ဇော်ခင်(ရုပ်ရှင်သရုပ်ဆောင်)

မင်းသားကြီးဇော်ခင်ကို အဖဦးအုန်း၊ အမိဒေါ်မြရီတို့မှ ၁၃၀၁ခုနှစ်၊ တော်သလင်းလဆန်း ၆ရက်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၅ယောက်ရှိသည်။

ဒါရိုက်တာ ဦးကျော်သန်း၏ ချိန်းမိလေသောညဇာတ်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် စတင်ရိုက်ကူးခဲ့ပြီး နာမည်ကျော်ကြားခဲ့သည်။

ချိန်းမိလေသောည၊ ရေပွက်ပမာရုပ်ရှင်ဇာတ်ကားများသည် သူ့ဘဝအတွက် မှတ်မှတ်ထင်ထင်ရှိခဲ့သည်။

ရေပွက်ပမာတွင် အောက်ခံအင်္ကျီႌမပါဘဲ သားရေဂျာကင် ဝတ်ထားသော မင်းသားဇော်ခင်ပုံစံကို လူငယ်များ အတုယူကြ သည်အထိရေပန်းစားခဲ့ဖူးသည်။

ထို့ အပြင် ရှပ်အင်္ကျီႌကော်လံနောက် လှန်ထားသောသူ၏စတိုင်ကိုလည်း လူငယ်များ အတုယူခဲ့ကြသည်။

လူငယ်များအပေါ် ဩဇာကြီးမားသော မင်းသားတစ်လက်ဖြစ်ခဲ့ပြီး သူနှင့်တွဲဖက်ရိုက်ကူးခဲ့သူများမှာ ဒါရိုက်တာဦးကျော်သန်း၊ ဦးသန်းကျော်ဌေး၊ မင်းသား ကြီးဦးမြတ်လေး၊ဒေါ်ဝါဝါ ဝင်း ရွှေ၊ဒေါ်ခင်သန်းနု၊ ဖျာပုံမယ် တင်တင်အေးတို့ဖြစ်ကြသည်။

ဦးဇော်ခင် နောက်ဆုံးရိုက် ကူးခဲ့သောရုပ်ရှင်ကားကြီးမှာ မှော်ဝင်ကြိုးဖြစ်သည်။

ရုပ်ရှင် လောကနှင့် ကင်းကွာခဲ့သော်လည်း ရုပ်ရှင်ကို ချစ်မြတ်နိုးစိတ် အမြဲရှိပြီးရုပ်ရှင်နှင့် ပတ်သက်သော သူ့ဘဝအတွေ့အကြုံ များစွာကိုဆောင်းပါးများပြန် ရေးခဲ့သူဖြစ်သည်။

သူသည် ဘဝအနိမ့်၊အမြင့်လောကဓံ အထုအထောင်းကို ကြိမ်ဖန်များစွာ တွေ့ကြုံခဲ့ရသူဖြစ်သည်။

ရန်ကုန်မြို့၊ ရန်ကုန်သစ်ရပ်ကွက်၊ အမှတ်(၆)၊ အောင်ဇေယျ (၈)လမ်း၊ သုဝဏ္ဏနေအိမ်တွင် ဇနီး ဒေါ်ရီရီခင်နှင့် အတူနေထိုင်လျက်ရှိပြီး သားသမီးနှစ်ဦးကျန်ရစ်ခဲ့သည်။

ရုပ်ရှင်မင်းသားကြီး ဦးဇော်ခင် အသက် (၇၅)နှစ် သည် ၂၂-၁၁-၂၀၁၃(သောကြာနေ့) မွန်းလွဲ ၁၂း၁၅ နာရီတွင် နေအိမ်၌ ကွယ်လွန်သွားကြောင်းသိရသည်။ ။

ခရက်ဒစ်:ကြေးမှုံ