ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ပထမဆုံးဖြစ်သော သာသနာတော်ဆိုင်ရာ ဇဝန ဗုဒ္ဓအကယ်ဒမီကို ဒက္ခိဏာရုံ(မဟာဒွါရ) စာသင်တိုက်၏ ဦးစီး ပဓာန နာယကဆရာတော် ဘဒ္ဒန္တဇဝနဝံသမဟာထေရ်၏ ဩဝါဒကို ခံယူလျက် မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်နေ့ ၂၀၁၈ခုနှစ်၊ မေလ(၂၉)ရက်တွင် စတင်တည်ထောင်ပြီး သင်ကြားစီမံရေးရာများကို မန္တလေး-ရန်ကုန် ဗုဒ္ဓတက္ကသိုလ်မှစေလွှတ်သော ကထိကများမှ တာဝန်ယူသင်ကြားပေးပါသည်။

ဇဝနဗုဒ္ဓအကယ်ဒမီသည် မန္တလေး-ရန်ကုန် ဗုဒ္ဓတက္ကသိုလ်၏ ပညာရေးဌာနခွဲလည်းဖြစ်သည်။

ပထမကြီးတန်းအောင်မြင်ထားသူများနှင့် မအောင်မြင်ထားသူဟူ၍ သင်တန်းကို နှစ်မျိုးခွဲခြားမည်ဖြစ်သည်။

ဒီပလိုမာတန်းများ ၊ B.A, M.A တန်းများအားလုံးကို ပထမပိုင်း၌ နှစ်စဉ် နတ်တော်လပြည့်ကျော် (၁)ရက်မှ စတင်ဖွင့်လှစ်၍ ဒုတိယပိုင်း၌ နယုန်လဆန်း (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ပါမည်။

တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့တွင် စာမေးပွဲများကို ကျင်းပပါမည်။ လူပုဂ္ဂိုလ်များလည်း တက်ရောက် သင်ကြားနိုင်သည်။

အင်္ဂလိပ်စာအရည်အချင်းဖြည့်ဆည်းလိုသော ရဟန်းနှင့် လူဂ္ဂိုလ်များအတွက်လည်း အင်္ဂလိပ်စာသင်တန်းများဖွင့်လှစ်ထားသည်။

တက္ကသိုလ်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ပြင်ဆင်ရန်

(က) B.A, M.A ဘွဲ့ရ ရဟန်းတော်များကို မွေးထုတ်ပေးရန်။

(ခ) ထိုဘွဲ့ရ ရဟန်းတော်များက ဦးစီး၍ အခြားမြို့များ၌ ကာလရှည် သာသနာပြုသင်တန်းများကို မအောင်သေးသည့် ရဟန်းရှင်လူ သီလရှင်တို့အား သင်ကြားပေးရန်၊

(ဂ) ထိုဘွဲ့ရ ရဟန်းတော်များ ဦးစီး၍ အမြို့မြို့အနယ်နယ်တွင် ကာလတို သာသနာပြုသင်တန်းများကို ဖွင့်လှစ်၍ ဗုဒဘာသာနှင့် အင်္ဂလိပ်စာတို့ကို လူပုဂ္ဂိုလ်များအားသင်ကြားပေးရန်။

(ဃ) ဗုဒ္ဓဓမ္မများကို ကောင်းစွာတတ်ကျွမ်းပြီး တူညီသော ရည်ရွယ်ချက်ဖြင့် ဆရာဒကာလက်တွဲ၍ ဗုဒ္ဓသာသနာတိုးတက်ပြန့်ပွားရေးကို စုပေါင်းလုပ်ဆောင်ရန်။

(င) ဤသို့ လက်တွဲ၍ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် တည်ငြိမ်အေးချမ်းသာယာသည့် စံပြမြန်မာနိုင်တော်ကြီးဖြစ်လာစေရန် ရည်ရွယ်ပါသည်။