ဆွေးနွေးချက်:ပုတ္တလုပ်
မင်္ဂလာရာမကျောင်းတိုက်အတွင်းရှိ လူသိနည်းသော ရှေးဟောင်းဘုရားဆင်းတုတော် နှစ်ဆူ
ပြင်ဆင်ရန်မင်္ဂလာရာမကျောင်းတိုက်အတွင်းရှိ ဆွမ်းစားကျောင်းဆောင်သို့ ရောက်ရှိသည့်အခါ ဒေါ်ဝင်းရွှေမိသားစု လှူဒါန်းထားသော ဘူမိဖဿမုဒြာဟန် ဘုရားဆင်းတုတော် အကြီးတစ်ဆူကို ဖူးတွေ့ရပေမည်။
ယင်းဆင်းတုတော်ကြီး၏ ဝဲယာတွင် ဘူမိဖဿမုဒြာဟန် အလတ်စား ဘုရားဆင်းတုတော်နှစ်ဆူ ရှိသည်။ လက်ဝဲဘက် အဆူမှာ ဘုရားအမကြီး ဒေါ်သက်၏ ကောင်းမှုတော် ဖြစ်ပြီး လက်ယာဘက် အဆူမှာ ဘုရားအမကြီး ဒေါ်မှို၏ ကောင်းမှုတော် ဖြစ်သည်။ ကုသိုလ်မှတ်တမ်းများနှင့်ပတ်သက်၍_
(ဝဲ) "၁၂၇၆ခု၊နှောင်းတကူးလပြည့်၊တနင်းလာနေ့၊ ကျောက်တန်းမြို့အပိုင် ပုတ္တလုပ်ရွာနေ၊ဘုရားအမဒေါ်သက်၊ကောင်းမှု၊သာဓုနတ်လူခေါ်စေသော်။"
(ယာ) "၁၂၈၅၊ခုနှစ်။ဟံသာဝတီဒိစတြိတ်။ကျောက်တန်းမြို့အပိုင် ပုတ္တလုပ်ရွာ။ဘုရားအမကြီးဒေါ်မှို ကောင်းမှု။" ဟူ၍ မှတ်တမ်းတင်ထားပါသည်။
အဆိုပါမှတ်တမ်းများအရ_ ဒေါ်သက်၏ ကုသိုလ်တော် ဆင်းတုတော်မှာ ၁၀၆-နှစ်ခန့် သက်တမ်းရှိပြီ ဖြစ်ပြီး ဒေါ်မှို၏ ကုသိုလ်တော် ဆင်းတုတော်မှာ ၉၈-နှစ်ခန့် သက်တမ်းရှိပြီ ဖြစ်သည်။
သမိုင်းတန်ဖိုး၊ယဉ်ကျေးမှုတန်ဖိုး၊ယုံကြည်ကိုးကွယ်မှုတန်ဖိုးစသော စံတန်ဖိုးကောင်းများကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဖော်ပြလိုက်ရပါသည်။ U Yewata (ဆွေးနွေး) ၁၆:၀၁၊ ၄ ဇူလိုင် ၂၀၂၂ (UTC)