ဆွေးနွေးချက်:မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
Latest comment: ပြီးခဲ့သည့် ၇ နှစ် by Win Tint Han
ABSDF website က theabsdf.org ကို ပြောင်းသွားပါတယ်။ (ဝင်းတင့်ဟန် (ဆွေးနွေး) ၀၅:၂၄၊ ၈ ဇန်နဝါရီ ၂၀၁၇ (UTC))
အောက်ဖော်ပြပါ နိဒါန်းသည် မလိုအပ်ဟု ယူဆကြောင်း ဆွေးနွေးချက်အား ကန့်ကွက်ဆွေးနွေးမှုမရှိသောကြောင့် ဖယ်ရှားလိုက်ပါသည်။
ဝင်းတင့်ဟန် ၁၄ ဧပြီ ၂၀၁၃
သည်အပိုင်းမလိုလောက်ဘူး ထင်ပါတယ်
ပြင်ဆင်ရန်- “၁၃၅၀ ပြည့်အရေးတော်ပုံ၏ အမြင့်ဆုံးကြွေးကြော်သံဖြစ်သည့် “ရ ရင် ရ။ မရ ရင် ချ” ကြွေးကြော်သံအား လူထုလမ်းညွှန်ချက်အဖြစ်သဘောထားကာ (The All Burma Students' Democratic Front (ABSDF) (ကျောင်းသားတပ်မတော်) ကို ဖွဲ့စည်းထူထောင်ခဲ့သည်။
- စစ်အုပ်စု၏လက်အောက်တွင် ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီအခွင့်အရေးများကို ရရှိနိုင်လိမ့်မည်မဟုတ် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈ ။ အပိုဒ်ခွဲ ၄ မှ) --- ဟု ယုံကြည်ခံယူကာ နေဝင်းစစ်အုပ်စုအား အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် လက်နက်ကိုင်တော်လှန်ရေးကြီးကို အောင်မြင်သည်အထိဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) --- ကြေငြာချက် (၁) တွင် ဖေါ်ပြ၍ ABSDF အား ရှစ်လေးလုံး အရေးတော်ပုံ၏ လက်နက်ကိုင်တော်လှန်ရေးတပ်ဦးအဖွဲ့အစည်းအဖြစ် အတိအလင်းဖွဲ့စည်းခဲ့သည်။
- မြန်မာပြည်ကျောင်းသားထုတရပ်လုံးနှင့် ကျောင်းသားလှုပ်ရှားမှုတလျောက်လုံးကိုင်စွဲခဲ့သည့် အမျိုးသားနိုင်ငံရေးလမ်းကြောင်းအား ABSDF ၏ ဦးဆောင်နိုင်ငံရေးအတွေးအခေါ်လမ်းစဉ်ဖြစ်သည့် အမျိုးသားနိုင်ငံရေးလမ်းစဉ်အဖြစ် တရားဝင် ပြဌာန်းကိုင်စွဲခဲ့သည်။
- လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတရပ်အနေဖြင့် မရှိမဖြစ်လိုအပ်၍ အသက်သွေးကြောသဖွယ် ဖြစ်သော နိုင်ငံရေးလမ်းစဉ်၊ စစ်ရေးလမ်းစဉ်တို့အား ရေးဆွဲပြဌာန်းခဲ့ပြီး၊ ABSDF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ကျောင်းသားတပ်မတော်ဥပဒေ၊ နည်းဥပဒေ အစရှိသော ဥပဒေများအား ရေးဆွဲပြဌာန်းခဲ့သည်။”
ကျန်တဲ့ စာပိုဒ်တွေလောက်နဲ့ လုံလောက်ပြီလို့ထင်ပါတယ်။