့" (=ဘုရင့်သိမ်တော်ရှိရာမြို့) ဖြစ်ပါတယ်။ ​သီရိမာဆိုတာ လူနာမည်ပါ၊ မြတ်စွာဘုရားလက်ထက်က အမ္ဗပါလီတို့နဲ့ ခေတ်ပြိုင် ပြည့်တန်ဆာမတစ်ဦးရဲ့ နာမည်ပါ (ခုထက်ထိလဲ သုံးကြပါသေးတယ်)။ သီမာဆိုတာ မကြားဖူးဘူး၊ သီရိမာပဲ ကြားဖူးတယ်ဆိုပြီးတော့ ရာဇသီမာကို ရာဇသီရိမာ လုပ်လို့မရပါဘူး။ ထိုင်းစကားက romanization ဖတ်တတ်ရုံနဲ့မရဘူးနော်၊ စာလုံးပေါင်းတွေပါ ဖတ်တတ်မှရမှာ။ ~ ထနောင်း (🔔📝) ၁၂:၅၄၊ ၁၆ ဇွန် ၂၀၂၂ (UTC)အကြောင်းပြန်ရန်

ဟုတ်ကဲ့ပါ ဆရာရယ် ဆရာက ပိုတတ်နေတယ်၊ ဘန်ကောက်တက္ကသိုလ်က လူထက်ပေါ့ Chan Sung-Min (ဆွေးနွေး) ၀၉:၅၅၊ ၁၇ ဇွန် ၂၀၂၂ (UTC)အကြောင်းပြန်ရန်

နဂရ ဆိုသည် ပါဠိဘာသာမှ ဆင်းသက်လာသော စကားဖြစ်၍ မြို့ဟု အဓိပ္ပာယ်ရသည်။ ထိုင်းဘာသာ၌ နခွန် (နဂိုရ်)ဟု အသံထွက်သည်။ ရာဇသည်လည်း ပါဠိစကားဖြစ်၍ ဘုရင် ဟု အဓိပ္ပာယ်ရသည်။ သီမာ သည်လည်း ပါဠိစကားပင်ဖြစ်၍ သိမ်ဟု အဓိပ္ပာယ်ရသည်။ ပေါင်းလိုက်သော် ဘုရင့်သိမ်မြို့ဟု အဓိပ္ပာယ်ရသည်။ 흐흐흐 (ဆွေးနွေး) ၀၅:၁၀၊ ၁၁ ဇူလိုင် ၂၀၂၂ (UTC)အကြောင်းပြန်ရန်

စာမျက်နှာ "နဂရရာဇသီမာမြို့" သို့ ပြန်သွားရန်။