ဇန်နဝါရီ ၁၉၄၈

(ဇန်နဝါရီလ ၁၉၄၈ မှ ပြန်ညွှန်းထားသည်)
၁၉၄၈ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ
ဘုရင်ခံ ဟူးဗတ်ရန့်(စ်) (Hubert Rance)၊ ဇနီးနှင့် အဖွဲ့ ရွှေတိဂုံစေတီတော်သို့ တက်ရောက် ကြည်ညို။ ရွှေသင်္ကန်း ကပ်လှူ။
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အမှုဆောင် အဖွဲ့သစ်က ရန်ကုန်မြို့ သတင်းစာဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ဗကသ၏ ဝါဒနှင့် လမ်းစဉ် ရှင်းလင်းပြောကြား။
  • တိုင်းပြုပြည်ပြု လွှတ်တော် စတုတ္တ ညီလာခံ၌ သခင်နု တင်သွင်းသော ဝန်ကြီး စာရင်းကို အတည်ပြု။
  • ဗုဒ္ဓဂါယာနှင့် သီဟိုဠ်မှ ပင့်ဆောင်လာသော ဗောဓိပင်ပျိုများ ရန်ကုန်ရောက်။
  • ဘုရင်ခံ ဟူးဗတ်ရန့် (စ်) နှင့် ဇနီး ဂျူဗလီဟောသို့ သွားရောက်၍ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု၊ ပန်းခွေချ။
  • နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှုဖြင့် သေဒဏ် ပေးခံထားရသော ဦးစောက တရား လွှတ်တော်သို့ အယူခံလွှာတင်။
  • နံနက် ၄ နာရီ ၂၀ မိနစ်တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့၏ ကိုလိုနီအဖြစ်မှ လွတ်လပ်ရေး ရရှိခဲ့သည်။ ထိုနေ့အား မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့သည်။
  • နိုင်ငံတော် အာဏာ လွှဲပြောင်းသည့် အခမ်းအနား၊ လွတ်လပ်ရေး ကြေညာသည့် အခမ်းအနားနှင့် လွတ်လပ်ရေး မော်ကွန်း ကျောက်တိုင် အုဋ်မြစ်ချ အခမ်းအနားများ ကျင်းပ။ မြန်မာနိုင်ငံသည် လုံးဝ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အဖြစ် ရောက်ရှိ။
  • ဘုရင်ခံ ဟူးဗတ်ရန့် (စ်) ဘာမင်ဟမ် (Birmingham) စစ်သင်္ဘောဖြင့် အင်္ဂလန်သို့ပြန်။
  • လွတ်လပ်ရေး အထိမ်းအမှတ် ကာယ ပညာပြပွဲ ဘီအေအေ (ယခု အောင်ဆန်းကွင်း) ကွင်း၌ စတင် ကျင်းပ။
  • ကရင်လူမျိုးတို့သည် လွတ်လပ်သော လူမျိုးတစ်မျိုး ဖြစ်သည်ဟု ကြေညာ။
  • လွတ်လပ်ရေး အထိမ်းအမှတ် တံဆိပ်ခေါင်း ငါးမျိုးထုတ်။
  • မြန်မာပြည် အိုလံပစ် အသင်းက ကြီးမှူး၍ မယ်ဒဂုန် - မောင်ဒဂုန် ရွေးပွဲ ဘီအေအေကွင်း (ယခု အောင်ဆန်းကွင်း)၌ ကျင်းပ။
  • အာဇာနည် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှုကြောင့် သေဒဏ် ပေးခံထားရသော မောင်စိုး၊ မှုန်ကြီး၊ ရန်ကြီးအောင်နှင့် သက်နှင်းတို့က တရားလွှတ်တော်သို့ အယူခံလွှာတင်။


  • ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး တိုင်းပြုပြည်ပြု လွှတ်တော် (ပါလီမန်) စတင် ကျင်းပ။
  • ဟိုက်ကုတ် လွှတ်တော်ရုံးဝင်း အတွင်း၌ နိုင်ငံတော် တရားလွှတ်တော်ချုပ်ရုံး ဖွင့်ပွဲ ကျင်းပ။
  • သထုံ စော်ဘွားကြီး စပ်ခွန်ကြည် ရန်ကုန်၌ လေဖြတ်၍ ကွယ်လွန်။









  • ရှမ်းပြည်တောင်ပိုင်း လဲချားစော်ဘွား၏ မဟာဒေဝီနှင့် နောက်ပါ ၅ဝ ခန့်တို့ ရွှေတိဂုံဘုရား ဖူးရန်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုရန် ရန်ကုန်ရောက်။


