လိုင်းမွန်းသိုင်း လိုင်းမွန်းသိုင်းပညာ သည် ရှေးသိုင်းပညာစဉ် ဖြစ်ပြီး တောင်ပေါ် ဒေသ တခွင် ထင်ပေါ်ကျော်ကြား သော သိုင်းပညာဖြစ်ပါသည် ၊

ရှမ်းသိုင်း ဆယ်မျိုး တွင် ပါ၀င်သော လိုင်းမွန်းသိုင်း ပညာဖြစ်ပြီး ၊ တအာင်း ပလောင် ဘာသာစကား ဖြင့် လာည်မှိန်း ဟု ပြောဆို ခေါ်ဆိုကြပါသည် ၊ မြောက်ပိုင်း မှ စတင်ရ်ျု ဆရာအစဉ် ဆင်သက် လာကြပါသည် ၊ လူသား တို့ ရွေ့ပြောင်း ၊ သွားလာ ၊ နေထိုင် ၊ ရှင်သန် ၊ ကြီးထွာလာရာ မှ မိသားစု ၊ မျိုးနွယ်စု ၊ တိုင်းရင်းသား တို့ ခုခံ ကာကွယ် တိုက်ခိုက်ရေး သိုင်းပညာ အဖြစ် တောင်ပိုင်စတိတ် / တောင်ပိုင်နယ် ဟော်နန်းတွင် အမှု့ထမ်းရွက်ခဲ့ကြသော သိုင်းပညာ အဖြစ် အထင်အရှား တွေ့ရှိရပါသည် ။

ရှေးအခါ ကာလများ မှ မျိုးနွယ်စု ၊ တိုင်းရင်းသား တို့ ခုခံ ကာကွယ် တိုက်ခိုက်ရေးအတွက် တိုက်ပွဲ၀င် ခဲ့ကြသော လိုင်းမွန်းသိုင်းပညာ သည် ၊ ယနေ့ခေတ် ကာလ တွင် ယဉ်ကျေးမှု့ ပွဲ၀င် အက သိုင်းပညာ အဖြစ် လည်ကောင်း ၊ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံခိုင် မှု့ အတွက် လေ့ကျင့်ကြသော သိုင်း အတတ်ပညာ အဖြစ် လည်ကောင်း မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပ သို့တိုင် ရောက်ရှိ ပြန့်နှံ ပညာ လက်ဆင့်ကမ်းပြီး မျိုးဆက်အလိုက် ထိန်းသိမ်း ပြန့်ပွားနေကြပါသည် ။

သျှမ်းသိုင်းဆယ်မျိုး ရှိပါသည် ၊ ထို သိုင်းဆယ်မျိုး တွင် လိုင်းမွန်းသိုင်း သည် အခြေခံ ဖြစ်သည် ၊ လက် လှုပ်ရှားမှု့ အခြေခံ {၇}မျိုး ၊ ‌‌ခြေ လှုပ်ရှားမှု့ အခြေခံ {၇}မျိုး ထို လှုပ်ရှားမှု့ {၇}မျိုး ဖြင့် ခေါင်း ၊ ခါး ‌၊ ခြေ ၊ လက် လှုပ်ရှားမှု့များ ဖြင့် အဝိုင်း အ၀န်း လမ်းကြောင်းများအသုံးပြုကာ ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ‌တည်ဆောက်ကြပါသည် ၊ ကျင့်ဆောင် ကြပါသည် ၊ ခြေလှုပ်ရှားမှု့ ခြေနင်းကွက် ပညာစင်အရ ၁ကွက် {ဂါရ၀ပြု}ခြင်းမှ စတင်ရ်ျု ၂ကွက် / ၄ကွက်ကို အခြေခံ လိုင်းမွန်းသိုင်းပညာ တွင် စတင် သင်ကြားကြပါသည် ၊ တည် ဟုဆိုသော တည်၂ကွက် နှင့် စောင့် ၃ကွက် နှင့် ပရိယာယ် ဆင် ၅ကွက် နှင့် အဆုံး သတ်ဟု ရှေးဆရာ အစဉ်အဆက် လက်ဆင့်ကမ်း ဖွင့်ဆို သင်ကြားကြပါသည် ၊ ခြေ၂ချောင်း ရှိသော လူသားသည် လိုင်းမွန်းသိုင်း ပညာသင်ကြားရာ တွင် ခြေနင်း၊ခြေတက် ၊ ခြေဆုတ် ၊ ခြေရှောင် ၊ ခြေလှည့် တိုက်ကွက်များအဖြစ် ကျင့်ကြံ သင်ကြားသလို ကကွက် အဖြစ်လည်း ကျင့်ကြံ သင်ကြားရပါသည် သမားစင်အရ ၁၀၈ကွက် အထိ ရှိပါသည် ။

