ဇီးကွက်လောက်တော့ ငှက်တိုင်းလှ
ဇီးကွက်လောက်တော့ ငှက်တိုင်းလှ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ဇီးကွက်၏ အလှမျှလောက်ကား ငှက်တိုင်းတွင် ရှိသည်ဖြစ်သကဲ့သို့ သာမန်မျှလောက်သော အရည်အချင်းမျိုးကား လူတိုင်း၌ ရှိသည်ချည်း ဖြစ်သည်။ [၁]
မူလရင်းမြစ်
ပြင်ဆင်ရန်- "ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့၊ သည်လိုယုန်တော့ ချုံတိုင်းရှိရဲ့ စသည်ဖြင့် နှုတ်ခမ်းစူကာ ပါးစပ်ရွဲ့ကာ မျက်စောင့်ထိုးကာနှင့် ပြောဆိုကဲ့ရဲ့တတ်ခြင်းသည်..." ၁၃၁၄ ကိုယ်ကျင့်။ ၇၉။
ဆိုလိုရင်းတူညီသည့်အခြားစကားပုံ
ပြင်ဆင်ရန်- လင်းတလောက်တော့ ငှက်တိုင်းလှ နှင့်အတူတူဖြစ်သည်။