ဇရာ ဆိုသည်မှာ ဖြစ်ဖြစ်သမျှသော ခန္ဓာတို့၏ အိုမင်းမှည့်ရွှမ်း ဟောင်းနွမ်းဆွေးမြည့်ခြင်း အမှုသည် ဇရာမည်၏။ ပဋိသန္ဓေတည်နေမှု၏ အစွမ်းအားဖြင့် ဖြစ်ပေါ်လာသော ဥပပတ္တိဘဝကိုးပါး၏ အသစ်သဘောမှ ရွေ့လျောမှု၊ ပျိုသော သဘောမှ ပြောင်းလဲမှု ရင့်ရော်မှု၊ ဆုတ်ယုတ်မှုများသည်ပင်လျှင် "ဇရာ" မည်သည်။[၁][၂]

ဇရာအပြား ပြင်ဆင်ရန်

ကိုးပါးအပြား ပြင်ဆင်ရန်

ဇရာသည်လည်း ဇာတိကဲ့သို့ပင် ဥပပတ္တိဘဝကိုးပါးနှင့် ဝေဖန်၍ ကိုးမျိုးရ၏။ ၎င်းကိုးမျိုးတို့မှာ -

  1. ကာမဇရာ
  2. ရူပဇရာ
  3. အရူပဇရာ
  4. သညီဇရာ
  5. အသညီဇရာ
  6. နေဝသညီနာသညီဇရာ
  7. ဧကဝေါကာရဇရာ
  8. စတုဝေါကာရဇရာ
  9. ပဉ္စဝေါကာရဇရာ[၂]

နှစ်ပါးအပြား ပြင်ဆင်ရန်

တနည်းအားဖြင့် ဇရာသည် (၁) နာမ်ဇရာ (၂) ရုပ်ဇရာ ဟူ၍ နှစ်ပါးရှိသည်။ ထိုနှစ်ပါးတို့တွင် နာမ်ဇရာသည် ခဏိကဇရာ၊ သန္တတိဇရာဟူ၍ နှစ်ပါး ရှိပြန်သည်။ ထို့အတူပင် ရုပ်ဇရာသည်လည်း နှစ်ပါးရှိပြန်သည်။

ထိုဇရာနှစ်မျိုးတို့တွင် ရုပ်နာမ်တို့၏ ခဏိကဇရာသည် မထင်ရှားပေ။ သန္တတိဇရာသည်သာလျှင် ထင်ရှားသည်။ ထင်ရှားသည့် သန္တတိဇရာကို မြင်၍ မထင်ရှားသည့် ခဏိကဇရာ၏ တည်ရှိနေမှုကိုလည်း သိနိုင်သည်။ ခဏိကဇရာဆိုသည်မှာ ရုပ်နာမ်တို့၏ ဥပါဒ်အဖြစ်မှ လွန်၍ ဋ္ဌီအဖြစ်၍ တည်နေဆဲကိုပင် ဆိုလိုသည်။ ခဏိကဇရာသည် မြတ်စွာဘုရားတို့၏ ဉာဏ်တော်အရာသာ ဖြစ်သည်။ သန္တတိဇရာဆိုသည်မှာ တစ်စဉ်တစ်စဉ် တစ်သုတ်တစ်သုတ် ဖြစ်ကြကုန်သော ရုပ်နာမ်တို့၏ အားယုတ်မှု ရင့်ရော်မှုကို ဆိုသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. လယ်တီဆရာတော် (အောက်တိုဘာလ ၁၉၈၀၊ သာသနာ ၂၅၂၄၊ ကောဇာ ၁၃၄၂)။ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ပြုစုတော်မူသော ဥတ္တမပုရိသဒီပနီ။ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ သာနာရေးဦးစီးဌာန။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. ၂.၀ ၂.၁ ၂.၂ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။