ဇာတိပ္ဖိုလ်
ဇာတိပ္ဖိုလ်ပင်သည် 'မိုင်ရစ္စတီကေစီအီး' မျိုးရင်းဝင်ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ 'မိုင်ရစ္စ တစ်ကာ ဖရက်ဂရင်း'ဟူ၍ ဖြစ်သည်။ ထိုအပင်၏ ပင်စည်သည်ဖြောင့်၍၊ အကိုင်းများသည် အပင်၏ အောက်ခြေလောက်ဆီမှစ၍ ထွက်သည်။ မလ္လာယု ကျွန်းဆွယ်သည် ထိုအပင်၏ မူလပေါက်ရာ ဒေသဖြစ်သည်။ ဇာတိပ္ဖိုလ်ပင်ကို အရှေ့နှင့် အနောက် အိန္ဒိယကျွန်းစု၊ ဘရာဇီး၊ သီဟိုဠ်၊ အိန္ဒိယနိုင်ငံတို့တွင် အောင်မြင်စွာ စိုက်ပျိုးလျက်ရှိကြသည်။ [၁]
ဇာတိပ္ဖိုလ် Nutmeg | |
---|---|
Myristica fragrans | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
(unranked): | |
(unranked): | Magnoliids
|
မျိုးစဉ်: | Magnoliales
|
မျိုးရင်း: | Myristicaceae
|
မျိုးစု: | Myristica Gronov.
|
Species | |
See text |
ပုံသဏ္ဌာန်
ပြင်ဆင်ရန်အလေ့ကျပေါက်သည့် ဇာတိပ္ဖိုလ်ပင်၏ အမြင့်သည် ပေ ၆ဝ ရှိသည်။ စိုက်ပျိုးယူသည့် ဇာတိပ္ဖိုလ်ပင်သည် ပေ ၃ဝ အထိမြင့်၍၊ သားရေကဲ့သို့ မာကျော ပျဉ်းတွဲလျက် မွေးကြိုင်သော အမြဲစိမ်းရွက်လွှဲများ ရှိသည်။ အရွက်များသည် ရှည်၍ ချွန်သည်။ အကြောများကိုလည်း ထင်ရှားစွာ မြင်နိုင်၏။ အကိုင်းများစွာဖြာထွက်သည်။ အခေါက် ညိုမည်းမည်းအရောင်ရှိသည်။ အဖိုပင် ၊ အမပင်နှင့် အဖိုအမ နှစ်မျိုးပါသော အပင်ဟူ၍ ရှိ၏။ အရွက် ရွက်လွှဲထွက်သည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းဝိုင်း သို့မဟုတ် အနည်းငယ်သွယ်သည်။ ရွက်ပြား သားရေကဲ့သို့ မာကျော ပျဉ်းတွဲပြီး မွှေးကြိုင်သောအနံ့ရှိ၏။ ရွက်နားညီသည်။ အပွင့် အဝါဖျော့ရောင် အပွင့်ငယ်များ အခိုင်လိုက် ပွင့်သည်။ အသီး အညိုရောင်ရှိပြီး အသီးဆံမှာ ဘဲဥပုံဖြစ်လျက် ပါးလွှာ၍ ကြွပ်ဆတ်သော အခွံရှိသည်။ အပင် အသက် ၈ နှစ်တွင် အသီးစ၍ သီးသည်။ အသက် ၂၅ နှစ်တွင် အသီးအများဆုံးသီးပြီးနောက် အသက် ၃၅ နှစ်မျှတိုင်အောင် အသီးနှင့် အပွင့်များ ဆက်၍သီးပွင့်သည်။ အသီးများ မှည့်လာသောအခါ ရွှေဝါရောင်ပေါက်၍ တောက်ပသည်။ အဝါဖျော့ရောင် အပွင့်ငယ်များသည်လည်း