၁၉၇၇ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ

(၁) ရက် ပြင်ဆင်ရန်

နော်ဝေးအစိုးရသည် ပင်လယ်ငါးဖမ်းဒေသကို ကမ်းလွန်မိုင် ၂၀၀ သတ်မှတ်လိုက်ခြင်းဖြင့် ဥရောပ၌ အကြီးမားဆုံး ငါးဖမ်းနိုင်ငံဖြစ်လာသည်။

(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံသုတေသနကွန်ဂရက်၏ ၃-ရက်ကြာ စာတမ်းဖတ်ပွဲ ပြီးဆုံးသည်။ သုတေသနအဖွဲ့ ၁၄ ဖွဲ့မှ နောက်ဆုံးနေ့တွင် စာတမ်း ၁၀၁ စောင် ဖတ်သည်။


(၂) ရက် ပြင်ဆင်ရန်

ဗင်္ဂလားဒေ့ရှနိုင်ငံ စစ်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂျီယာအူးရ်ရာမန် ဦးဆောင်သည့် ဗင်္ဂလားဒေ့ရှနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ပီကင်းမြို့သို့ ရောက်ရှိသည်။

(၃) ရက် ပြင်ဆင်ရန်


(၄) ရက် ပြင်ဆင်ရန်

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ ၂၉ ကြိမ်မြောက် လွတ်လပ်ရေးနှစ်ပတ်လည်နေ့ဖြစ်သည်။

အီဂျစ်အစိုးရက တောင်းခံလျှင် ပြင်သစ်က မီးရပ်-၂၀၀၀ လေယာဉ်သစ်များ အီဂျစ်သို့ ပေးကမ်းကောင်းပေးကမ်းမည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဗုဂတ်စက ပြောကြားသည်။

(၅) ရက် ပြင်ဆင်ရန်

ရုရှနိုင်ငံတွင် ၁၉၇၆ ခုနှစ်အတွက် ကောက်ပဲသီးနှံတန်ချိန် ၂၂၃.၈ သန်းထွက်ရှိကြောင်း ကြေညာသည်။

(၆) ရက် ပြင်ဆင်ရန်

ဆီးရီးယားနိုင်ငံ ဒမက်စပ်နှင့် အလက်ပိုတီမြို့တွင် ဗုံးဖောက်ခွဲခဲ့သူ ၃ ဦးအား လူမြင်ကွင်းတွင် ကြိုးပေးသတ်လိုက်ကြောင်း ကြေညာသည်။

(၇) ရက် ပြင်ဆင်ရန်

လက်ဗနွန်နိုင်ငံအတွင်းရှိ ပယ်လက်စတိုင်လွတ်မြောက်ရေးတပ်ဖွဲ့များအား လက်ဗနွန်နိုင်ငံတွင်းမှ ဇန္နဝါရီလ ၁၃ ရက်နေ့ နောက်ဆုံးထား၍ ထွက်ပေးရမည်ဟု လက်ဗနွန်သမ္မတ အီလီယာပ်ဆာကစ်က အမိန့်ထုတ်ပြန်သည်။

(၈) ရက် ပြင်ဆင်ရန်

(၉) ရက် ပြင်ဆင်ရန်

(၁၀) ရက် ပြင်ဆင်ရန်

အင်ဒိုနီးရှားနိုင်ငံမှ ပြည်ပသို့ တင်ပို့ရောင်းချသော ရေနံစိမ်းဈေးကို ဇန္နဝါရီ ၁ ရက်နေ့မှစ၍ ရေနံအမျိုးအစားအလိုက် မြှင့်တင်ရန်ဆုံးဖြတ်ကြောင်း ကြေညာသည်။

ရွေးကောက်ပွဲကော်မရှင်သည် ၁၉၇၆-၇၇ ဘဏ္ဍာနှစ်အတွက် ကြားရွေးကောက်ပွဲများပြုလုပ်ရန်ပြင်ဆင်ရေးနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်အတွက် ရွေးကောက်ပွဲလုပ်ရေးအတွက် တိုင်းနှင့်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ရန်ကုန်မြို့တွင် ဆွေးနွေးကြသည်။

(၁၁) ရက် ပြင်ဆင်ရန်

ဗီယက်နမ်အမျိုးသားလွှတ်တော်တွင် ဒုတိယငါးနှစ်စီမံကိန်း (၁၉၇၆-၈၀) ဆွေးနွေးပွဲကို ဖွင့်လှစ်သည်။

(၁၂) ရက် ပြင်ဆင်ရန်

လောပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ ဆူဗန်နိုဖောင်သည် အိန္ဒိယနိုင်ငံသို့ အစိုးရဧည့်သည်တော်အဖြစ် ၈-ရက်ကြာ လည်ပတ်ရန်အသွား မန္တလေးမြို့သို့ ခေတ္တဝင်ရောက်ရပ်နားသွားသည်။

