ဆွေးနွေးချက်:အသည်းရောင် အသားဝါ ရောဂါ စီပိုး

ဒီစာပိုဒ်အမည်ကို စီပိုး လို့ပေးချင်တယ်. လူသိတာလွယ်အောင်ရယ်၊ ပြီးမှ အကုန်ပြန်လွှဲမယ် ဒီကို၊ အသည်းရောင် အသားဝါပိုး ရဲ့အောက်မှာ အေဘီစီဒီ စသဖြင့် ထားမယ်။

  • အမည်ကတော့ တရားဝင် အမည်အရှည် ဖြစ်သင့်သည်။ ဘီပိုး၊ စီပိုး ဆိုတာတွေက ပြီးမှ ပြန်လွဲမည့် စာမျက်နှာတွင် ဘီပိုး ဆိုတာ လူတွေက အလွယ်ခေါ်သည့် နာမည် စသည်ဖြင့် ရှင်းပြပြီး တရားဝင် နာမည်ကို ပြန်လွှဲတာ ပိုသင့်တော်ပါသည်။ အသည်းရောင် အသားဝါပိုး ဆိုသည့် ဆောင်းပါး အောက်မှာတော့ ​အသည်းရောင် အသားဝါပိုး အကြောင်း ​ခြုံငုံရှင်းပြီး အေ၊ ဘီ၊ စီ၊ ဒီ စသည်တို့ကို ကွာခြားချက်များနှင့် တူညီချက်များ ကိုသာ တင်ပြ သင့်သည်။ အေ၊ ဘီ၊ စီ၊ ဒီ တို့ကိုတော့ ဆောင်းပါးသပ်သပ် ဖြင့် ဖေါ်ပြပြီး၊ အထက်ပါ အသည်းရောင် အသားဝါပိုး ဆိုသည့် ဆောင်းပါးမှ လင့်ခ်များ သာ(ဥပမာ- အခြားကြည့်ရန်) ပေးထားသင့်သည်။ ဤသို့အားဖြင့်- ဆောင်းပါးများ ရှည်လျားလွန်းခြင်းမှ ရှောင်နိုင်သဖြင့် ကျတော်တို့လို ကွန်နက်ရှင် နှေးလွန်းသော ဒေသမှ လူများ အတွက် ၁။ ဆောင်းပါးကို ပြုပြင်ရန် လွယ်ကူခြင်း၊ ၂။ ဆောင်းပါးဖတ်ရန် စောင့်ရသော အချိန်တိုသွားခြင်း၊ ၃။ အေ၊ ဘီ၊ စီ၊ ဒီ တို့ ကွာခြားမှုကို အလွယ်တကူ သိနိုင်ခြင်း၊ မရောထွေးတို့ခြင်း များအတွက် အကျိုးကျေးဇူးရှိပါသည်။ ထို့အပြင် ကျတော်တို့ မြန်မာဝီကီ အတွက်လည်း ဆောင်းပါး အရည်အတွက် တိုးလာနိုင်သဖြင့် ခွဲခြား၍ သာ ရေးသင့်ပါကြောင်း ကျတော်တစ်ဦးတည်း အမြင်ဖြင့် - Aunghtike ၀၉:၅၄၊ ၂၄ ဇန်​န​ဝါ​ရီ​ ၂၀၁၂ (UTC)
စာမျက်နှာ "အသည်းရောင် အသားဝါ ရောဂါ စီပိုး" သို့ ပြန်သွားရန်။