၁၉၇၈ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ

(၁) ရက် ပြင်ဆင်ရန်

တီဟီရန်မြို့တွင် အမေရိကန်သမ္မတ ဂျင်မီကာတာ၊ ဂျော်ဒန်ဘုရင် ဟူစိန်နှင့် အီရန် ရှားဘုရင်တို့သည် နှစ်သစ်ကူးပွဲအခမ်းအနားကို အတူတကွဆင်နွှဲအပြီးတွင် သမ္မတကာတာနှင့် ဘုရင်ဟူစိန်တို့သည် အီဂျစ်နှင့်အဇ္ဇရီယယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဂျော်ဒန်နိုင်ငံပါဝင်ရေးကို ညှိနှိုင်းဆွေးနွေးကြသည်။

ခုနစ်နိုင်ငံခရီးစဉ်တွင် တတိယမြောက်နိုင်ငံအဖြစ် အိန္ဒိယနိုင်ငံသို့ အမေရိကန်သမ္မတ ကာတာ ရောက်ရှိလာသည်။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပွဲနှင့်ဆန္ဒမဲပေးပွဲကို နိုင်ငံတဝန်းလုံး စတင်ကျင်းပသည်။

(၂) ရက် ပြင်ဆင်ရန်

နယူးဒေလီမြို့တွင်ကျင်းပသော အမေရိကန်သမ္မတ ကာတာအား တည်ခင်းသည့် နိုင်ငံတော်ဧည့်ခံပွဲတွင် အိန္ဒိယသမ္မတ ရက်ဒီက အိန္ဒိယသမုဒ္ဒရာဒေသများတွင် စစ်မဲ့စေရေးအတွက် အင်အားကြီးနိုင်ငံများက စစ်အားဖြန့်ထားမှုများကို အဆုံးသတ်ကြရန် မေတ္တာရပ်ခံပြောကြားသည်။

(၃) ရက် ပြင်ဆင်ရန်

အမေရိကန်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့သည် နျူးကလီးယားလက်နက်ပြန့်ပွားမှုရပ်စဲသင့်သည်ဟူသော သဘောတူညီချက်ပါဝင်သည့် နှစ်နိုင်ငံကြေညာချက် ထုတ်ပြန်သည်။

ခုနစ်နိုင်ငံခရီးစဉ်တွင် စတုတ္ထနိုင်ငံအဖြစ် ဆအူးဒီအာရေဗျနိုင်ငံသို့ အမေရိကန်သမ္မတ ကာတာ ရောက်ရှိလာသည်။ ဆအူးဒီအာရေဗျဘုရင် ခါလက်နှင့် အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေး အဓွန့်ရှည်စွာတည်တံ့ရေးအတွက် ဆွေးနွေးကြသည်။

ဗုဒ္ဓဘာသာနိုင်ငံများစုပေါင်း၍ နိုင်ငံတကာဗုဒ္ဓသာသနာ့ဗိမာန်တခုတည်ထောင်ရန် သီရိလင်္ကာနိုင်ငံ ယဉ်ကျေးမှုရေးရာဝန်ကြီး ဟူဂူလီသည် မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ သံတမန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးသည်။ ယင်းဗိမာန်ကို သီရိလင်္ကာဝန်ကြီးချုပ်လှူဒါန်းသော ကိုလံဗိုမြို့ဆင်ခြေဖုံးရှိ ဧက ၄၀ ကျယ်သော မြေကွက်ပေါ်တွင် ဆောက်လုပ်မည်ဖြစ်သည်။

(၄) ရက် ပြင်ဆင်ရန်

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ ၃၀ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီသည် အခြေခံဥပဒေပုဒ်မ ၇၃၊ ပုဒ်မခွဲ (ဎ) တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များအရ ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များရရှိကြသော စစ်မှုထမ်းများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအား ဘွဲ့တံဆိပ်များအပ်နှင်းသည်။

ခုနစ်နိုင်ငံခရီးစဉ်တွင် ပဉ္စမနိုင်ငံအဖြစ် အီဂျစ်နိုင်ငံသို့ အမေရိကန်သမ္မတ ကာတာ ရောက်ရှိလာသည်။ သမ္မတကာတာနှင့် အီဂျစ်သမ္မတ အန္နဝါဆဒတ်တို့သည် အက်ဆွမ်မြို့တွင် ညှိနှိုင်းဆွေးနွေးကြသည်။

(၅) ရက် ပြင်ဆင်ရန်

မဲခေါင်မြစ်ရေလွှမ်းမှုထိန်းသိမ်းရေးအတွက် ဗီယက်နမ်၊ လောနှင့် ထိုင်းနိုင်ငံတို့သည် ယာယီကော်မတီတရပ်ဖွဲ့စည်းကြောင်း ပူးတွဲကြေညာချက်ကို သဘောတူလက်မှတ်ရေးထိုးကြသည်။

ပြင်သစ်သို့ရောက်ရှိနေသော အမေရိကန်သမ္မတ ဂျင်မီကာတာနှင့် ပြင်သစ်သမ္မတ ဂစ္စကတ်ဒက်စတိုင်းတို့သည် အရှေ့အလယ်ပိုင်း နျူးကလီးယားထုတ်လုပ်မှု၊ အာဖရိကဦးချိုဒေသတွင် တိုက်ခိုက်နေမှုနှင့် နျူထရွန်ဗုံးကိစ္စများကို ဆွေးနွေးသည်။