အခိုင်လိုက် ငိုက်လျက် ပွင့်ကြသည်။ အသီးမှည့်သောအခါ၊ အသားများသည့်အပိုင်းသည် အတော်မာလာ၏။ နောက်ဆုံး၌ ထိပ်ပိုင်းမှ ကွဲလာပြီး လျှင် တောက်ပသည့်ကြက်သွေးရောင် အမြှေးများကိုမြင်ရသည်။ ထိုအမြှေးများသည် ရာဇမတ်ကွက်ကဲ့သို့ ဖြစ်နေသည်။ ဇာတိပ္ဖိုလ်ပင်သည် တစ်နှစ် တစ်နှစ်လျှင် အသီးပေါင်း ၁၅ဝဝမှ ၂ဝဝဝ ထိ သီးလေ့ရှိသည်။ အစေ့ကို ဇာပွင့် ဖြင့် ဖုံးအုပ်ထားသည်။ အပွင့် ပွင့်၍ ၆-၈ လခန့် အကြာတွင် အသီးရင့်မှည့်၍ အက်ကွဲသည်။
တွေ့နိုင်သောနေရာများ
ပြင်ဆင်ရန်စိုက်ပျိုးပင် ဖြစ်သည်။ ပူပြင်းစွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ အကောင်းဆုံးမှာ ပင်လယ်ကမ်းခြေအနီး ချိုင့်ဝှမ်းနေရာများဖြစ်သည်။ အလွန်ခြောက် သွေ့သော လမျိုးမရှိဘဲ မိုးရေချိန် ၇၀ လက်မနှင့် အထက် ရှိပြီး တစ်နှစ်ပတ်လုံး မိုးရွာသွန်းသော ဒေသမျိုး၌ ဖြစ်ထွန်းသည်။ စင်ကာပူမြို့ သည် ဇာတိပ္ဖိုလ်သီးအများဆုံး ထုတ်ဝေရောင်းချသော မြို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြိတ်နှင့် မော်လမြိုင်မြို့များ၌ အောင်မြင်စွာစိုက်ပျိုးနိုင်ကြသည်။ သို့သော် နိုင်ငံခြားမှတင်သွင်းသည့် ဇာတိပ္ဖိုလ်သီးများကို ဈေးပေါပေါနှင့် ရောင်းချနိုင်သဖြင့် ဇာတိပ္ဖိုလ်ပင်စိုက်ပျိုးခြင်းသည် အောင်မြင်ပုံမပေါ်ချေ။ ဇာတိပ္ဖိုလ်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် လည်းကောင်း၊ သောက်ဆေး ဖော်စပ်ရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။
စိုက်ပျိုးနည်း
ပြင်ဆင်ရန်မြေအမျိုးအစား
ပြင်ဆင်ရန်ရေမဝပ်သည့် နုန်းမြေသားမျိုးဖြစ်ပြီး ရေစီး ရေလာကောင်းသော မြေမျိုးဖြစ်ရမည်။
ပျိုးထောင်ခြင်း
ပြင်ဆင်ရန်ပျိုးထောင်ခြင်းပြီးမှ စိုက်ရမည်။ အစေ့များကို အဖုံးပါသော ပျိုးသေတ္တာ သို့မဟုတ် အရိပ်ရသည့် ပြုပြင်ထားသော ပျိုးခင်းများတွင် အသီး စုဆောင်းပြီးလျှင် ပြီးချင်း ပျိုးရပါမည်။ အသီးများကို တာရှည်စွာ သိုလှောင် ထားခြင်း မပြုရပါ။ သဲတဆ မြေဆွေး ၂ ဆ ရောထားသည့်မြေတွင် မျိုးစေ့ကို ၁၂ လက်မစီ ခြားပြီး တစ်ခြမ်းစောင်း၍ ချရမည်။ အပေါ်မှ သဲနုနု ၁ လက်မခန့် ဖုံးထား၍ ရေအမြဲစိုနေအောင် ဂရုစိုက်လောင်းပေးရမည်။ ၆ လခန့် အကြာတွင် ဝါးဆစ် သို့မဟုတ် ပလတ်စတစ်အိတ်များတွင် တစ်ပင်စီ ပြောင်း၍ စိုက်ပေးရမည်။ နောက်ထပ် ၆ လခန့် အကြာ အမြင့် ၁ ပေ ရှိ တစ်နှစ်သားအရွယ် ပျိုးပင်ကလေးများအား မြေချစိုက်နိုင်သည်။ မျိုးစေ့များကို ပျိုးထောင်၍ ရယူခြင်းမှာ အဖိုပင်များ ဖြစ်တတ်၍ အမပင်အဖြစ် သေချာစေရန် အကိုင်းချင်းယှဉ်ပူးဆက်နည်းကို သုံးနိုင်သည်။(အစေ့များသည် မာကျောသော အခွံဖြင့် ဖုံးအုပ်လျက်ရှိသောကြောင့် အပင်ပေါက်ရေးတွင် နှောင့်နှေး၍ ပျက်စီးတတ်သည်။ ဇာတိပ္ဖိုလ်သီးကို အပင်ပေါက်မြန်စေရန်အတွက် ၂ ရက်ခန့် နေလှန်းပြီးအခွံကို အနည်းငယ်ပါးသွားအောင် သွေး၍လည်းကောင်း ၊အခွံကို အတွင်းဆံမနာစေဘဲ ခွဲ၍လည်းကောင်း စိုက်ပျိုးခြင်းဖြင့် လျင်မြန်စွာ အပင်ပေါက်ပြီး အပင်ပေါက်ရာခိုင်နှုန်းလည်း ကောင်း၏။)
စိုက်ပျိုးခြင်း
ပြင်ဆင်ရန်၈ လမှ တစ်နှစ်သား အရွယ်ရှိ ပျိုးပင်များကို စိုက်ခင်းတွင် တစ်ကျင်းနှင့်တစ်ကျင်း မြေအနေအထားလိုက်၍ ၂၄ ပေ မှ ၃၀ ပေ ၊ အကွာ ၂ ပေ၊ အနက် ၂ ပေ အကျယ်တူးပြီး မြေဆွေး ၃၀ ရာခိုင်နှုန်း ရောစပ်ထည့်သွင်းပြီး တစ်ကျင်းလျှင် တစ်ပင်နှုန်း စိုက်ရမည်။
ပြုစုဂရုစိုက်ခြင်း
ပြင်ဆင်ရန်ဇာတိပ္ဖိုလ် ပင်များသည် အပင်ငယ်စဉ်တွင် နေရောင်တိုက်ရိုက်ကျခြင်းကို မခံနိုင်သည့်အတွက် အရိပ်ပင်ကြီးများ စိုက်ပေးရမည်။ ငယ်စဉ်တွင် အပူရှိန်ကို ကြောက်သော်လည်း အပင်ကြီးလာသောအခါ အလင်းရောင်နှင့် အပူရှိန်ကို နှစ်သက်သဖြင့် အရိပ်လွတ်အောင် ဆောင်ရွက်ပေးရမည်။
ဆွတ်ခူးခြင်း
ပြင်ဆင်ရန်၁၀-၁၂ နှစ်အရွယ်တွင် စတင်သီးသည်။ သီးချိန်မှာ နယုန် ၊ဝါခေါင်လ ဖြစ်သည်။ အသီးမှည့်သော အခါ နှစ်ခြမ်းကွဲ၍ အတွင်းမှ အစေ့ကြွေကျသွားသည်။ ၎င်း အစေ့ကို အရိပ်ထဲတွင် အခြောက်ခံခြင်းဖြင့် အစေ့ခွံနှင့် အစေ့ဆံကို ရသည်။ အစေ့ခွံကို ဖုံးထားသည့် အမြှေးကို ဇာပွင့် ဟုခေါ်သည်။ အရွယ်ရောက်က တစ်ပင်လျှင် ပျမ်းမျှအသီး ၂၀၀၀ မှ ၄၀၀၀ ခန့် သီးသည်။
အသုံးဝင်ပုံ
ပြင်ဆင်ရန်အာနိသင်