(၁၃) ရက် ပြင်ဆင်ရန်

အမေရိကန်သမ္မတ ဖို့ဒ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကစ်ဆင်းဂျားအား အမေရိကန်ပြည်ထောင်စု၏ အရပ်သားအမှုထမ်းများအတွက် အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သော လွတ်လပ်ရေးတံဆိပ်ကို ချီးမြှင့်သည်။

(၁၄) ရက် ပြင်ဆင်ရန်

အိန္ဒိယနိုင်ငံသည် ကမ်းရိုးမှ ပင်လယ်များအထိ ရေမိုင် ၂၀၀ ကို စီးပွားရေးဇုံအဖြစ်သတ်မှတ်ကြောင်း တရားဝင်ကြေညာသည်။

(၁၅) ရက် ပြင်ဆင်ရန်

သီရိလင်္ကာသမ္မတ ဝီလျံဂိုပါလာဝါက သီရိလင်္ကာ၏ရေပိုင်နက်မှာ ရေမိုင် ၁၂ မိုင်၊ ပင်လယ်ရေနက်ပိုင်းနှင့်ဆက်စပ်နေသောဇုံကို ရေမိုင် ၂၄ မိုင်၊ စီးပွားရေးဇုံ ရေမိုင် ၂၀၀ ထိ ရှိသည်ဟု ပြဋ္ဌာန်းကြေညာသည်။

(၂၆) ကြိမ်မြောက် ကယားပြည်နယ်နေ့ ကျင်းပသည်။ ထိုနေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ လေယာဉ်ဆိပ်အဆောက်အအုံသစ်ဖွင့်လှစ်ပွဲ ကျင်းပသည်။

(၁၆) ရက် ပြင်ဆင်ရန်

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် အင်ဒီရာဂန္ဓီက အိန္ဒိယနိုင်ငံအထွေထွေရွေးကောက်ပွဲကို လက်ရှိလွှတ်တော်ဖျက်သိမ်းပြီးနောက် မတ်လတွင် ကျင်းပမည်ဟု ကြေညာသည်။

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ပီလခတ်ကျေးရွာမှ စပါးအဝယ်ဒိုင်အား မြန်မာတနိုင်ငံလုံးတွင် ၁၉၇၅-၇၆ ခုနှစ်အတွင်း စပါးဝယ်ယူရရှိမှုအများဆုံးဒိုင်အဖြစ် ချီးကျူးဂုဏ်ပြုပွဲကျင်းပရာ ကုန်သွယ်ရေးဝန်ကြီး ဦးလှအေး တက်ရောက်မိန့်ခွန်းပြောကြားသည်။

(၁၇) ရက် ပြင်ဆင်ရန်

ဒေသကောလိပ်များအကြောင်းကို နိုင်ငံတော်ဝန်ကြီးအဖွဲ့၊ လူမှုရေးရာနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး ဦးကိုကို၊ ပညာရေးဝန်ကြီး ဦးခင်မောင်ဝင်းတို့သည် မြန်မာ့အသံခန်းမတွင် သတင်းစာဆရာများနှင့် တွေ့ဆုံပြောကြားသည်။

(၁၈) ရက် ပြင်ဆင်ရန်

ယူဂိုစလားဗီးယားဝန်ကြီးချုပ် ဗီသီဒစ်နှင့်ဇနီးအပါအဝင် လူပေါင်း ၈ ဦး လေယာဉ်ပျက်ကျရာတွင် ကွန်လွန်သွားသည်။

၁၉၇၅-၇၆ ခုနှစ်တွင် ရွေးချယ်ခံရသော စံပြလုပ်သားများအား စံပြလုပ်သားစီမံကိန်းဗဟိုကော်မတီနာယက သတ္တုတွင်းနှင့်အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးမောင်မောင်ခ ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံသည်။

(၁၉) ရက် ပြင်ဆင်ရန်

လောနိုင်ငံရှိ လယ်သမားများသည် လယ်ယာစိုက်ပျိုးခွန်များ ပေးကြရတော့မည်ဖြစ်ကြောင်း ပသက်လောသတင်းဌာနဖြစ်သော ခါအိုဆန်သတင်းဌာနမှ ကြေညာသည်။

လောနိုင်ငံဝန်ကြီးချုပ် ဆူဗန်နိုဖောင်သည် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်သမ္မတကြီး ဦးနေဝင်း၏ ဖိတ်ကြားချက်အရ လာရောက်လည်ပတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။

(၂၀) ရက် ပြင်ဆင်ရန်

ဂျင်မီကာတာသည် အမေရိကန်နိုင်ငံ၏ ၃၉ ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည်။