တအာင်းပလောင်လူမျိုး လိုင်းမွန်း သိုင်းပညာရှင် ဆရာကြီး အဘိုးတာဒီးစံအေး သည် မြောက်ပိုင်း သိုင်း ခူးလိုင်းဆရာကြီး ဆယ်သုံးပါး ဖြစ်သည့် {၁}ခူးလိုင်းဆရာကြီး ထကိုင် {၂} ခူးလိုင်းဆရာကြီး ဆွယ်ငင်း {၃} ခူးလိုင်းဆရာကြီး ဆွယ်ခမ်း {၄} ခူးလိုင်းဆရာကြီး ဆွယ်ဆိုင်း {၅} ခူးလိုင်းဆရာကြီးကာခမ်း {၆} ခူးလိုင်းဆရာကြီး ငို့ဟိုခါ {၇} ခူးလိုင်းဆရာကြီး ငို့ဟိုခေါ၀် {၈} ခူးလိုင်းဆရာကြီး ဩ {၉}ခူးလိုင်းဆရာကြီး ကေလာသ {၁၀} ခူးလိုင်းဆရာကြီး ပေါ်နော်မိန်း {၁၁} ခူးလိုင်းဆရာကြီး ပေါ်ဂိန်း {၁၂} ခူးလိုင်းဆရာကြီး ဩတိဆ {၁၃} ခူးလိုင်းဆရာကြီး မောင်အ ၊ ထို ခူးလိုင်းဆရာကြီး {၁၃}ပါးထံတွင် နှစ်ပေါင်းသုံးဆယ် အတွင်း လေ့လာဆီပူးပြီး လိုင်းခူး ရယူခဲ့သော ဆရာကြီး ဖြစ်ပါသည် ၊ ဆရာကြီး(13)ပါး ထံ မှ ရရှိခဲ့သော ပညာရပ် {ပညာစင် သမားစင်} များ ကို သုသေသန ပြုလုပ်ခဲ့သော ဆရာကြီး ဖြစ်ပါသည် ""အင်နှစ်ရှစ်ဆောင်အင်တိုင်ရှစ်အစ်"" ဆိုသော ရှေးသျှမ်း စကားဖြင့် သုတေသန ပြုလုပ်ခဲ့ပါသည် ထိုသို့ ပြုလုပ် ခဲ့သောကြောင့် သျှမ်းသိုင်း ပညာစဉ်ဖြစ်သော သိုင်းဆယ်မျိုး ကို သိရှိ နားလည်ခဲ့ခြင်း မျှဝေ သင်ကြား လက်ဆင့်ကမ်း ခဲ့ခြင်း ဖြစ်ပါသည် ၊ ထို ပညာစဥ်ကြီး ဆယ်မျိုးသည် တောင်ပေါ် ဒေသ တခွင် ထင်ပေါ်‌ကျော်ကြား ခဲ့ပါသည် ၊ ၎င်းသိုင်းဆယ်မျိုးမှာ.....,...,? (1)လိုင်းမွန်း (စက်ဝိုင်းလမ်းကြောင်းအတိုင်းအ

  သုံးပြုရသောသိုင်းပညာ)

(2)လိုင်းကြမ်း (အကုသိုလ်နှင့်ယှဉ်သောဒေါသ

  လောဘ မောဟ မာန်မာနပါသောစိတ်ဓါတ်
  ခက်ထန်ကြမ်းတမ်းသည့်သိုင်းပညာ)

(3)လိုင်းချန့်(စဲင့်)(အဆက်မပြတ်တိုက်ခိုက် သောသိုင်းပညာ (သို့မဟုတ်) အရိုးအဆစ်များဖြင့်ခုခံ တိုက်ခိုက်သောသိုင်းပညာ) (4)လိုင်းတဲင်း (အဖမ်းအချုပ်အလိမ်အချိုးပါဝင်သော သိုင်းပညာ) (5)လိုင်းကာ(သို့)လိုင်းတဲင်းကာ (အပြန်အလှန်

    ချုပ်ခြင်းဖြေခြင်းတန်ပြန်တိုက်ခိုက်ခြင်းများ ပါဝင်သော သိုင်းပညာ)

(6)လိုင်းဗွင်(ခွင်) (ဘားဂျွမ်းအတတ်နှင့်ပေါင်းစပ်ထားသော သိုင်းပညာ) (7)လိုင်းပိုင်လပ်ပိုင်ဖိုင် (လက်နက်ပုန်းပစ်နည်း

    သိုင်းပညာ)

(8)လိုင်းဆွီး (ကာယသိဒ္ဓိပါဝင်သောသိုင်း)