ပြင်ဆင်ရန်မြန်မာဆေးကျမ်းများ အလိုအရ ဇာတိပ္ဖိုလ်သည် ဖန် ၊ ခါး ၊ စပ်သော အရသာ ရှိ၏။ ပူသော ဂုဏ်သတ္တိရှိ၏။ ဝမ်းမီးတောက်စေ၏။ ကြေညက်လွယ်၏။ မွှေးကြိုင်၏။ အဆီသည် ဝမ်းမီးကို တောက်စေ၏။ အားတိုးစေ၏။ အဖျားရောဂါကို ထိရောက်စွာ ပျောက်စေ၏။ အသီးများကို စုဆောင်းပြီးသောအခါ၊ အသားများသည့် အခွံကိုခွာလိုက်ရသည်။ ထိုနောက် အကာကိုခွါယူ၍၊ အခြောက် လှန်းသည်။ ထိုအကာကိုပင် ဇာတိပ္ဖိုလ်ပွင့်ဟု ခေါ်မှတ်မှား တတ်ကြသည်။ အစေ့၏ အခွံကို ခွဲလိုက်သောအခါ မာသည့် အဆန်ကိုရသည်။ ဇာတိပ္ဖိုလ်သီးသည် ဘဲဥပုံရှိ၍ တစ်လက်မ ခန့်ရှည်သည်။ ယင်း၌ မညီညာသော မြောင်းများလည်းရှိသည်။ ဇာတိပ္ဖိုလ်သီးငယ်များမှ အဆီကို ထုတ်ယူကြသည်။
အစေ့ခွံ
ပြင်ဆင်ရန်- ဇာတိပ္ဖိုလ်ကို သွေး၍ ပျားရည်နှင့် စားပါက နှလုံးအားနည်းခြင်းကို ကောင်းစေပြီး ဒူလာ နှင့် အစေ့ဆံ သွေးဝမ်းရောဂါ ပျောက်စေသည်။
- ရေအေးနှင့်သွေး၍ သောက်ခြင်း ၊ တဖြည်းဖြည်းလျက်ခြင်း ၊ တစ်ကိုယ်လုံး လိမ်းနယ်ပေးခြင်းဖြင့် ကာလဝမ်းရောဂါ ပျောက်၏။
- နားရင်းရောင်ရောဂါဖြစ်စဉ်က ရောင်တင်းသော နေရာကို ရေနှင့် သွေးလိမ်းပေးခြင်းဖြင့် ပျောက်၏။
- ပျို့အန်သော ရောဂါဖြစ်လျှင် ရေအေးနှင့်သွေး၍ လျက်ခြင်းဖြင့် ပျောက်၏။
- တာရှည်စွာ အဆက်မပြတ်သွားသော ဝမ်းရောဂါ ၊ ဝမ်းမီးနုံ့ခြင်း ၊ အဖျဉ်ရောင်ခြင်း ၊ ထိုးအောင့်ခြင်းဖြစ်လျှင် ဇာတိပ္ဖိုလ်သီးကို စားခြင်းဖြင့် ပျောက်ကင်း၏။
- ဇာတိပ္ဖိုလ်ကို သုက်ထိန်းဆေး ၊ လိပ်ခေါင်းဆေး ဖော်စပ်ရာတွင် အသုံးပြု၏။
- ဇာတိပ္ဖိုလ်သီးကို သွေး၍ ဝက်ခြံပေါက်သည့်နေရာ၌ လိမ်းပေးက နုလျှင် ပိန်၍ ရင့်လျှင် အမြန်မှည့်ပြီး ပျောက်၏။
ဇာပွင့်
ပြင်ဆင်ရန်- ဇာပွင့် ကို ရှူဆေး သွေးဆေးများ ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြု၏။
- သွေးဆေး ၊ ဒူလာဆေး ၊ မီးယပ်ဆေး ၊ အားတိုးဆေး စသည့် ဆေးများဖော်စပ်ရာတွင် အရေးကြီးသော ဆေးမယ်အဖြစ် ထည့်သွင်း အသုံးပြုသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
- ↑ http://arogyamonline.com/commodity/materials/?raw=98[လင့်ခ်သေ]