ဆွေးနွေးချက်:ရွှေဘိုဟောင်းနှင့် ရေညိုချောင်း

Latest comment: ပြီးခဲ့သည့် ၃ လ by 204.157.168.186 in topic ကဗျာ

ကဗျာ

ပြင်ဆင်ရန်

ရွှေဘိုဟောင်းနှင့် ရေညိုချောင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ


ရွှေဘိုဟောင်းနှင့် ရေညိုချောင်း စနဲတတောင် မလွဲအောင် ပုံသေဆိုတဲ့၊ ပြည်ဗဟို ရွှေဘိုမြောက်သို့၊ ရေရောက်ချိန် မတန်သေးချေထင့်၊ ကြံတွေးကာ မျှော်လို့စစ်လျှင်ဖြင့်၊ လေးနှစ်လောက်ကြာခဲ့ပြီ။

သက္ကရာဇ်ကယ်က၊ အသစ်တခါကူးလို့၊ နှစ်ဦးပေါ် နွေအနှောင်းမတော့၊ မူးချောင်းဖောက်ကာ စမ်းချေတော့၊ တာလမ်းမှာ ပြွန်ကတုတ်တွေနှင့်၊ ယင်းအခြေအင်္ဂတေသုတ်ပါလို့၊ ခင်းငွေအုတ်စီ။

ကျိန်းသတ္တာခုနစ်နှင့်၊ ရှစ်ခုတာခါကျတော့၊ ပါပ ကုန်သူရဇ္ဇောတဲ့၊ ခေတ်ဟောပုံဓာတ်အပြောင်းမို့၊ သျှောင်စောင်းပုလွေတိုတိုနှင့်၊ ပြေဗဟို ရွှေဘိုမြောက်ကယ်က၊ ရေပေါက်မှာထိုင်လို့ငေးတော့၊ မလေးမေကညာတို့၊ ရွှေနံ့သာကြိုင်ကြိုင်နှင့်၊ စံပယ်ခိုင် လည်တိုင်လှည့်မိအောင်၊ ကမ်းကြည့်တော့ တဖက်ဆည် လက်ဆယ်လီမျှောက်ချီး။

ကြိုနှင့်ပါပျိုကညာတို့၊ မြန်မာမှာ သာသာနာငွေ့ရယ်နှင့်၊ လစေ့လျှင်နှုတ်ငုံဖွားပါလိမ့်၊ ပုဏ္ဏားအိုရှောင်တခင်ပ၊ သားလိုချင်တပါးတပုံကြည့်ပြန်တော့၊ ငိုမည့်ဟန်အသံကြားပြီဟု၊ ပြန်သွားကာလူးလာခတ်လေသို့၊ မရပ်နိုင် မတည်ပြုကြနှင့်၊ ရှစ်ခုပေါ်ဓာတ်ကို မျှောက်လိုက်တော့၊ အလောင်းတော်ပရမေ၊ ခေါင်းပေါ်ပုလွေရောက်ပါလိမ့်မယ်၊ မြောင်းဖောက်အပြီး။

ခက်ဆစ် ၁။ စနဲ = စံနည်း၊ နတ်တို့က ညွှန်ပြပြောဆိုသော စကား။

၂။ တဘောင် = ခလေးသဘင်သည် သူရူးတို့ဆိုကြသော ကဗျာသီချင်း။

၃။ ကျိန်း = ကိန်း၊ တွက်ယူပုံနည်းစနစ်။

၄။ ပါပ = ပါပကိန်း။

၅။ သူရဇ္ဇော = သူရဇ္ဇကိန်း။

၆။ ပရမေ = မြတ်သော။

မှတ်ချက် ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။ 204.157.168.186 ၁၃:၅၈၊ ၁၉ စက်တင်ဘာ ၂၀၂၄ (UTC)အကြောင်းပြန်ရန်

စာမျက်နှာ "ရွှေဘိုဟောင်းနှင့် ရေညိုချောင်း" သို့ ပြန်သွားရန်။