ဇယ်တောက်ခြင်းကိုလည်း မြန်မာကလေးများ နှစ်ခြိုက် ကြလေသည်။ ဇယ်အဖြစ် 0x100သဇာစေ့ မန်ကျည်းစေ့စသည် တို့ကို အသုံးပြုလေ့ရှိကြသည်။ ကစားသူများလျှင် ထည့်၍ကစားသည့် 0x100သဇာစေ့၏ အရေအတွက်ကို လျှော့၍ ထည့်ကြ လေသည်။ ဇယ်တောက်ခြင်းကို ဝါသနာပါသူများများရှိပြီးလျှင် နေရာလွတ်ကျယ်ကျယ်သာရှိလျှင် အုန်းမှုတ်ခွက်တစ်ခုကို မြေကြီးတွင် မြုပ်ထားပြီးသော် ထိုအုန်းမှုတ်ခွက်အနီးအနားတွင် ရှင်းထားလေ့ရှိကြသည်။ စကားစပ်မိသောအခါတွင်မှ ကစားကြ လျှင်မူ တွင်းတစ်တွင်းကို တုန်တစ်ချောင်းဖြင့် တူးလေ့ရှိကြ သည်။ မြေပျော့လျှင် လက်ဖြင့်ပင် တွင်းဖြစ်လာအောင် ယက်ပေးကြလေသည်။ တစ်ခါတစ်ရံတွင် တွင်းကိုပင်မတူးကြ တော့ဘဲ သာမန်အားဖြင့် တွင်းအမှတ်အသားပြုလုပ်ကစားကြ လေသည်။ ပြီးလျှင် ထိုတွင်း၊ သို့မဟုတ် တွင်းအမှတ်အသား ပြုလုပ်ထားသော နေရာ၏ ဘေးတွင် လက်ဝါးကို ဖြန့်ခံထားပြီးလျှင် ဇယ်စေ့များကို လက်ဝါးနှင့် ထိအောင်ပစ်လိုက်ရသည်။ တွင်းထဲသို့ကား ဇယ်စေ့များကို မဝင်စေရပေ။ ပြီးလျှင် အပြိုင်ကစားသူ တစ်ဦးဦးက တွင်းထဲသို့ ဇယ်စေ့များကို ဝင်အောင်တောက်နိုင်ရန် ခဲယဉ်းမည်ဟု ထင်ရသော ဇယ်စေ့တစ်စေ့ ကို ရွေးချယ်၍ အတောက်ခိုင်းလေသည်။ ထိုအခါ ဇယ်တောက်သူက ထိုးပြလိုက်သည့်ဇယ်ကို တွင်းထဲသို့ဝင်အောင် လက်မနှင့် လက်ညှိုးကို အသုံးပြု၍ဖြစ်စေ၊ လက်တစ်ချောင်းတည်းကိုပင် အသုံးပြု၍ ဖြစ်စေတောက်ရသည်။ တွင်းထဲသို့ ထိုဇယ်ဝင်သွားလျှင် နောက်သူကြိုက်သည့် ဇယ်ကို တွင်းထဲသို့တောက်၍ သွင်းနိုင်လေသည်။ တွင်းထဲသို့ မဝင်လျှင် သူရှုံး၍ အခြားတစ်ယောက်က တောက်ရလေသည်။ တွင်းထဲသို့ ဇယ်ကုန်သည် အထိ တောက်သွင်းရလေသည်။ ဇယ်ကုန်သော် ပြန်၍ စုကြပြီးလျှင် တစ်ဖန်ကစားကြပြန်သည်။ ဇယ်ခုတ်တမ်းလည်း မြန်မာကလေးများ ကစားလေ့ရှိကြ လေသည်။ တတ်နိုင်က ဇယ်အဖြစ် တစ်လက်မ၏ ရှစ်ပုံ သုံးပုံရှိသော ကျောက်စရစ်ခဲများကို အသုံးပြုကြလေသည်။ ဇယ်ခုနစ်စေ့ရှိသည်။ စ၍ ကစားသူကို ရွေးရာတွင် များသော အားဖြင့် အချင်းချင်း သဘောတုသူကို ရွေးချယ်လေ့ရှိကြ သော်လည်း တစ်ခါတစ်ရံတွင်မှု ထိုဇယ်ခုနစ်လုံးကို အပေါ်သို့ တစ်ပေမျှ မြင့်သည်အထိ မြှောက်၍ ကျလာသော ဇယ်အားလုံးကို လက်မမိုးပေါ်တွင် တင်စရေသည်။ ပြီးလျှင် တစ်ဖန် ပြန်မြှောက်၍ ဇယ်အားလုံးကို မိအောင်ဖမ်းယူရလေသည်။ ထိုသို့ ဇယ်များ မကျအောင် ပြုလုပ်နိုင်သူကို စ၍ ကစားစေသည်။ ပထမ စ၍ ကစားသော အခါတွင် ဇယ်ခြောက်လုံးကို ရှင်းလင်းထားသည့် မြေကြီးပေါ်တွင် ဖြန့်လိုက်ရသည်။ ပြီးလျှင် ကျန်သည့် ဇယ်တစ်လုံးကို အပေါ်သို့ တစ်ပေမျှမြှောက်ကာ ထိုဇယ် အောက်သို့မကျမီ အောက်ရှိ ဇယ်တစ်လုံးကို ကောက်၍ အောက်သို့ကျလာသော ဇယ်ကို မြေကြီးပေါ်သို့ မကျမီ မိအောင် ဖမ်းယူရလေသည်။ ထိုသို့ ဖမ်းယူပြီးလျှင် လက်ထဲရှိ ဇယ်နှစ်လုံးအနက် တစ်လုံးကို လက်တစ်ဘက်သို့ ပြောင်း၍ ယူလိုက်ကာ တစ်ဖန် ဇယ်တစ်လုံးကို ရှေးနီးအတိုင်း အပေါ်သို့မြှောက်၍ အောက်ရှိဇယ်တစ်လုံးကို ကောက်ပြီးလျှင် ထိုကျလာသည့် ဇယ်ကို ဖမ်းယူရလေသည်။ ထိုသို့ အောက်ရှိ ဇယ်တစ်လုံးကို ကောက်ယူစဉ် အခြားဇယ်ကို မထိစေရချေ။ ထိလျှင် အရှုံးပေရသည်။ ထိုသို့ ဇယ်တစ်လုံးစီကို ကောက်ယူ၍ ပြီးလျှင် ဒုတိယ အကြိမ်တွင် ဇယ်နှစ်လုံးစီကို ကောက်ယူရလေသည်။ ဇယ်နှစ်လုံးစီကို ကောက်ယူပြီးသောအခါတွင် ဇယ်နှစ်လုံးကို တစ်ကြိမ်တွင် ကောက်ယူ၍ နောက်တစ်ကြိမ်တွင် ဇယ်လေးလုံးကို ကောက်ယူရလေသည်။ ထိုသို့ ကောက်ယူနိုင်ပြီးလျှင် ဇယ်ငါးလုံးကို တစ်ကြိမ်တွင် ကောက်ယူ၍ နောက်တစ်ကြိမ်တွင် ဇယ်တစ်လုံးကို ကောက်ယူရလေသည်။ ထိုနောက်ဇယ်ခြောက်လုံးကို တစ်ကြိမ်တည်းနှင့် ကောက်ယူရလေသည်။ ထိုသို့ ကောက်ယူနိုင်လျှင် ဇယ်သုံးလုံးကိုဖယ်၍ ကျန်ဇယ် လေးလုံးကို တစ်လုံးအား အပေါ်သို့မြှောက်၍ ကျန်သုံးလုံးကို မြေကြီး ပေါ်တွင် လက်တစ်ဘက်တည်းနှင့် စုထားပြီးလျှင် မြှောက်လိုက် သော ဇယ် မြေကြီးပေါ်သို့ မကျမီ မြေကြီးပေါ်၌ စုထားပြီးဖြစ်သည့် ဇယ်သုံးလုံးကို ကောက်ယူပြီးလျှင် မြှောက်လိုက်သော ဇယ်ကို မိအောင် ဖမ်းယူရလေသည်။ ထိုနည်းအတိုင်း သုံးကြိမ် ဇယ်မကျအောင် ဖမ်းယူရလေသည်။ ဇယ် ကောက်ယူရာတွင် အခြားဇယ်တစ်လုံးကို ထိ၍ ဖယ်ပေးရသည် ဖြစ်စေ၊ အောက်သို့ ပြန်ကျလာသော အခါဇယ်ကို မိအောင် မဖမ်းနိုင်၍ ဖယ်ပေးရသည် ဖြစ်စေ ထိုကစားသူ၏ အလှည့်သို့ ပြန်ရောက်လာသော အခါတွင် အစမှပင် ပြန်၍ စလုပ်ရလေသည်။ []


  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)