ဇေဋ္ဌနက္ခတ် မှာ နဂါးချက်မဟုခေါ်၍ (၅) လုံးရှိ၏။ တနည်း ၅ လုံး၊ ၂ လုံး ကျောက်ပြင် (ပယောနဂါးချက်) နှင့် တူ၏။ ထိုနက္ခတ်ကို သိကြားမင်း အစိုးရကြောင်းဆိုသည်။ ဤနက္ခတ်သည် တံငါတာရာနှင့် ယှဉ်၍ သွား၏။[]

၁၈။ ဇေဋ္ဌ = ဇေဋ္ဌနက္ခတ်

ပြင်ဆင်ရန်

“ဇဋ္ဌော သူရာဓိပေါသက္ကော” အစရှိသည်ဖြင့် သိကြားမင်းဟု အဓိပ္ပာယ်ရသော ဇေဋ္ဌနက္ခတ်၏ ပရိယာယ်ကို ရာဇမတ္တဏ်ကျမ်းတွင် (၉) ပုဒ် ပြဆိုပါသည်။ အဘိဓာန်ဋီကာ ၌မူ-“သဗ္ဗသံ၊ ခပ်သိမ်းသော နက္ခတ်တို့ထက်။ ဂုဏောဟိ၊ ဂုဏ်ကျေးဇူးတို့ဖြင့်။ ဝုဍ္ဎတ္တာ၊ကြီးသည်၏ အဖြစ်ကြောင့်။ ဇေဋ္ဌော၊ ဇေဋ္ဌမည်၏”ဟု တွေ့ရပေသည်။

ရာဇမတ္တဏ်ကျမ်၌ ဇေဋ္ဌနက္ခတ်ကို သိကြားမင်း အစိုးရသည် စောင့်သည်ဆိုပေရာ ထိုနက္ခတ်၏ လုံးရေသင်္ချာနှင့် အဆင်းသဏ္ဌာန် ကျမ်းဂန်အချို့တွင် အောက်ပါအတိုင်း တွေ့ရပေသည်။

  • -ပေါတ္ထရသာဒိကျမ်း လုံးရေမပါ၊ ဒေါင်းရင်ဘတ်သဏ္ဌာန်။ ဆီးစောင်း လက်ပတ်မြစ်သဏ္ဌာန်။
  • -ဂြဟသျှန္တီ၊ လဃုသင်္ဂြဟကျမ်း (၃) လုံး၊ နားတောင်းသဏ္ဌာန်။
  • -အာကာသသုတ္တရကျမ်း (၂) လုံး၊ ကျောက်ပျဉ် သဏ္ဌာန်။
  • -သိင်္ဃဗေဒကျမ်း (၃) လုံး၊ သဏ္ဌာန်မပါ။
  • -သေနင်္ဂဗျူဟာကျမ်း (၃) လုံး၊ သဏ္ဌာန် မပါ။
  • -ကပ္ပဝဏ္ဏနာကျမ်း (၂) လုံး၊ မုယော သဏ္ဌာန်။
  • -ရွှေမင်ရေးပုရပိုက်ဖြူ (၅) လုံး၊ ဆိတ်ရုပ် သဏ္ဌာန်။

ဓမ္မတာမော်ကွန်း၊ မိုးလယ်လျံပတ်နှင့် မြင်းမိုရ်လက်တွင်ချီနက္ခတ် လင်္ကာတွင် နဂါးချက်မနှင့်တူကြောင်း ပြဆိုထားပါသည်။ []


  1. http://martikar.pikay.org/2012/10/blog-post_5851.html
  2. နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)