ဆွေးနွေးချက်:အမျိုးအမည်မသိ ယာဉ်ပျံ

ကျတော်တော့ ယူအက်အို ဖြစ်ဖြစ် ယူအက်ဖ်အို ဖြစ်ဖြစ် လို့ ရှာမိမှာပဲ Aunghtike ၁၀:၂၄၊ ၂၅ စက်​တင်​ဘာ​ ၂၀၁၁ (UTC)

ကျွန်တော် UFO ဆိုပြီး REDIRECT လုပ်ထား​ပေးပါတယ်အကို။ မြန်မာလိုက ယူအပ်အို ဖြစ်ချင်ဖြစ်သွားမယ်။ ဒါမှမဟုတ် ယူအဖ်အို, ယူအပ်ဖ်အို ယူအတ်အို၊ ယူအတ်ဖ်အို။ ဆိုတော့က အများကြီးဗျ။ --Battoe ၁၀:၅၄၊ ၂၅ စက်​တင်​ဘာ​ ၂၀၁၁ (UTC)
ခင်ဗျား လုပ်တာ နည်းမှန်ပါပဲ၊ ကျတော် က မြန်မာတွေး တွေးလိုက်လို့ Aunghtike ၁၁:၂၁၊ ၂၅ စက်​တင်​ဘာ​ ၂၀၁၁ (UTC)
ရပါတယ်အကို။ တစ်ယောက်တည်း ထင်တာလုပ်တာ မကောင်းတာမို့ အကိုပြောသလို မြန်မာနည်းနဲ့လဲ ရှာလို့ရအောင် အားလုံးကို ရီဒါရိုက် ပြန်လုပ်ထားပါတယ်။ ဒါပေမဲ့ အင်္ဂလိပ် ဘယ်အက္ခရာနဲ့ ဆုံးရင် သို့ စရင် မြန်မာအက္ခရာ ဘယ်ဟာနဲ့ ရေးရမလဲဆိုတဲ့ နည်းတစ်နည်းတော့ ထွင်ဖို့ လိုနေပြီဗျ။ မြန်မာအက္ခရာက များလည်းများတယ်။ အသံထွက်က လည်း နီးစပ်တယ်ဗျ။--Battoe ၁၁:၃၉၊ ၂၅ စက်​တင်​ဘာ​ ၂၀၁၁ (UTC)
အစ်ကိုတို့နှစ်ယောက်လုံး ဆွေးနွေးတာကောင်းပါတယ်။ ကျွန်တော်လည်း ဝင်ဆွေးနွေးပါရစေ။ မြန်မာစကားလုံးတွေ ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးချင်နေတာလည်း ကြာပါပြီ။ ကျွန်တော့အမြင်အရ အမျိုးအမည်မသိယာဉ်ပျံ လို့ မြန်မာမူပိုင် စကားလုံးစစ်စစ်ကို ထားရှိသင့်ပါတယ်။ နိုင်ငံခြားစကားလုံးတွေကို မွေးစားရာမှာ တတ်နိုင်သမျှတော့ မြန်မာမှုမြန်မာဟန် ပြုလုပ်သင့်တယ်လို့ထင်ပါတယ်။ လက်ရှိလူမှုအသိုင်းအဝိုင်းလောကမှာ အသုံးအနှုန်းတွင်ကျယ်နေပြီးပြီဖြစ်တဲ့ နိုင်ငံခြားမွေးစားစကားလုံး (ဥပမာ-ဒရိုင်ဘာ၊ ဒါရိုက်တာ၊ မဂ္ဂဇင်း) တွေနဲ့ မြန်မာမှုမြန်မာဟန် ဘာသာပြန်ဆိုဖို့ခက်ခဲတဲ့ ကွန်ပျူတာနည်းပညာဆိုင်ရာ စကားလုံး (ဆော့ဖ်ဝဲ၊ ဒေတာ၊ ကွန်ပျူတာ၊ စီပီယူ၊ မားသားဘုတ်၊ ပရိုဂရမ်) တွေကိုတော့ ပင်ရင်းအသံထွက်အတိုင်းပဲ မြန်မာလိုစာလုံးပေါင်းသင့်ပါတယ်။ အထက်က