ဇုန်နယ်ဆိုင်ရာ ကောင်စီ
ဇုန်နယ်ဆိုင်ရာ ကောင်စီများသည် အကြံပေးကောင်စီများဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ပြည်နယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ပြည်နယ်များကို ဇုန်ကြီး ခြောက်ခုအဖြစ် အုပ်စုဖွဲ့ထားသည်။ ဇုန်နယ်ဆိုင်ရာ ကောင်စီ ငါးခုကို ၁၉၅၆ ပြည်နယ်များ ပြန်လည်စီမံရေး အက်ဥပဒေ အပိုင်း ၃ အရ ဖွဲ့စည်းခဲ့သည်။ အရှေ့မြောက်ဘက်ရှိ ပြည်နယ်များ၏ အထူးပြဿနာများကို ၁၉၇၁ အရှေ့မြောက်ပိုင်းကောင်စီ အက်ဥပဒေ အရ အရှေ့မြောက်ပိုင်း ဇုန်နယ်ဆိုင်ရာ ကောင်စီ အဖြစ် သီးခြား သတ်မှတ်ပြဋ္ဌာန်းထားသည်။[၁] လက်ရှိသတ်မှတ်ဖွဲ့စည်းထားသော ဇုန်နယ်ဆိုင်ရာ ကောင်စီများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၂]
- မြောက်ပိုင်း ဇုန်နယ်ဆိုင်ရာ ကောင်စီ တွင် ချန်ဒီဂါမြို့၊ ဒေလီမြို့၊ ဟာယနပြည်နယ်၊ ဟီမာချယ်ဒေသပြည်နယ်၊ ဂျမ်မူး နှင့် ကက်ရှမီးယားပြည်နယ်၊ ပန်ဂျပ်ပြည်နယ် နှင့် ရာဇဌာန်ပြည်နယ် တို့ ပါဝင်သည်။
- အရှေ့မြောက်ပိုင်း ဇုန်နယ်ဆိုင်ရာ ကောင်စီ တွင် အာသံပြည်နယ်၊ အာရန်နာချယ်ဒေသပြည်နယ်၊ မဏိပူရပြည်နယ်၊ မိဂါလယပြည်နယ်၊ မီဇိုရမ်ပြည်နယ်၊ နာဂလန်းပြည်နယ် နှင့် တြိပူရပြည်နယ်တို့ ပါဝင်သည်။ ဆစ်ကင်ပြည်နယ်သည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၂၃ တွင် ထုတ်ပြန်သော အရှေ့မြောက်ပိုင်းကောင်စီ (နောက်ဆက်တွဲ) အရ အရှေ့မြောက်ပိုင်း ဇုန်နယ်ဆိုင်ရာ ကောင်စီတွင် ပါဝင်လာခဲ့သည်။[၃]
- အလယ်ပိုင်း ဇုန်နယ်ဆိုင်ရာ ကောင်စီ တွင် ချဟာတစ်ဂါပြည်နယ်၊ မဇ္ဈဒေသ ပြည်နယ်၊ အက်ထရာခန်ပြည်နယ် နှင့် ဥတ္တရဒေသပြည်နယ် တို့ ပါဝင်သည်။
- အရှေ့ပိုင်း ဇုန်နယ်ဆိုင်ရာ ကောင်စီ တွင် ဘီဟာပြည်နယ်၊ ဂျဟာခန်ပြည်နယ်၊ ဩရိဿပြည်နယ် နှင့် အနောက်ဘင်္ဂလားပြည်နယ် တို့ ပါဝင်သည်။
- အနောက်ပိုင်း ဇုန်နယ်ဆိုင်ရာ ကောင်စီ တွင် ဒါဒရာနှင့် နာဂါဟဲဗာလီ၊ ဒါမန်နှင့် ဒီအူး၊ ဂိုအာပြည်နယ်၊ ဂူဂျာရတ်ပြည်နယ် နှင့် မဟာရဋ္ဌပြည်နယ် တို့ ပါဝင်သည်။
- တောင်ပိုင်း ဇုန်နယ်ဆိုင်ရာ ကောင်စီ တွင် အန်ဒရာဒေသပြည်နယ်၊ ကာနာတာကာပြည်နယ်၊ ကီရာလာပြည်နယ်၊ လက်ခ်ရှားဝိလ်၊ ပူဒူချယ်ရီ၊ မဒရပ်ပြည်နယ် နှင့် တယ်လန်ဂါနာပြည်နယ် တို့ ပါဝင်သည်။
- ကပ္ပလီကျွန်းနှင့် နီကိုဘားကျွန်းများ၊ လက်ခ်ရှားဝိလ် တို့သည် မည်သည့် ဇုန်နယ်ဆိုင်ရာကောင်စီအဖွဲ့တွင်မှ မပါဝင်သော်လည်း[၄] ယင်းတို့ကို တောင်ပိုင်း ဇုန်နယ်ဆိုင်ရာ ကောင်စီတွင် ပါဝင်ရန် အထူး ဖိတ်ခေါ်ခြင်း ခံရသည်။[၅]
ကိုးကား
ပြင်ဆင်ရန်- ↑ Archived copy။ 15 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-03-25 တွင် ပြန်စစ်ပြီး။
- ↑ Archived copy။ 8 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-03-07 တွင် ပြန်စစ်ပြီး။
- ↑ Zonal Council |။ 12 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 March 2018 တွင် ပြန်စစ်ပြီး။
- ↑ THE STATES REORGANISATION ACT, 1956 (ACT NO.37 OF 1956) PART – III ZONES AND ZONAL COUNCILS (PDF)။ 27 December 2017 တွင် ပြန်စစ်ပြီး။
- ↑ PRESENT COMPOSITION OF THE SOUTHERN ZONAL COUNCIL (PDF)။ 27 December 2017 တွင် ပြန်စစ်ပြီး။