(၆) ရက် ပြင်ဆင်ရန်

ဂျပန်တို့သည် အမေရိကန်ကုမ္ပဏီများမှထုတ်လုပ်သောပစ္စည်များကို ပိုမိုဝယ်ယူရန် ငြင်းဆိုခဲ့လျှင် ဂျပန်နိုင်ငံမှတင်သွင်းသောပစ္စည်းများကိုလည်း ပြန်လည်ဆန့်ကျင်တုံ့ပြန်ရမည်ဟု အမေရိကန်အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီဝင် ၂ ဦးက ပြောကြားသည်။

(၇) ရက် ပြင်ဆင်ရန်

ဂျော်ဒန်မြစ်အနောက်ဘက်ဒေသနှင့် ဂါဇာကမ်းမြှောင်တို့တွင် ပယ်လက်စတိုင်များအတွက် နောက်ဆုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီး၍ ကြားဖြတ်ပူးတွဲအုပ်ချုပ်ရလိမ့်မည်ဖြစ်ရာ ယင်းသို့ဖြင့် အရှေ့အလယ်ပိုင်း၌ လိပ်ခဲတည်းလည်းဖြစ်နေမှုပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဟု အမေရိကန်သမ္မတ ဂျင်မီကာတာ၏ ကိုးရက်ကြာ ခုနစ်နိုင်ငံခရီးစဉ်အပြီး ဗရပ်ဆဲမြို့မှ ဝါရှင်တန်မြို့သို့အပြန်တွင် သတင်းထောက်များအား ထုတ်ဖော်ပြောကြားသည်။

ဆိုင်းနိုင်းဒေသမှ အဇ္ဇရီယယ်တပ်အားလုံး အပြည့်အဝရုပ်သိမ်းရေးကို အဇ္ဇရီယယ်ခေါင်းဆောင်များနှင့်မိမိ သဘောတူညီမှုရပြီးဖြစ်သည်ဟု အီဂျစ်သမ္မတ ဆဒတ်က အောက်တိုဘာအပတ်စဉ်မဂ္ဂဇင်းနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

(၈) ရက် ပြင်ဆင်ရန်

စိုက်ပရပ်ကျွန်းပြဿနာနှင့်စပ်လျဉ်း၍ မိမိတို့အစိုးရက ကျင့်သုံးလိုသည့်ဝါဒသဘောထားမှာ စိုက်ပရပ်ရှိ လူမျိုး ၂ မျိုး တန်းတူမှုပေါ် အခြေခံရေးဖြစ်သည်ဟု အန်ကာရာမြို့ရှိ တူရကီအစိုးရသစ်နှင့် ညှိနှိုင်းရန်ရောက်ရှိနေသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကုဗားလဟိုင်းအား တူရကီနိုင်ငံခြားရေးဝန်ကြီးသစ် ဂွန်နစ်အုတ်ကန်က ပြောကြားသည်။

ပယ်လက်စတိုင်တို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကို ဦးတည်အကောင်အထည်ဖော်မည့် ကြားကာလကို ငါးနှစ်အချိန်အထိ လက်ခံနိုင်ကြောင်း အီဂျစ်သမ္မတ အန္နဝါဆဒတ်က အက်ဆွမ်မြို့တွင် သတင်းထောက်များအား ထုတ်ဖော်ပြောကြားသည်။

(၉) ရက် ပြင်ဆင်ရန်

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှ မိုင်ပေါင်း ၆၀၀၀ ကျော်တွင်တည်ရှိသော ပစိဖိတ်ကျွန်း ၁၆ ကျွန်းသည် မြောက်မရီယာနာကျွန်းများဓနသဟာယအမည်ဖြင့် အမေရိကန်ပြည်ထောင်စု၏နယ်မြေ ဖြစ်လာသည်။

ဆူဒန်နိုင်ငံသမ္မတ ဂဖားနီမီရီနှင့် အီဂျစ်သမ္မတ အန္နဝါဆဒတ်တို့သည် ခါတွမ်းမြို့တွင် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ဆွေးနွေးကြပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်သည်။

(၁၀) ရက် ပြင်ဆင်ရန်


(၁၁) ရက် ပြင်ဆင်ရန်


(၁၂) ရက် ပြင်ဆင်ရန်


(၁၃) ရက် ပြင်ဆင်ရန်


(၁၄) ရက် ပြင်ဆင်ရန်


(၁၅) ရက် ပြင်ဆင်ရန်


(၁၆) ရက် ပြင်ဆင်ရန်


(၁၇) ရက် ပြင်ဆင်ရန်


(၁၈) ရက် ပြင်ဆင်ရန်


(၁၉) ရက် ပြင်ဆင်ရန်


(၂၀) ရက် ပြင်ဆင်ရန်


(၂၁) ရက် ပြင်ဆင်ရန်


(၂၂) ရက် ပြင်ဆင်ရန်


(၂၃) ရက် ပြင်ဆင်ရန်


(၂၄) ရက် ပြင်ဆင်ရန်


(၂၅) ရက် ပြင်ဆင်ရန်


(၂၆) ရက် ပြင်ဆင်ရန်


(၂၇) ရက် ပြင်ဆင်ရန်


(၂၈) ရက် ပြင်ဆင်ရန်


(၂၉) ရက် ပြင်ဆင်ရန်


(၃၀) ရက် ပြင်ဆင်ရန်


(၃၁) ရက် ပြင်ဆင်ရန်


ကိုးကား ပြင်ဆင်ရန်