ဆွေးနွေးချက်:ဖောင်းပြင်မြို့

‌ဖောင်းပြင်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ ‌ ‌ဒေသသမိုင်းအကျဉ်း ‌ ‌ဖောင်ပြင်မြို့နယ်သည် ဒုတိယကုန်းဘောင်ခေတ်အထိ ထင်ရှားခဲ့ခြင်း မရှိသေးပါ။ နယ်ချဲ့လက်ထက်မှ စတင်ကာ ဘောင်း​ပြင်ဟူသော အသုံးအနှုန်းအစား ဖောင်းပြင်ဟု ခေါ်ဆိုခဲ့ပါသည်။ သို့ရာတွင်ဖောင်းပြင်မြို့ရှိ ရာဇမုနိဘုရားမှတ်စာ ငွေပေလွှာတွင် ဘောင်းပြင်ဟု ရေးသားထားသည့်ကို တွေ့ရှိရပါသည်။ ထို့အပြင် ၁၂၉၄ ခုနှစ်တွင် ရေးထိုးခဲ့သည့် မြို့နယ်ရှိ မဟာမုနိဘုရား ကျောက်စာ စာ​ကြောင်းရေ(၄၂-၄၃) တွင်လည်း ဘောင်းပြင်မြို့ဟု ဖော်ပြထားသည့်ကို တွေ့ရှိရပါသည်။ ယင်းအထောက်အထားများအရ ဖောင်းပြင်သည် ဘောင်းပြင်ဟူသော ​ဝေါဟာရမှ အဆင့်ဆင့် ပြောင်းလဲခေါ်လာသည်ဟု ဆိုရမည်ဖြစ်ပါသည်။ ယနေ့ ရုံးသုံးအမည်နာမနှင့် လူအများစုမှ ဖောင်းပြင်မြို့ဟုပင် ခေါ်​ဝေါ်သုံးစွဲလျက် ရှိကြပါသည်။ ဖောင်းပြင်မြို့နယ်သည် ပြည်ထဲရေး၀န်ကြီးဌာန၏ (၂၈.၂.၁၉၇၃) ရက်စွဲပါစာအမှတ်၊ ၁၀၇/၁၆/စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့်လည်းကောင်း၊ ကျေးရွာအုပ်စုများကို ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီးဌာန၏ (၂၈.၂.၁၉၇၃)ရက်စွဲ ပစာအမှတ်၊ ၃/၁၀၆/အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် လည်းကောင်း၊ အတည်ပြု ဖွဲ့စည်းထားပြီး ဖောင်းပြင်မြို့နယ်တွင် ရပ်ကွက်(၂)ခုနှင့် ကျေးရွာအုပ်စု (၄၀)၊ ကျေးရွာ (၁၇၈)ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။

ဖောင်းပြင်မြို့အကြောင်း ဆွေးနွေးချက်တစ်ခု စတင်ပါ။

ဆွေးနွေးချက်တစ်ခု စတင်ရန်
စာမျက်နှာ "ဖောင်းပြင်မြို့" သို့ ပြန်သွားရန်။