မျက်ခမ်းစပ်ရောဂါတိုက်ဖျက်ရေး နှစ်ပတ်လည်ညှိနှိုင်းဆွေးနွေးပွဲကို ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဌာန၌ ကျင်းပသည်။

(၂၁) ရက် ပြင်ဆင်ရန်

(၂၂) ရက် ပြင်ဆင်ရန်

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အေစီယင်) ဝင် နိုင်ငံများအချင်းချင်း ကုန်သွယ်ရာတွင် ဦးစားပေးကုန်သွယ်ရေးစနစ်ဖြင့် လုပ်ဆောင်ကြရန် အေစီယင်ကုန်သွယ်ရေးဝန်ကြီးများက သဘောတူညီကြသည်။

ပြင်သစ်သမ္မတ ဂစ်စကတ်ဒက်စတိုင်းသည် ဆအူးဒီအာရေဗျနိုင်ငံတွင် အစိုးရဧည့်သည်တော်အဖြစ် ၃-ရက်ကြာ လည်ပတ်ရန် ရီယဒ်မြို့သို့ ရောက်သည်။

(၂၃) ရက် ပြင်ဆင်ရန်

(၂၄) ရက် ပြင်ဆင်ရန်

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်း စာပေဗိမာန်အဖွဲ့က ကြီးမှူး၍ ၅-ရက်ကြာ ကျင်းပမည့် သုတစာပေဆွေးနွေးပွဲကို ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီခန်းမ၌ စတင်ကျင်းပသည်။

မြန်မာနိုင်ငံရှိ ဆေးပညာသင်ကြားရေးကို လေ့လာကြည့်ရှုရန် ရောက်ရှိနေသော ဆာ ရောဗတ်ရိုက် ခေါင်းဆောင်သည့် ဗြိတိန်နိုင်ငံ အထွေထွေဆေးကောင်စီ ကိုယ်စားလှယ်အား ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဦးကြည်မောင်က လက်ခံတွေ့ဆုံသည်။

(၂၅) ရက် ပြင်ဆင်ရန်

(၂၆) ရက် ပြင်ဆင်ရန်

(၂၇) ရက် ပြင်ဆင်ရန်

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အေစီယင်) ရှိ အမျိုးသားသတင်းဌာနများနှင့် အစိုးရပြန်ကြားရေးဌာနများမှ အုပ်ချုပ်ရေးမှူးများညီလာခံကို ဂျကာတာမြို့၌ ကျင်းပသည်။

နိုင်ငံတော်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး စန်းယုသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဥပဒစ်ပချာရီယန်ကွန်အား လက်ခံတွေ့ဆုံသည်။

(၂၈) ရက် ပြင်ဆင်ရန်

ဥရောပဘုံဈေးအဖွဲ့ (အီးအီးစီ) ၏ ရေပြင်ပိုင်နက် ၂၀၀ အတွင်း ငါးဖမ်းနေကြသော ရုရှ၊ ပိုလန်နှင့် အရှေ့ဂျာမနီနိုင်ငံများပိုင် ငါးဖမ်းသင်္ဘောစင်းရေကို လျှော့ချရန် ဘုံဈေးအဖွဲ့က သက်ဆိုင်ရာနိုင်ငံများသို့ အကြောင်းကြားစာများ ပေးပို့သည်။

(၂၉) ရက် ပြင်ဆင်ရန်

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် အင်ဒီရာဂန္ဓီသည် မတ်လ၌ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်လုပ်ငန်းများကို စတင်ပြုလုပ်သည်။

အခွန်နှစ်ထပ်ကွမ်းကောက်ခံမှုမရှိစေရန်နှင့် ဝင်ငွေခွန်မှရှောင်တိမ်းမှုကိုကာကွယ်ရန်အတွက် စင်္ကာပူနှင့်ဖိလစ်ပိုင်နိုင်ငံတို့သည် အကောက်ခွန်သဘောတူစာချုပ်တရပ်ကို လက်မှတ်ရေးထိုးကြသည်။

(၃၀) ရက် ပြင်ဆင်ရန်


(၃၁) ရက် ပြင်ဆင်ရန်

ဗီယက်နမ်အမျိုးသားညီညွတ်ရေးတပ်ဦး၏ညီလာခံကို ဟိုချီမင်းမြို့တော်၌ ကျင်းပသည်။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီစည်းရုံးရေးကော်မီတီနှင့်ရုပ်ရှင်လုပ်ငန်းပညာသည်များ၏ ပထမအကြိမ်ဆွေးနွေးပွဲကို ကျင်းပသည်။

ကိုးကား ပြင်ဆင်ရန်