ဇူးလူးလူမျိုးတို့သည် အာဖရိကတိုက် တောင်ပိုင်းရှိ ဇူးလူးလန်းနယ်၌ နေထိုင်ကြသော လူမျိုးများဖြစ်သည်။ ယင်းတို့ သည် ဗန်တူအနွယ်ဝင် ကပ္ပလီများဖြစ်ကြ၏။ အရပ်ရှည်၍ ကိုယ်လုံးကိုယ်ထည် တောင့်တင်းသည်။ သူတို့သည် ရွယ်ငယ် များတည်၍ နေထိုင်ကြရာ၊ ရွာတစ်ရွာတွင် သူကြီးတစ်ယောက် စီရှိ၏။ ထိုရွာသူကြီးမှာ တောင်အာဖရိကပြည်ထောင်စုအစိုးရ အား တာဝန်ခံရသူဖြစ်သည်။ ဇူးလူးလူမျိုးတို့သည် တဲကလေး များဖြင့် နေထိုင်ကြ၏။ သူတို့၏ တဲမှာ ပျားအုံသဏ္ဌာန်ရှိ၍၊ သူတို့ကိုယ်တိုင် သက်ငယ်၊ ဝါး၊ သစ်ကိုင်းခြောက်စသည်တို့ ဖြင့် ဆောက်လုပ်နေထိုင်ကြ၏။ ထိုတဲစုဖြင့် တည်ထားသော ရွာဝိုင်းကလေးများကို ကရားဟုခေါ်သည် တဲဝင်ပေါက်မှာ အလွန်ပင်နိမ့်သဖြင့် ကုန်း၍ဝင်ရသည်။ ဇူးလူးလူမျိုးတို့သည် သူတို့၏ ကျွဲနွားတိရစ္ဆာန်များကို ထိုကရားခေါ် တဲစုရွာထဲ၌ပင် ထားကြ၏။ လယ်ယာ စိုက်ပျိုးခြင်းနှင့် ကျွဲနွားမွေးမြူ ခြင်းမှာ ဇူးလူးလူမျိုးတို့၏ အဓိကလုပ်ငန်းဖြစ်သည်။

ဇူးလူးလူမျိုးများ

ဇူးလူးတို့သည် ခေါင်းဆောင်'ချာက'၏ ကြိုးပမ်းမှုကြောင့် ၁၉ ရာစုခေတ်ဦးလောက်ကစ၍ တောင်အာဖရိကတိုက် ဇန်ဇီဗါ နှင့် ဂွတ်ဒဟုပ်အငူတွင် တန်ခိုးကြီးမားလာကြလေသည်။ ၁၈၇၉ ခုနှစ်တွင် ဥလန်ဒီ နယ်၌ ဇူးလူးဘုရင် 'စက်တီဝေးယို' ခေါင်းဆောင်၍ ဗြိတိသျှတို့နှင့် တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် အရေးနိမ့် သဖြင့် ၁၈၈၇ ခုနှစ်တွင် ဗြိတိသျှတို့က ဇူးလူးလန်း ကို သိမ်းပိုက်လိုက်လေသည်။ ၁ဝ နှစ်မျှ ကြာသောအခါ ထို နယ်သည် ဗြိတိသျှကိုလိုနီဖြစ်သော နာတဲနယ် နာတဲပြည်နယ်တွင် တစ်စိတ် တစ်ဒေသ ပါဝင်လာလေ၏။

၁၉ဝ၆ ခုနှစ်တွင် ဇူးလူးတို့သည် ဥရောပလူဖြူများကို ခုခံပုန်ကန်ကြ ပြန်၏။ သို့သော်လည်း မအောင်မြင်ချေ။ ထိုအချိန်မှစ၍ ဇူးလူး တို့သည် ငြိမ်ဝပ်ပိပြားစွာနေထိုင်ကြလေသည်။ ဇူးလူးလူမျိုးများ ၏ နောက်ဆုံးဘုရင်မှာ စက်တီဝေးယို၏မြေဖြစ်၍၊ ၁၉၃၉ ခုနှစ်ကစ၍ ဘုရင်အဖြစ်စိုးစံခဲ့သူဖြစ်သည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)