ဇိကုပ်လို့ နတ်ပြည်တင် မြင့်တယ်ထင်လို့ ခုန်ချ

ဇိကုပ်လို့ နတ်ပြည်တင် မြင့်တယ်ထင်လို့ ခုန်ချ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

နတ်ပြည်သို့ မလိုက်လိုသူအား ဇိကို ကုပ်၍ နတ်ပြည်သို့ ဆွဲတင်ပေးသော်လည်း မြင့်သည်ထင်၍ ခုန်ချသည် ဆိုသကဲ့သို့ ကောင်းရာကောင်းကြောင်း အတင်းအကျပ် ဆွဲဆောင်၍ မြှင့်တင်ပေးသော်လည်း မြင့်ရာ၌ မနေနိုင်ဘဲ ပြန်ဆင်းသည်။ [၁]

မူလရင်းမြစ် ပြင်ဆင်ရန်

  • "ဇိကုပ်လို့ နတ်ပြည်တင် မြင့်တယ်ထင်လို့ ခုန်ချချင်သလား သမီးရဲ့။" [၁၂၉၁] ကဝိမှန်၊ ၄၊ ၁။ ၅၇။

ဆိုလိုရင်းတူညီသည့် အခြားစကားပုံ ပြင်ဆင်ရန်

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၈၀။