အစ်ကိုပြောသလို စာလုံးပေါင်းတဲ့အခါမှာ အမျိုးမျိုးအဖုံဖုံ သတ်ပုံကွဲပြားနိုင်တာတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါကလည်း နိုင်ငံခြားစကားလုံးကို မြန်မာအသံဖလှယ်ရာမှာ နိုင်ငံတော်အဆင့်အဖွဲ့အစည်း တစ်ခုခုကနေပြီးတော့ စံသတ်မှတ်ပြီးတော့ ကိုင်တွယ်ဖို့ လိုအပ်နေတာကြောင့်ပါပဲ။ တစ်ပြည်လုံးမှာ ဒီလိုဒီလို စာလုံးပေါင်းရေးရမယ်ဆိုတာကို နိုင်ငံတော်အဆင့် မြန်မာစာမွေးစားစကားလုံးအဖွဲ့အစည်းတစ်ခုခုကနေပြီးတော့ သတင်းစာ၊ ဂျာနယ်တွေမှာ တစ်ပါတ်ကို (၁၀)လုံးနှုန်းနဲ့ပဲ ဖြစ်ဖြစ် သို့မဟုတ် ဂျာနယ်တိုက်တွေဆီကို မြန်မာမွေးစားစကားလုံး လက်စွဲအဘိဓာန်သဘောမျိုးနဲ့ပဲဖြစ်ဖြစ် လစဉ်ပေးဝေသင့်ပါတယ်။ စကားလုံးဆိုတာကလည်း နေ့စဉ်နေ့တိုင်း အသစ်အသစ်တွေပေါ်ပေါ်နေတော့ကာ ဒီ စံအဖွဲ့တစ်ခုကနေ အမြဲမပြတ်အလုပ်လုပ်နေသင့်ပါတယ်။ ဆောရီးနော်။ ကျွန်တော်က ဖြစ်စေချင်တာ၊ ဖြစ်သင့်တာကိုထောက်ပြနေလို့ ဒီနေရာမှာ ကျွန်တော်ပြောသင့်တဲ့ဘောင်ကနေ ကျော်နေပြီလားတော့ မသိဘူး။ အဲလိုသာ စံအဖွဲ့တစ်ခုခုက သတ်မှတ်ပေးမယ်ဆိုရင် ကျွန်တော်တို့တွေ အခုလို အခက်အခဲတွေ ရှိမယ်မထင်ဘူး။ အခုတော့ အဲလိုအဖွဲ့ရှိလားမရှိလားလည်း မသိဘူး။ ရှိရင်လည်း လူထုကြားအထိသက်ရောက်အောင် အလုပ်မလုပ်သေးတာပဲဖြစ်မယ်။ ဒါကြောင့် အထက်ကအစ်ကိုတို့နှစ်ယောက်လုံးရဲ့ ဆွေးနွေးချက်တွေကို ကျွန်တော်ကတော့ သဘောကျပါတယ်။ အင်္ဂလိပ်စာအတိုကောက်နဲ့ ၽRedirect ပေးထားတာလည်း ထားသင့်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ စွယ်စုံကျမ်းက နောင်အချိန်မှာ ပြည့်စုံလာတဲ့အခါကျရင် မြန်မာစာဖတ်တတ်တဲ့ လူတိုင်းဖတ်နိုင်အောင်၊ ဗဟုသုတပေးနိုင်အောင် ရည်ရွယ်ရမယ်ဆိုတော့ကာ အင်္ဂလိပ်စာဖတ်တတ်တဲ့သူအတွက် အင်္ဂလိပ်စွယ်စုံကျမ်း ရှိပြီးဖြစ်သလို၊ အခု ကျွန်တော်တို့ရဲ့ စွယ်စုံကျမ်းကတော့ မြန်မာစွယ်စုံကျမ်းပီပီ တတ်နိုင်သမျှ မြန်မာစာနဲ့ပဲ ဖော်ပြသင့်တယ်လို့ ကျွန်တော့အယူအဆကို