   ဆမ်းဆွီး (ဆေးမှင်ကြောင်ထိုးခြင်း)
   ယာဆွီး (ဆေးမြစ်ဆေးဥစိမ်ခြင်း)
   လုံမ်းဆွီး (ဝါယောဓါတ်ခြောက်ပါးနှင့်ကျင့်
    သောသိုင်းပညာ)
   နမ့်ဆွီး(ရေဖြင့်ကျင့်သောသိုင်းပညာ)
   ဂါထာဆွီး(ဂါထာဖြင့်ကျင့်သောသိုင်းပညာ)

(9)လိုင်းခူး (အတွေးအခေါ်နှင့်ယှဉ်သောသိုင်း

    ပညာ(သို့)ဥာဏ်အလင်းရောင်ဖြင့်မြင်သော သိုင်းပညာ)

(10)လိုင်းလုံ (ကြီးမားသော) တို့ဖြစ်ပါသည်။

၂၀ရာစု လိုင်းမွန်း ဒုတိယမျိုးဆက် ဆရာကြီးစိုင်းခင်သောင်းနိုင် မှ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် တွင် ၁၉၆၉ တွင် ပါ၀င်ရ်ျု မြန်မာနိုင်ငံ အောက်ပိုင်း ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ၁၄လမ်းအောက်လမ်း အမှတ် ၄ တွင် တအာင်းလိုင်းမွန်း သိုင်းအဖွဲ့ အား စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည် ၊ ဒုတိယမျိုးဆက် ဆရာကြီး အဖြစ် လိုင်းမွန်းသိုင်း ပညာ မျိုးဆက်များ စွာ မွေးထုတ် ပညာ လက်ဆင့်ကမ်း ခဲ့သည် ၊ ရုပ်ရှင် ၊ ဂီတ ၊ ရိုးရာ ၊ ပွဲလမ်း များတွင် ပါ၀င် ဖော်ထုတ် လိုင်းမွန်း သိုင်းဆယ်မျိုး အတတ်ပညာများ ဖော်ထုတ် ပြသ သင်ကြား လက်ဆင့်ကမ်း ပေးခဲ့သည် ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် နှစ် ၅၀ပြည့် ရွှေရတု အခမ်းအနား တွင် သျှမ်းသိုင်းဆယ်မျိုး အား သျှမ်းပြည်နယ် ကိုယ်စားပြု စာတမ်း ဖတ်ကြား တင်သွင်းခဲ့သည် ၊ လိုင်းမွန်း နှစ် ၅၀ပြည့် နှင့် လိုင်းမွန်းပညာရှင် ဆရာကြီး တာဒီးစံအေး ၉၀နှစ်ပြည့် မဂ်လာ အခမ်းအနာ တွင်လည်း လိုင်းမွန်း ပင်မဦးစီး ဆရာကြီး အဖြစ် ပါ၀င် ဆောင်ရွက်ခဲ့သည် ၊ ၂၁ရာစု ယခု အခါ တွင် တောင်ပိုင်နယ် နမ့်ဆန်မြို့ မှ လိုင်းမွန်း ပင်မဦးစီး သိုင်းအဖွဲ့ ၊ ပင်မဦးစီး ဆရာကြီး အဖြစ် တာဆရာဘသောင်း {လိုင်းမွန်း ပညာရှင် ဆရာကြီး တာဒီးစံအေး ညီတော်} မှ ဆက်လက် တာ၀န်ယူ လက်ဆင့်ကမ်း ခဲ့သည်

၂၁ရာစု လိုင်းမွန်း ပညာစင် ၊သမားစင် များမျိုးဆက်အလိုက် ပြန့်ပွား‌ရေး အတွက် လိုင်းမွန်း တတိယမျိုးဆက် ဆရာ ဗီဒီးစိုင်းရဲကျော်သူ မှ မြန်မာနိုင်ငံ အတွင်း နှင့် ကမ္ဘာနိုင်ငံ အသီးသီး သို့ သိုင်းဆယ်မျိုး အခြေခံ လိုင်းမွန်းသိုင်း အား မျှဝေ သင်ကြား လက်ဆင့်ကမ်း လျှက်ရှိသည် ။

ရှမ်းသိုင်း သျှမ်းသိုင်း လိုင်းမွန်း တအာင်း ပလောင် လာည်မှိန်း သိုင်းဆယ်မျိုး ပြင်ဆင်ရန်

Lai Moon 360 (ဆွေးနွေး) ၁၂:၃၅၊ ၂၉ ဖေဖော်ဝါရီ ၂၀၂၄ (UTC)အကြောင်းပြန်ရန်

စာမျက်နှာ "ရှမ်းသိုင်း" သို့ ပြန်သွားရန်။