ကမ္ဘာ့ အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ်(ဘီစီ ၅ ၅၁-၄၇ ၉) ၊ ဆိုကရေးတီး (ဘီစီ ၄၆၉-၃၉၉)၊ ပလေတို (ဘီစီ ၄၂၈-၃၄၈) ၊ အရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂)၊နှင့် မဟာအလက်ဇန္ဒား (ဘီစီ ၃၅၆-ဘီစီ၃၂၃)၊ တို့ မမွေးသေးပါ။

ကွန်ဖြူးရှပ်က BC 551 မှာ မွေးခဲ့တယ်ဆိုရင် ဗုဒ္ဓထက် ၁၂ နှစ်ပဲ ငယ်ပါတယ်။ ဒါကြောင့် ကာလမာလ သုတ်ဟောတဲ့ အချိန်မှာ ကွန်ဖြူးရှပ် မမွေးသေးဘူးဆိုတာ မဖြစ်နိုင်ပါဘူး။

--Saturngod (talk) ၀၈:၃၅၊ ၁၇ ဩ​ဂုတ်​ ၂၀၁၂ (UTC)

ဗုဒ္ဓ ဖွားမြင်တော်မူသောရက် နှင့် ပရိနိဗ္ဗာန်စံသောရက်တို့သည် ဗုဒ္ဓဝင်၌ အခိုင်အမာပြဆိုထားပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံမှာလည်း သာသနာသက္ကရာဇ် ဆိုပြီးသုံးနေတာရှိပါတယ်။ ထိုင်းနိုင်ငံမှာလည်း အဲဒီ သက္ကရာဇ်ကိုသုံးပါ တယ်။ အဲဒီ သာသနာသက္ကရာဇ် ဟာဘုရားရှင်ပရိနိဗ္ဗာန်စံတဲ့အချိန်ကနေ စပြီးရေတွက်ထားတာ ဖြစ်ပါတယ်။ ပို၍ အသေးစိတ်သိသူများက ကျယ်ကျယ်ပြန့်ပြန့် ဆက်ပြီးရေးစေချင်ပါတယ်။

ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ်၏ ၆၈ ခု၊ ကဆုန်လပြည့် သောကြောနေ့ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုဗ္ဗနီသာမောအင်ကြင်းတော၏ မယ်တော်မာယာဝမ်းမှ မီးရှုးသန့်စင် ဖွားမြင်တော်မူလေသည်။

၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွါးကို မနားမနေဆောင်ရွက်တော်မူခဲ့သော သဗ္ဗညူဘုရားရှင်သည် သက်တော်​ ၈၀ အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် ဝင်စံတော်မူလေသည်။

ကျနော်သိသလောက် ဖတ်မိသလောက်တော့ ယေရှု ကိုမွေးတဲ့ရက်နဲ့လ ကိုပဲသိပြီးခုနှစ်သက္ကရာဇ်ကိုမသိတဲ့ အတွက် နောက်မှ သမိုင်းဆရာများ (သို့) ခရစ်ယာန်ဘုန်းတော်ကြီးများမှ ခန့်မှန်းထားကြတယ်လို့သိရပါတယ်။ သေသေချာချာသိချင်ရင်တော့ ကျောက်ကွင်းအရေးတော်ပုံများ စာအုပ်မှာလေ့လာကြည့်နိုင်ပါတယ်။

ပေါင်းသင့်ပါတယ်။ တဖက်က ပိုပြည့်စုံပါတယ်။ — Komyominps (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 01:11, 11 February 2020

ဗုဒ္ဓ သည် လူသားသာဖြစ်၏။ ဗုဒ္ဓ သည် ဘုရား မဟုတ်ပါ။ Komyominps : ယေရှူ၏ မွေးနေ့အမှန်ကို မှတ်တမ်းတင်ထားခြင်းမရှိပါ။ ၂၅ ရက် ဒီဇင်ဘာလသည် ဖြစ်နိုင်သည့်နေ့လို့သာ သတ်မှတ်ကြပါသည်။ --T-Dharma (talk)

စာမျက်နှာ "ဗုဒ္ဓ" သို့ ပြန်သွားရန်။