တင်ပြပါရစေခင်ဗျား။ ကျွန်တော်ကတော့ ဆောင်းပါးရေးတာလည်း နည်းပါတယ်။ ရေးချင်စိတ်က အများကြီး ရှိပေမယ့် အချိန်ရတဲ့အခါလေး ကြိုးစားရေးရတဲ့အတွက် နှုန်းကနှေးနေပါတယ်။ ရေရှည်တော့ အလုပ်လုပ်ပေးနေမှာပါ။ အဲတော့ကာ - မွေးစားစကားလုံး မြန်မာအသံဖလှယ်ရာမှာ ဝိဝါဒကွဲပြားနိုင်ဖွယ်ရှိတဲ့ စကားလုံးတွေကို မြန်မာအသံထွက်စကားလုံးရဲ့နောက်ကနေ ကွင်းစကွင်းပိတ်ခံပြီးတော့ အင်္ဂလိပ်စကားလုံးကို ထည့်ရေးရင်ကောင်းမယ်လို့ ယူဆမိပါတယ်။ အဲဒါကလည်း ဆောင်းပါးအတွင်းပိုင်းထဲမှာသာ ရေးရတာ အဆင်ပြေမယ်။ အခုဟာကတော့ ခေါင်းစဉ်ဆိုတော့ကာ အဲလို မြန်မာစာလုံးနောက်က ကွင်းစကွင်းပိတ်နဲ့ အင်္ဂလိပ်စာလုံးကိုထားဖို့ကလည်း မသင့်တော်ပြန်ဘူး။ ဆိုတော့ကာ လက်ရှိ ကျွန်တော့အကြံဉာဏ်ကတော့ အထက်က အစ်ကိုတို့ပြောသလို အင်္ဂလိပ်စကားလုံး UFO လို့လည်း Redirect တစ်ခုထားပေးပါ။ နောက်ပြီးတော့ အစ်ကို ကိုအောင်ထိုက်အကြံပြုတဲ့အထဲက ယူအက်ဖ်အို ဆိုတာကိုလည်း ပင်ရင်းအသံထွက်နဲ့ အနီးဆုံးဖြစ်မယ်လို့ ယူဆမိတဲ့အလျောက် ယူအက်ဖ်အို စကားလုံးနဲ့ လည်း Redirect တစ်ခုထားပေးပါလို့ အကြံပြုလိုက်ပါတယ်ခင်ဗျား။ နောင်ကိုလည်း အခုလို ဝိဝါဒကွဲပြားစရာတွေ ကြုံကြိုက်လာပါကလည်း အခုလိုပဲ တိုင်ပင်ဆွေးနွေးခြင်းဖြင့် အဖြေရအောင်ရှာပြီး မြန်မာဝီကီကို ကောင်းသည်ထက်ကောင်းအောင် ဝိုင်းဝန်းကြိုးစားကြပါစို့ခင်ဗျား။ ရှည်လျားစွာပြောမိတာ ခွင့်လွှတ်ပေးပါ။ ရင်ထဲမှာရှိနေတာကြာပြီမို့လို့ပါ။ မြန်မာဝီကီအဖွဲ့သားအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ အမြဲရှိကြပါစေ။ မြန်မာဝီကီအဖွဲ့သားအားလုံးကို အစဉ်လေးစားလျက် - သုတေသီ ၁၁:၅၃၊ ၂၅ စက်​တင်​ဘာ​ ၂၀၁၁ (UTC)
အခုလို ထောက်ပြ အကြံပေး၊ ဝင်ရောက် ဆွေးနွေးပေးတာ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။--Battoe ၁၂:၃၈၊ ၂၅ စက်​တင်​ဘာ​ ၂၀၁၁ (UTC)
စာမျက်နှာ "အမျိုးအမည်မသိ ယာဉ်ပျံ" သို့ ပြန်သွားရန်။