[၁] ဆွမ်းခံစား၍ အသက်မွေးခြင်းသည် ယုတ်ညံ့သော အသက်မွေးခြင်းဖြစ်ပုံ ဆဲရေးခံရပုံ၊ ကုလပုတ္တတို့သည် အကျိုးနှင့်စပ်သောအကြောင်း (အကြောင်းနှင့် စပ်သောအကျိုးထူး)ကိုစွဲ၍ ထိုအသက်မွေးမှုကို ပြုကြကုန်၏။ မင်းဘေး, ခိုးသူဘေး, ကြွေးမြီမဆပ်နိုင်ခြင်း၊ ကြွင်းသောဘေး အန္တရာယ် နှိပ်စက်ခြင်းနဲ့ အသက်မွေးရန်ခက်ခဲခြင်းဟူသော အကြောင်းတို့ကြောင့် ရဟန်းပြု သူများသည် အခြေအနေကြောင့် ရဟန်းပြုကြရခြင်းကြောင့် သဒ္ဓါပဗ္ဗဇိတမဟုတ်၊ ဘယာပဗ္ဗဇိတများ ဖြစ်ကြသည်။

ကုလပုတ္တများသည် ဆင်းရဲဒုက္ခကုန်ဆုံးရေးအတွက် ရဟန်း ပြုကြသည်။ ထိုကဲ့သို့ ရည်ရွယ်ချက်ကောင်းခဲ့သော်လည်း အဘိဇ္ဈာများခြင်း၊ ကာမဂုဏ်တို့၌ ပြင်းထန်စွာတပ်မက်ခြင်း၊ ဖောက်ပြန်သော စိတ်ရှိခြင်း၊ ပြစ်မှားလိုသော စိတ်အကြံ ရှိခြင်း သတိလွတ်ခြင်း၊ ပညာအဆင်အခြင်မရှိခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ စိတ်ပျံ့လွင့်ခြင်း၊ ဣန္ဒြေမစောင့်စည်းခြင်းဟူသော တရားတို့ဖြစ်နေသောရဟန်းသည် လူသေကောင်ကို မီးရှို့ရာ အသုံးပြုထားသဖြင့် အစွန်းနှစ်ဖက်၌ မီးလောင်ထားသော အလယ်၌ မစင်လိမ်းကျံပေနေသော ထင်း(ကုလား) တုံးသည် ရွာ၌ထင်းအဖြစ်လည်း သုံး၍မရ၊ တော၌လည်း အသုံးမကျသကဲ့သို့ လူ့စည်းစိမ်မှလည်း ဆုတ် ယုတ်၊ ရဟန်းပြုခြင်းအကျိုးမှလည်း ဆုံးရှုံးပျက်စီး၏ဟု ဘုရားရှင် ဟောတော်မူသည်ကို နာယူခဲ့ရကြောင်းကို ခုဇ္ဈတ္တုရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရာတို့အား ဟောကြားသည့်သုတ်။

အဋ္ဌကထာ၌ ဤသုတ်တော်ဖြစ်ပေါ်လာခဲ့ပုံ အဋ္ဌုပ္ပတ္တိနှင့်တကွ မှတ်သားဖွယ်ရာများကို အကျယ်ဖွင့်ဆို၍ ပြထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -ဣတိဝုတ်၊၂၅၅-၆။ ဣတိဝုတ်၊မြန်၊၂၄၀-၁။ ဣတိဝုတ်၊ဋ္ဌ၊၂၇၆-၉။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ ၃-တိကနိပါတ၊ ၅-ပဉ္စမဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