စာရေးဆရာ ကျော်အောင် က Zlata Filipovic ရေးသားသည့် Zlatas Diaryကို ဘာသာပြန်ဆို ထားခြင်း ဖြစ်သည်။ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ဘော့စနီးယား ပြည်တွင်းစစ်ပွဲ တွင် ဇလာတာ ဆိုသူ ၁၃ နှစ် သမီးလေး ရေးသားခဲ့သည့် ဒိုင်ယာရီ မှတ်တမ်း အကြောင်းဖြစ်သည်။ ပြည်တွင်းစစ်ကြောင့် ဆာရာယေဗိုမှာ မြို့ပျက်ကြီး ဖြစ်လာပြီး ကျီးလန့်စာ စားနေရပုံ၊ အချို့မှာ မနေရဲတော့ဘဲ မြို့ကို စွန့်ခွာ ထွက်ပြေးခဲ့ကြပုံ၊ စစ်၏ အနိဋ္ဌာရုံများ၊ သူ၏ သူငယ်ချင်းများ နှင့် ကွဲရပုံ၊ အချို့ သေဆုံးခဲ့ရပုံများ၊ စစ်အတွင်း အသက်ရှင် နေထိုင်ရေး အတွက် ရုန်းကန် လှုပ်ရှားခဲ့ရမှုများ အပါအဝင် စစ်အတွင်း သူ၏ ခံစားမှုများ ကို ပီပီပြင်ပြင် ဖော်ပြထားသည်။ မူရင်းစာအုပ် သည် ကမ္ဘာကျော်ခဲ့ပြီး တရုတ်ဘာသာပြင်သစ်ဘာသာ များသို့ ဘာသာပြန်ဆိုခြင်း ခံခဲ့ရသည်။