ဇော်ဇော်လတ် သည် မြန်မာနိုင်ငံသား နိုင်ငံရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သည်။[] သူသည် မြန်မာ့နွေဦးတော်လှန်ရေးတွင် မန္တလေးမြို့ ဆန္ဒပြခေါင်းဆောင်များထဲမှ တစ်ဦးအပါအဝင် ဖြစ်သည်။[][] သူသည် ၂၀၁၃ ခုနှစ်တွင် Thint Myat Lo Thu Myar (Peace Seekers and Multiculturalist Movement) အဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့ပြီး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။[]

ဇော်ဇော်လတ်

၂၀၁၅ ခုနှစ်တွင် အစိုးရမှ မတရားဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ထောင်ဒဏ် ၄ နှစ်ချခံခဲ့ရသည်။ [] ၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှုဖြစ်ပွားပြီး ရက်များမကြာမီတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကို မန္တလေးမြို့မှ ဦးဆောင်ပါဝင်ခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့တွင် အာဏာပိုင်များက ဇော်ဇော်လတ်အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။[]

Zaw Zaw Latt
  1. "Myanmar Daily Post-Coup Update: June 3"၊ The Irrawaddy၊ 2021-06-04။ 
  2. "Interfaith Activists Sentenced to Two Years Imprisonment With Hard Labor"၊ The Irrawaddy၊ February 26, 2016။ 
  3. "Interfaith Activists Sentenced To Two More Years In Prison" (in en)၊ The Irrawaddy၊ April 8, 2016။ 
  4. ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများကို အမြန်ဆုံးလွှတ်ပေးရန် Burma Campaing UK တောင်းဆို (၃၀ ဧပြီ ၂၀၁၆)။ ၃၀ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. "Interfaith peace advocates" (in my)၊ USCIRF၊ Jul 14, 2015။ 
  6. "ဝရမ်းထုတ်ခံရခြင်း" (in mm)၊ cincds၊ 03/09/2021။