  • ရန်ကုန်မြို့ ဆန်းကဖေး၌ မြန်မာနိုင်ငံ ပုံနှိပ် ထုတ်ဝေသူများအသင်း နှစ်ပတ်လည် ညီလာခံ ကျင်းပ။ ဥက္ကဋ္ဌ ဦးအုန်းဖေ (တက်တိုး)နှင့် အတွင်းရေးမှူး ဦးအောင်စိန် (ကမ္ဘာ့စာပေတိုက်) တို့ ပါသော အမှုဆောင်သစ် ၁၅ ဦး ရွေး။


  • ရှမ်းပြည်နယ် ကောင်စီ၏ ပထမ အကြိမ် ညီလာခံကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်း၊ အမှတ် ၃၁ တွင် ကျင်းပ။ ရှမ်းပြည်နယ် ကောင်စီ အတွက် နည်းဥပဒေများ ရေးဆွဲရေး ဆွေးနွေး။


  • ရခိုင် - မြန်မာ ချစ်ကြည်ရေး၊ အမှုဆောင် အစည်းအဝေး၊ ရန်ကုန်မြို့၊ စတော့ကိတ်လမ်း၊ မင်္ဂလာသုခ ကျောင်း၌ ကျင်းပ။



  • ပဲခူးမြို့ - ရွှေမော်ဓော ဘုရား ပြုပြင်ရန် အတွက် အောင်ပန္နက်ချက် မင်္ဂလာ အခမ်းအနားသို့ သမ္မတကြီး၊ သမ္မတကတော်နှင့် ဝန်ကြီးများ တက်ရောက်။
  • အဖွဲ့ဝင် ခုနစ်ဦး ပါသော ဗြိတိသျှ စစ်မစ်ရှင် ရန်ကုန်ရောက်။
  • အလံနီ ကွန်မြူနစ် ပါတီနှင့် ဆက်သွယ်သဖြင့် သခင် လေးမောင် နေအိမ်တွင် အဖမ်းခံရ။


  • ပထမ အကြိမ်မြောက် မြန်မာနိုင်ငံ အိုလံပစ်ပွဲတော်ကို ဘီအေအေကွင်း၌ စတင် ကျင်းပ။


  • အလုံရပ်ရှိ အဖေါင်သစ်စက်၊ အမှတ် ၉ နှင့် အမှတ် ၁ဝ သစ်စက်နှင့် အလီမူလာ သစ်စက် လေးစက်မှ အလုပ်သမားများ လုပ်ခတိုးရရေး အတွက် သပိတ်မှောက်။
  • ဗမာပြည် သတင်းစာများ အသင်းတိုက်၌ ဒုတိယ ဝန်ကြီးချုပ် ဗိုလ်လင်္ကျာနှင့် ဗိုလ်ကြီး စောကြာဒိုးတို့က ရခိုင်ပြည်၏ နောက်ဆုံး အခြေအနေကို သတင်းစာ ဆရာများအား ရှင်းလင်း ပြောကြား။
  • ဦးစော၏ အယူခံကို ကြားနာရန် တရားဝန်ကြီး ဦးအုံးဖေ၊ ဦးစံမော်နှင့် ဦးဘိုကြီးတို့ပါသော ခုံရုံးဖွဲ့။


  • တရုတ်ပြည် ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမြင့်သိန်း နန်ကင်းမြို့ ရောက်။
  • ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါလီမန်က ဆက်သွယ်သမှု စာများကို မြန်မာစာနှင့် အသုံးပြုနိုင်ကြောင်း ကြေညာ။


  • စပ်ခွန်ချို ရှမ်းပြည်နယ် ဥက္ကဋ္ဌ တာဝန် စယူ။


  • ဦးစော၏ ဇနီး ဒေါ်သန်းခင်က ရွှေတိဂုံ ဂေါပက အဖွဲ့သို့ သွားရောက်၍ ကျောက်စိမ်းလက်ကောက် တဖက်လှူ။ ထိုလက်ကောက်မှာ ဦးစော နန်းရင်းဝန်ဘဝ ၁၉၄၁ ခုနှစ်တွင် အင်္ဂလန် သွားစဉ်က အမည် မဖော်လိုသော အမျိုးသမီး တဦးက ဦးစောအား မြန်မာပြည် ယူသွားရန် ပေးလိုက်သည်။ မင်းတုန်းမင်း မိဖုရားကြီး ဝတ်ဆင်သော လက်ကောက် ဖြစ်သည်။