မြန်မာက အိန္ဒိယကို ဓာတ်အားအနေနဲ့ သွယ်တန်းရောင်းချနေခြင်းမျိုး မရှိသေးပါဘူး။ ၂၀၂၀ပြည့်နှစ်မှာ အိန္ဒိယဆီကနေ ဓာတ်အားဝယ်ပြီး နယ်စပ်ဖြတ်ကျော် transmission လိုင်းတွေနဲ့ အသုံးပြုဖို့ ဆွေးနွေးခဲ့ကြပါသေးတယ်။ အဲ့တာတောင် ဆွေးနွေးနေတုန်းပါပဲ။ မြန်မာပြည်ထဲမှာ ထုတ်ပြီး နိုင်ငံခြားကိုရောင်းတာက ဥပမာ ရွှေလီ (၁) စက်ရုံကနေ တရုတ်ပြည်ကို ပို့တာတို့၊ ထိုင်းကို သဘာဝဓာတ်ငွေ့တွေပို့တာတို့ပဲ ရှိတာပါ။ လက်တလောတော့ ရဲရွာကထုတ်တဲ့ ဓာတ်အားတွေက ဘယ်လင်းနဲ့ မိတ္ထီလာလိုင်းတွေကနေ national grid systemထဲပဲ ပို့နေတာပါ။ လက်ရှိအခြေအနေအရ national gridတောင် ချင်းနဲ့ရခိုင်ကိုရောက်အောင် တော်တော်လုပ်နေရတာ...အဲ့ဒီနေရာတွေကိုကျော်ပြီး အိန္ဒိယကိုရောက်ဖို့ဆိုတာ မလွယ်ပါဘူး။ရဲရွာကနေ အိန္ဒိယကို ပို့တယ်ဆိုတဲ့သတင်းအကြောင်းအရာတွေကို moee websiteရော ယုံကြည်ရတဲ့သတင်းဌာနတွေမှာရော မတွေ့ရပါဘူး။●ကန္တပုံ● ၀၂:၁၀၊ ၂၃ ​ဧပြီ ၂၀၂၂ (UTC)

စာမျက်နှာ "ရဲရွာ တာတမံ" သို့ ပြန်သွားရန်။