၁၉၈၃ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ

(၁) ရက် ပြင်ဆင်ရန်


(၂) ရက် ပြင်ဆင်ရန်

  • မဒရပ်မြို့တောင်ဘက် ၁၂၀ ကီလိုမီတာ(မိုင် ၇၀)အကွာရှိ တာပက်ခမ်မြို့တွင် အိန္ဒိယနိုင်ငံ၏ ပထမဆုံးပြည်တွင်း၌ ပုံစံထုတ်၍ တည်ဆောက်သော ညူကလီယာလျှပ်စစ် ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်။

(၃) ရက် ပြင်ဆင်ရန်


(၄) ရက် ပြင်ဆင်ရန်


(၅) ရက် ပြင်ဆင်ရန်


(၆) ရက် ပြင်ဆင်ရန်


(၇) ရက် ပြင်ဆင်ရန်

  • ချဲလင်ဂျာလွန်းပျံယာဉ်ဖြင့် အာကာသသို့ ပထမဦးဆုံး လိုက်ပါသွားသည့် ပုရွက်ဆိတ်အကောင်ရေ ၁၅၀ စလုံး ကမ္ဘာမြေပြင်သို့ ပြန်ဆင်းလာသည့်အခါ သေဆုံးနေသည်ကို တွေ့ရဟု သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ထုတ်ဖော်ပြောကြား။

(၈) ရက် ပြင်ဆင်ရန်


(၉) ရက် ပြင်ဆင်ရန်

  • ပီရူးတွင် လွန်ခဲ့သည့် ကိုးလအတွင်းက ရေလွှမ်းမိုးခြင်းနှင့် မိုးခေါင်ခြင်းစသော ရာသီဥတုဖောက်ပြန်မှုများကြောင့် လူပေါင်း ၂၃၃ ဦး သေဆုံးပြီး ဒေါ်လာ ၈၈၄ သန်းဖိုး ဆုံးရှုံးခဲ့ဟု ပီရူးအမျိုးသားစီမံကိန်းဌာနအကြီးအကဲက ပြော။

(၁၀) ရက် ပြင်ဆင်ရန်


(၁၁) ရက် ပြင်ဆင်ရန်

  • အီကွာဒိုလေကြောင်းမှ ဘိုးအင်း ၇၃၇ အမျိုးအစားလေယာဉ်တစင်းသည် အီကွာဒိုတောင်ပိုင်း စီယွန်ကာမြို့သို့ မဆင်းမီ မိနစ်အနည်းငယ်အလိုတွင် မြူများပိတ်ဖုံးနေသော တောင်ပေါ်သို့ ပျက်ကျသွားရာ လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၁၉ ဦးစလုံးသေဆုံး။

(၁၂) ရက် ပြင်ဆင်ရန်


(၁၃) ရက် ပြင်ဆင်ရန်

  • အဖွဲ့ဝင် ၂၁ ဦးပါဝင်သည့် ဝန်ကြီးအဖွဲ့ ခေါင်းဆောင် နီပေါ ဝန်ကြီးချုပ်သစ် လိုကင်ဒရာဘဟာဒူးချန်းသည် နီပေါဘုရင် ဘီရင်ဒရာ၏ ရှေ့မှောက်၌ ကျမ်းကျိန်။
  • တရုတ်၊ ယန်စီမြစ်တလျှောက်တွင် ရေအကြီးအကျယ်လွှမ်းမိုးခြင်းကြောင့် လူ ၉၀ ထက်မနည်း အသက်ဆုံးရှုံးရပြီး တရုတ်ပြည်အလယ်ပိုင်းတွင်လည်း လူရာပေါင်းများစွာ ဒဏ်ရာရရှိကြောင်း တာဝန်ရှိပုဂ္ဂိုလ်များက ပြော။

(၁၄) ရက် ပြင်ဆင်ရန်

  • ဂျီနီဗာငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပြင်သစ်ညူကလီယာလက်နက်များကိုပါ ထည့်သွင်းဆွေးနွေးရန် ကွန်မြူနစ်တို့ တောင်းဆိုချက်ကို ပြင်သစ်သမ္မတ ဖရွန်ဆွာမိတရွန်းက ပယ်ချ။

(၁၅) ရက် ပြင်ဆင်ရန်


(၁၆) ရက် ပြင်ဆင်ရန်


(၁၇) ရက် ပြင်ဆင်ရန်


(၁၈) ရက် ပြင်ဆင်ရန်


(၁၉) ရက် ပြင်ဆင်ရန်


(၂၀) ရက် ပြင်ဆင်ရန်

  • အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နှစ်နိုင်ငံစလုံးနှင့် သက်ဆိုင်သော တီစတာမြစ်ရေများ ခွဲဝေသုံးစွဲရေး သဘောတူညီချက်အသစ်တရပ်ကို ဒါကာတွင် လက်မှတ်ရေးထိုး

(၂၁) ရက် ပြင်ဆင်ရန်

  • ပိုလန်နိုင်ငံတွင် ၁၉ လကျော်ကြာ ပြဋ္ဌာန်းထားသည် စစ်အုပ်ချုပ်ရေးကို မနက်ဖြန်တွင် ပြန်လည်ရုပ်သိမ်းမည်ဟု ပိုလန်သမ္မတ ယာဘလွန်စကီးက ကြေညာ။

(၂၂) ရက် ပြင်ဆင်ရန်


(၂၃) ရက် ပြင်ဆင်ရန်


(၂၄) ရက် ပြင်ဆင်ရန်


(၂၅) ရက် ပြင်ဆင်ရန်

  • ၁၉၇၅ ခုနှစ် မေလမှ ၁၉၈၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ဂျပန်နိုင်ငံသို့ အင်ဒိုချိုင်းနား ဒုက္ခသည်ပေါင်း ၆,၆၁၁ ဦး ရောက်နေပြီဖြစ်ဟု ဂျပန်တရားရေးဝန်ကြီးဌာနက ကြေညာ။

(၂၆) ရက် ပြင်ဆင်ရန်


(၂၇) ရက် ပြင်ဆင်ရန်

  • ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ တက္ကသိုလ်ဆေးရုံမှ ဆရာဝန်အဖွဲ့တဖွဲ့သည် ကမ္ဘာပေါ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် အသက်နှစ်နှစ်အရွယ်ရှိ အမျိုးသမီးကလေးတဦးကို ခွဲစိတ်ကုသ၍ အသည်းအစားထိုးပေးလိုက်ကြောင်း ကြေညာ။

(၂၈) ရက် ပြင်ဆင်ရန်


(၂၉) ရက် ပြင်ဆင်ရန်

  • တောင်အမေရိကတိုက် ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ အနောက်တောင်ဘက် မိုင် ၁၈၀(ကီလိုမီတာ ၃၀၀)အကွာ အင်ဒီးစ်တောင်တန်းဒေသ၊ ဂါချာလာအရပ်တွင် တောင်ပြိုကျရာ လူ ၁၅၀ ခန့် မြေပိသေဆုံး။

(၃၀) ရက် ပြင်ဆင်ရန်

(၃၁) ရက် ပြင်ဆင်ရန်


ကိုးကား ပြင်ဆင်ရန်

လစဉ်ထုတ် နိုင်ငံတကာသတင်းစဉ် စက်တင်ဘာ ၁၉၈၃